ပတ်ထရစ်ရှာနဲ့ နမ်းတဲ့အခန်းကြောင့် ပရိသတ်တွေ သဝန်တိုနေကြပြီဆိုတဲ့ ဟိန်းမင်းသူ

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ရှိလာတဲ့ ဟိန်းမင်းသူရဲ့ ညာနေတုန်းပဲ(Lies) ဆိုတဲ့ အကြမ်းစား Music Video လေးကိုအားလုံးပဲ ကြည့်ပြီးကြပြီထင်ပါတယ်။ အခု Myanmar Celebrity နဲ့အင်တာဗျူးမှာတော့ အဲ့ဒီ Music Videoလေးထဲမှာ ပါဝင်ခဲ့တဲ့ ပတ်ထရစ်ရှာ နဲ့ အကြင်နာပေးတဲ့အခန်းကနေတစ်ဆင့် သူ့ဆီကို ရိုက်ခတ်လာတဲ့ ဖန်တွေရဲ့ခံစားချက်တွေကို ပြောပြသွားတာတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

ဟိန်းမင်းသူက “ ဟိန်းမင်းသူက အသည်းခွဲလိုက်ပြီဆိုပြီး ပြောကြတယ် ။အနုပညာမျက်လုံးနဲ့ပဲ ကြည့်ပေးပါလို့တော့ တောင်းပန်ထားတာပဲ ။ ကျနော်ကလည်း ကြားထဲမှာ တော်တော်လေးပျောက်သွားတယ် ပျောက်သွားပြီး ပြန်ပေါ်လာတဲ့အချိန်မှာ ဒီလို MTVကြီးဖြစ်သွားတော့ သူတို့ကတော်တော်လေး ဟိန်းမင်းသူအရမ်း အသည်းခွဲတယ်လို့ပြောကြတာပေါ့ ။ အဓိကကတော့ ကျနော့်အနုပညာဖန်တီးမှုတစ်ခု သက်သက်ပါပဲလို့ ။

နောက်ပိုင်းတွေလည်း ကျနော် ဒီလိုကွဲတဲ့ ဟာလေးတွေကိုလည်း ရိုက်ဖို့စီစဉ်ထားပါတယ် ။ အခုနောက်ပိုင်း MTVဆိုရင်လည်း ကိုယ်တိုင်ပဲ ရိုက်ဖြစ်မှာဖြစ်တဲ့အတွက် အများကြီးကို Idea တွေစဉ်းစားထားတယ် ပရိသတ်က အနုပညာကို အနုပညာမျက်လုံးနဲ့ကြည့်ပေးပါ လို့ စိတ်ဆိုးသွားတဲ့ပရိသတ်တွေ အကုန်လုံးကိုလည်း ဒီကနေ တောင်းပန်ပါတယ် ။ အားလုံးကိုကျေးဇူးလည်း အများကြီးတင်ပါတယ် ။

အခုလိုမျိုး ကျနော့်ကို ရင်ထဲမှာ အဓိကက ချစ်လို့မှ ကျနော့်ကို သဝန်တိုတာပေါ့ ။ မချစ်လို့ရှိရင် ဘာပဲနမ်းနေ နမ်းနေ ဘာပဲဖြစ်နေဖြစ်နေ ဂရုမစိုက်ကြဘူး အဓိကက ကိုယ့်ကိုချစ်လို့ ကိုယ့်ကို ရင်ထဲမှာရှိလို့ ကျနော်က သူတို့ရဲ့ရင်ထဲမှာရှိနေသေးတဲ့အတွက် ကျေးဇူးလည်း အများကြီးတင်တယ် ဆက်ပြီးတော့လည်းချစ်နေပေးပါ့ ဦးလို့ နောက်ဆိုလည်း ဆင်ခြင်ပါ့မယ်ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

အဲ့တာက လက်တွေ့ရိုက်တာဆိုပေမယ့် Slow ချလိုက်တဲ့အခါပိုပြီးတော့ Reality ပိုဆန်သွားတာပေါ့ အဓိကကတော့ အရမ်းကြီးလည်း ကျနော်တို့က နမ်းတာလည်းမဟုတ်ဘူး အဓိက ကျနော်တို့နမ်းလိုက်တဲ့အချိန်မှာ ပိုပြီးတော့ Deep ဖြစ်သွားတယ်လို့ခံစားရတယ် အဲ့ဒီလိုမျိုးပါ ။ ”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*