Ro ခံနေရပေမယ့် စိတ်ဆင်းရဲစရာမရှိဘူးလို့ မထင်ပါနဲ့ဆိုတဲ့ နန်းဆုရတီစိုး

ပရိသတ်တွေဆီက အားပေးမှုကို သရုပ်ဆောင်ပိုင်းကနေရော အဆိုပိုင်းကနေရော ရရှိအောင်လုပ်ထားနိုင်တဲ့အပြင် ချစ်စဖွယ်အမူအရာမျက်နှာနဲ့ ပရိသတ်တွေကို ဖမ်းစားလာနိုင်တဲ့ နန်းဆုရတီစိုးကတော့ ဂျီဖက်နဲ့ အချစ်ရေးက အမြဲတမ်း Ro ခံနေရပေမယ့်လည်း စိတ်ဆင်းစရာတွေ စိတ်ညစ်စရာတွေမရှိဘူးလို့ မထင်လိုက်ပါနဲ့လို့ Cele 7 ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါ။

နန်းဆုရတီစိုးက “အမြဲတမ်းRo ခံရလို့ စိတ်ဆင်းရဲစရာ မရှိဘူးလို့ မထင်နဲ့ပေါ့နော် ဒါကတော့လေ အမြဲတမ်း ကတော့အဆင်ပြေနေမှာတော့မဟုတ်ဘူးလေ တစ်ခါတစ်လေ စိတ်ညစ်ရတာ စိတ်ဆိုးရတာ စိတ်ကောက်ရတာတွေ သဘောထားမတိုက်ဆိုင်တာတွေ အဆင်မပြေတာတွေကတော့ရှိတာပေါ့ ဘယ်Relationship မဆိုရှိပါတယ်။ အဲ့လိုအချိန်မျိုးမှာ ခံစားပြီးတော့ သီဆိုပါမယ် အဲ့လိုအချိန်တွေဆို လွမ်းရတဲ့အချိန်တွေလည်းရှိတယ် ဆွေးရတဲ့အချိန်တွေလည်းရှိတယ် စိတ်မကောင်းဖြစ်ရတဲ့အချိန်တွေလည်းရှိတယ် ဒေါသထွက်နေရတဲ့အချိန်တွေလည်းရှိတယ်။ အဲ့လိုမျိုး ခံစားချက်တွေနဲ့ တိုက်ဆိုင်နေတဲ့သီချင်းတွေကိုလည်း အသင့်ပြင်ဆင်ထားပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း “လတ်တလောကတော့ သီချင်းတွေ လုပ်နေတာပဲရှိပါတယ်။ လုပ်ထားပြီးသားလည်း နှစ်ပုဒ်သုံးပုဒ်လောက်ရှိတယ် ဘယ်လိုပုံစံမျိုးနဲ့ ထွက်ရမလဲဆိုတာကို စဉ်းစားနေတာပေါ့နော် အခုက မိုးတွင်းလည်းဖြစ်တယ်ဆိုတော့ မိုးတွင်းပြီးမှ ထွက်ရင်ကောင်းမလား မိုးတွင်းမှာပဲ နည်းနည်းဆွေးလို့ကောင်းမယ့်သီချင်း ထပ်ထုတ်ရင်ကောင်းမလား အများကြီးစဉ်းစားနေလို့ပါ။ နန်းဆုပရိသတ်ကကြတော့ သီချင်းအေးအေးလေးတွေ အလွမ်းအဆွေးလေးတွေ Pop ချိုချိုလေးတွေနဲ့ လိုက်တယ်လို့ ပြောပါတယ်ရှင့်။ နန်းဆုအဲ့ဟာလေးကို ပိုပြီးအသားပေးပြီးလုပ်သွားမယ် ဒါပေမဲ့ အခုထွက်မယ့်သီချင်းမှာ အချစ်သီချင်းတွေချည်းပဲ မဟုတ်ဘဲနဲ့ Feel လို့ကောင်းမယ့် သီချင်းမျိုး လွမ်းတာဆွေးတာမျိုး ပြီးတော့ ဘဝ နဲ့ဆိုင်တဲ့ သီချင်းမျိုးတွေလည်းပါပါတယ်။