Body Shaming လုပ်တာကိုလုံးဝလက်မခံဘူးဆိုတဲ့ နွယ်ဒါလီထွန်း

ကြွေရုပ်လေးတရုပ်လို လှပလွန်းနေတဲ့ မော်ဒယ် သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ သူမရဲ့ ပရိသတ်တွေအတွက် အမြဲလိုလို ရင်ဖိုစရာကးကောင်းတဲ့ ပုံလေးတွေ တင်ပေးနေကြ ဖြစ်ပါတယ်။ မတ်မတ် နွယ်ဒါလီထွန်းကတော့ လက်ရှိမှာ သူ့ရဲ့ပရိသတ်တွေအတွက်ရော ကိုယ်ကိုယ်တိုင် အတွက်ပါ Gym ဆော့နေပြီး Body shaming လုပ်တာကိုလည်း လုံးဝမကြိုက်ဘူးလို့ ပြောသွား ခဲ့ပါတယ်။

ဝိတ်ချလိုက်တာလား ဆိုတဲ့အပေါ်မှာတော့” ဝိတ်ချလိုက်တာ မဟုတ်ဘူးGymဆော့တာ အဓိကကိုယ် fit ဖြစ်ချင်တာရယ် ကျန်းမာချင်တာရယ် တော်ရုံတန်ရုံ ရာသီဥတုအပြောင်းလဲဖြစ်တဲ့အခါ မဖျားချင်မနာချင်လို့ အခုထဲကစပြီး ခန္ဓာ ကိုယ်ကိုကျန်းမာရေးကောင်းအောင် ဆိုပြီးဆော့ဖြစ်တာ ဒါပေမဲ့body beauty ဘက်ကြီး သက်သက်သွားတာမဟုတ်ဘူး ဒါပေမဲ့အခု Gym သုံးပတ်ရှိပြီနားလိုက်တာ နားလိုက်လို့ရှိရင် ဒါလီမှာအကျင့် တစ်ခုရှိတယ် သူများတွေကGymဆော့တာ ရပ်လိုက်ရင်ဝလာတယ် ဒါလီကျ Gym ရပ်လိုက်ရင်ဝုန်းခနဲကျသွားတယ် အဲ့လိုမျိုးဖြစ်တာ Gymဆော့တဲ့အချိန်ကျ ပုံမှန်စားဖြစ်တယ် အစားအသောက်ကို လေ့ကျင့်ခန်းလေးပုံမှန်လုပ်ဖြစ်တော့ သူနေရာလေးသူရှိလာတယ် အဲ့လိုမျိုး တင်းတင်းရင်းရင်းလေး ဖြစ်လာတယ် Gymဆော့တာရပ်လိုက်ရင် လူကလုံးဝပိန်ကျသွားရော အဲ့လိုဖြစ်နေတာ”

ဒီနှစ်နောက်ပိုင်းကျမှ ကိုယ်ကဗဟုသုတတွေ အများကြီးရလာတယ် အခုနောက်ပိုင်းဆို googleခေါက်လိုက်တာနဲ့သိတယ်လေ အဲ့လိုဆိုတော့ ကိုယ်သိချင်တာကိုရှာပြီးကြည့်ဖြစ်တော့ ဘယ်ဟာကကိုယ် ကျန်းမာရေးအတွက် အကျိုးရှိလဲဆိုတာသိသွားပြီးတော့မှ Gymတွေဘာတွေဆော့ဖြစ်ပြီး တကယ်ကျန်းမာရေး လိုက်စားဖြစ်တယ် ခန္ဓာကိုယ်လှတာမလှတာထက် အဓိကကကိုယ်ကျန်းမာရေးဘဲ ကျန်းမာနေမယ် အလုပ်လုပ်နိုင်မယ်ဆို ဒါကိုယ်အတွက်ကောင်းမယ်။

အာ့ကြောင်ပိန်တာဝတာတွေ Shaming တွေဘာတွေ လုပ်တာမကြိုက်ဘူး ကိုယ်ကိုတိုင်ကလဲမကြိုက်ဘူး ခံစားဘူးတဲ့အတွက် သူများကိုလဲကိုယ်ချင်းစာတယ် သူများကိုဘယ်တော့မှ မပြောဖြစ်အောင်နေတယ် ကိုယ်ကိုလာပြောရင် ဘယ်လိုစိတ်မကောင်းဖြစ်ရတယ် ဆိုတာသိတဲ့အခါကျတော့ ပြန်စဉ်းစားကြည့်ရင် ပိန်တာဝတာတွေ အဲ့လိုမျိုးလူတစ်ဖတ်သားကို Shaming လုပ်တာတွေကတစ်ဖတ်သားရဲ့ အားနည်းချက်ကို ပြောဆိုတာမျိုးဆိုရင် ဒါလုံးဝမကောင်းတဲ့ အချက်ပါဘဲ ခန္ဓာကိုယ်အပိုင်းမှ မဟုတ်ဘူးတစ်ခြားအရာတွေရော လူတစ်ယောက်က ဘယ်သူုဘဲဖြစ်ဖြစ် သူကိုကောင်းတယ်လှတယ်ဘဲ ပြောတာခံချင်တာလေ။

သူများအလှပြင်လာတာကို ဟယ်မလှဘူး နင်ကရုပ်ဆိုးလိုက်တာ အဲ့လိုမျိုးပြောရင် ဘယ်သုမှကြိုက်မှာမဟုတ်ဘူး မိန်းခလေးဘဲ ဖြစ်ဖြစ် ယောက်ျားလေး ဘဲဖြစ်ဖြစ်ကြိုက်မှာမဟုတ်ဘူး အဲ့တော့ ကိုယ်ကလဲဘယ်သုကိုဘဲ ဖြစ်ဖြစ်သုများအလှပြင်လာရင် ဟယ်လှလိုက်တာ အဲ့လိုမျိုးကောင်းတဲ့ ဘက်ကဘဲပြောပြီး ကောင်းတဲ့ဘက်ကိုဘဲ တွေးပေးတယ် အဲလိုဆိုပြောခံရတဲ့လူ ဘက်လဲကောင်းတယ် ကိုယ်ဘက်လဲ စိတ်ချမ်းသာတယ် နှစ်ဦးနှစ်ဖတ်လဲ ကောင်းတယ်ပေါ့နော် တုံ့ပြန်တာတော့မရှိဘူး ဒါလီက တော်ရုံတန်ရုံစိတ်ထဲမထားတက်ဘူး အဲ့လိုမျိုးတော့မရှိဘူး”

ပရိသတ်တွေအတွက် ပုံလေးတွေ တင်ပေးဖြစ်တာနဲ့ ပတ်သက်ပြီး “ဓာတ်ပုံကအဲ့လိုမျိုး ပုံမှန်ပေါ့ အဓိကကပရိတ်သက်ကလဲ ကိုယ် ဖေ့စ်ဘုတ်ကြည့်ပြီး ပုံမတင်တော့ဘူးဆိုရင် တစ်မျိုးထင်နေမှာဆိုးလို့် ပရိတ်သက်နဲ့အဆက်မပျက် ဖြစ်အောင်လို့ ကိုယ်ရှုတင်မှာကြုံတဲ့အခါဘဲဖြစ်ဖြစ် အပျော်တမ်းရိုက်တာဘဲဖြစ်ဖြစ် အာ့မျိုးဆိုရှိရင် အမြဲတမ်းသူတို့အတွက် ပုံလေးတွေ တင်ပေးဖြစ်တာပေါ့နော်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။