သုံးစွဲသူ​တွေရဲ့ညစ်ညမ်း​​​ကားကြည့်​ရှုတဲ့မှတ်​တမ်းကို စုံစမ်း​ထောက်​လှမ်း​နေတဲ့ Facebook နဲ့ Google

Facebook နဲ့ Google ဟာ သုံးစွဲသူ​တွေရဲ့ အပြာကားကြည့်​ရှုတဲ့မှတ်တမ်း​​ကို စုံစမ်း​ထောက်​လှမ်း​နေပြီး အချိန်​ပြည့်​​စောင့်​ကြည့်​မှတ်​တမ်းယူ​နေတယ်​လို့ သိရှိရပါတယ်​။ ဒါကို နယူး​ယောက်​တိုင်းမ်​သတင်းစာမှာ​ဖော်​ပြခဲ့တဲ့ ​လေ့လာမှုတစ်​ခုအရ သိရတာပါ။

ပညာရှင်​​တွေဟာ ညစ်ညမ်း​​​​ဝက်​ဘ်​ဆိုက်​​ပေါင်း ၂၂၄၈၄ ကို စုံစမ်း​လေ့လာကြည့်​ခဲ့ပါတယ်​။ ဒီအခါမှာ​တော့ သုံးစွဲသူ​တွေရဲ့ ကိုယ်​​ရေးမှတ်​တမ်းနဲ့ အချက်​အလက်​ ၉၃ ရာခိုင်​နှုန်း​အထိဟာ အလွဲသုံစားအလုပ်​ခံရပြီး ​ပေါက်​ကြား​နေတယ်​လို့ ​တွေ့ရှိခဲ့ကြပါတယ်​။

Google ကုမ္ပဏီဟာ ညစ်​ညမ်းဝက်​ဘ်​ဆိုက်​​အ​ရေအတွက်​ရဲ့ ၇၄ ရာခိုင်​နှုန်းမှာ သုံးစွဲသူ​တွေရဲ့အချက်​အလက်​ကို ​စောင့်​ကြည့်​မှတ်​တမ်းယူ​နေတာဖြစ်​ပြီး ​Facebook က​တော့ ၁၀ ရာခိုင်​နှုန်း​သော ညစ်ညမ်း​​ဝက်​ဘ်​ဆိုက်​​အ​ရေအတွက်​ထံက​နေ သုံးစွဲသူမှတ်​တမ်း​တွေကို ရယူ​နေတယ်​လို့သိရပါတယ်​။

နောက်​တစ်​ချက်​က​တော့ ကိုယ့်​ရဲ့ကွန်ပျူတာမှာ ကြည့်ရှုထားတဲ့ မှတ်​တမ်းမှတ်​ရာမကျန်​ရှိ​အောင်​ ​ဖျောက်​ဖျက်​​ပေးတဲ့ Incognito Mode ကိုအသုံးပြုပြီး ညစ်​ညမ်းဝက်​ဘ်​ဆိုက်​​တွေထဲ ဝင်​ကြည့်​ရင်​​တောင်​မှ သုံးစွဲသူ​တွေရဲ့ကြည့်​ရှုမှတ်​တမ်းနဲ့ အချက်​အလက်​​တွေဟာ Facebook နဲ့ Google ထံကို ​ပေါက်​ကြား​နေဆဲဖြစ်​တယ်​လို့ ပညာရှင်​​တွေကသုံးသပ်​ပြခဲ့ပါတယ်​။

ZAW

Be the first to comment

Leave a Reply

Your email address will not be published.


*