မြွေ​ကြောက်​တဲ့သူ​တွေ​တောင်​ ဆယ်​ခါပြန်​ချစ်​သွား​စေမယ့်​ ချစ်​စရာအ​ကောင်းဆုံး​မြွေ​လေးများ

ချစ်​စရာ​ကောင်းတယ်​ ဆိုတဲ့ နာမဝိ​သေသနနဲ့ ​မြွေနဲ့ကဘယ်​လိုမှမအပ်​စပ်​တာ အားလုံး​ကြောက်​ရွံ့ထိတ်​လန့်​​နေုကြတဲ့ ​မြွေရဲ့သွင်​ပြင်​သဏ္ဍာန်​​ကြောင့်​ပဲဖြစ်​ပါတယ်​။ တကယ်​​တော့ ဒီလို​ကြောက်​စရာ၊ လန့်​စရာ​ကောင်းပါတယ်​ဆိုတဲ့ ​မြွေ​တွေထဲမှာလည်း သိပ်​ပြီးချစ်​စရာ​ကောင်းပြီး အသည်းယားစရာ​ကောင်းတဲ့​မြွေ​တွေလဲ ရှိ​နေပါတယ်။ ဘယ်​လို​မြွေမျိုး​လေး​တွေလဲ စိတ်​ဝင်​စားဖို့​ကောင်းပါတယ်​​။ ကြည့်​လိုက်​ကြရ​အောင်​​နော်​။

နတ်​မြင်းရဲ့ တစ်​​ချောင်းတည်း​သောဦးချိုက ဒီ​မြွေ​လေးရဲ့​ခေါင်း​ပေါ်မှာ ဘယ်​လိုဖြစ်​ပြီး​ရောက်​လာပါလိမ့်​။ လက်​အငြိမ်​မ​နေတတ်​တဲ့သခင်​က ဦး​ထုပ်​တပ်​ပြီး​ဆောင်း​ပေးထားတာပဲဖြစ်​ပါတယ်​။

သိပ်ပြီးစိတ်​ချမ်းသာ​နေတဲ့ သခင်​နဲ့ သိပ်​ပြီး​ပျော်​ရွှင်​မြူးတူး​နေတဲ့ ​မြွေ​လေးတစ်​​ကောင်​ကိုတွဲမြင်​ရတာလဲ ကြည်​နူးစရာကြီးပါ​နော်​။ ချစ်​စရာအပြုံး​လေးကို ဒီ​မြွေ​လေးဘယ်​လို​တောင်​ပြုံး​နေတာပါလိမ့်​။

ရွှေဖရုံသီးနဲ့ စပ်​ကျထားတဲ့​မြွေများလားခင်​ဗျ….ဘယ်​လိုပဲဖြစ်​ဖြစ်​ ​ရွှေ​သားအ​ရောင်​​လေးနဲ့အ​တော်​​လေးကြည်​လို့​ကောင်းပါတယ်​။ အဲ…ကိုင်​ကြည့်​ဖို့အတွက်​ဆိုရင်​​ရော ရဲကြပါ့မလား။

ကမ္ဘာ​မြေ​ပေါ် ငြိမ်းချမ်း​ရေးနဲ့ချစ်​​မေတ္တတရားကို ဖြန့်​​ဝေ​ပေး​တော့မယ့်​ ​မြွေ​လေးတစ်​​ကောင်​ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ခရီးစိုက်​လို့လာပါပြီ။ ဒီ​နေရာမှာ ဒီ​မြွေမျိုး​လေးကိုအနီးကပ်​ကြည့်​​လေကြည့်​​လေ… အိမ်​​ခေါ်​မွေးထားချင်​စိတ်​​ပေါက်​​လေပါပဲ​နော့​။

လက်​ထပ်​လက်​စွပ်​ကွင်း​​လေးထဲ ဝင်​​ခွေ​နေတဲ့ ​မြွေ​သေး​သေး​လေးပဲဖြစ်​ပါတယ်​။ သိပ်​အသည်းယားဖို့​ကောင်းတယ်​ဆိုတာဒါမျိုးပါပဲ။ သူအိပ်​​ပျော်​​နေတာလားမသိဘူးရယ်​။

မြွေ​တွေက ကွန်​ပျူတာလိုမျိုးပူ​နွေး​နေတဲ့ ​နေရာမျိုးမှာ​နေရတာလဲကြိုက်​တတ်​ကြတယ်​တဲ့…ဗျာတို့​ရေ။ ​မြွေပါးကင်းပါး​ပေါတဲ့​နေရာမှာ လက်​ပ်​​တော့​လေးနဲ့​နေဖြစ်​ရင်​​တော့ သတိ​တော့ထားဦး​ပေါ့​လေ…​နော့။ အဟဲ…​ခြောက်​ကြည့်​တာပါလို့။

ZAW

Be the first to comment

Leave a Reply

Your email address will not be published.


*