ခုခေတ်လူငယ်တွေက ဂိမ်းဆော့မယ် ဖွန်ကြောင်မယ် လိုင်သုံးမယ် ဆိုတာကြီးပဲလို့ ပြောလာတဲ့ သာဒီးလူ

ယောကျာ်းလေး ပရိသတ်တော်တော် များများရဲ့ အားပေးခြင်းကို ခံရပြီး စာသားတွေကို ခံစားချက်တွေနဲ့ အနစ်သာရ ဖြစ်အောင် ချပြတတ်တဲ့ အဆိုတော်သာဒီးလူကတော့ သူတို့ခေတ်နဲ့ ဒီဖက်ခေတ် ကွာခြားပုံတွေကို ပြောပြသွား ခဲ့ပါတယ်။ ထို့နောက် သာဒီးလူကတော့ သူတို့ခေတ်က အမှတ်တရလေးတွေနဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ ပုံစံတွေကို နှိုင်းယှဉ်ပြသွားပါသေးတယ်။

သူတို့ခေတ်နဲ့ ဒီဖက်ခေတ် ကွာခြားသွားပုံနဲ့ ပတ်သက်ပြီး သာဒီးလူကတော့ “အစ်ကိုတို့ခေတ်တုန်းက ပြောရရင်တော့ ၁၉၉၅ဆိုတဲ့အချိန်မှာ အစ်တို့ကခုနှနှစ် ရှစ်နှစ်လောက်ဘဲရှိအုံးမယ် အစ်ကိုတို့လူပျိုပေါက် ဖြစ်တဲ့အချိန်မှာ အစ်ကို အိမ်ကသီချင်းနားထောင်တာ မကြိုက်တော့ ခိုးပြီးနားထောင်ရတယ် အဲ့အချိန်မှာ စီဒီတွေပေါ်ပြီ ကိုယ်ကဝါသနာပါတော့ ကိုယ်တို့အသက်ဆယ်ခြောက်နှစ် လွန်ခဲ့တဲ့ ဆယ်ငါးနှစ်အချိန်ပေါ့ အဲ့တုန်းကဆို နားတွေဘာတွေ ဖောက်တာ အစ်ကိုအမေဆို နားဖောက်တာသိလဲသိရော စက်ဘီးစီးနေရင်း စက်ဘီးပေါ်ကခုန်ချတာ ဒါဆံပင်ရှည် ထားတာတော့ပြောမနေတော့ နဲနဲရှည်တာနဲ့ မညှပ်သေးဘူးလား ညှပ်တော့ဆိုတာနဲ့ ညှပ်ရပြန်ရော် အဲ့လိုပေါ့”

အမှတ်တရတွေနဲ့ ပတ်သက်ပြီး “အမှတ်တရအနေနဲ့က နငယ်နဂါးမှာအမောက်ထောင် ဆိုပြီး နဂါးပုံလေးကို လက်မောင်းမှာဘောပင်နဲ့ ဆွဲခဲ့တယ် ငါတစ်ချိန်ဒီပုံလေး တက်တူးထိုးမယ်ဆိုပြီး တကယ်လဲထိုးထားတယ် မကွေးကလူတွေထိုးပေးတာ ဒါတွေလုပ်ဖြစ်တယ် တက်တူးထိုးမယ် သီချင်းဆိုမယ် ဆံပင်ရှည်ထားမယ် အဲ့လိုလေးတွေ စိတ်ထဲမှာ ရှိခဲ့တယ် ဒါအမှတ်တရပေါ့”

ခုခေတ်လူငယ်တွေအပေါ် အမြင်က “အဲ့ဒါကတော့ 89နဲ့90မွေးတဲ့သူတွေဘဲသိမှာ အခုခေတ်လူငယ်တွေ မသိတော့ဘူး အခုခေတ်လူငယ်တွေက ဖုန်းသုံးမယ် chatting ထိုင်မယ် ဂိမ်းဆော့မယ် ဖွန်ကြောင်မယ်ပေါ့ အစ်ကိုတို့ခေတ်တုန်းက ဆယ်တန်းထိက တက်တူးထိုးမယ် ဆော့မယ် ထုပ်စီးတိုးကြမယ် ထွေတွေပြစ်ကျ အဲ့လိုမျိုးရှိတာကို ဒီဘက်ခေတ်ကတော့ တော်တော်ပြောင်းလဲသွားပါပြီ”

“စီဒီကတော့အဲ့တုန်းက အစ်ကိုတို့သီချင်းစနားထောင်တဲ့ အချိန်ကရှာရတာခက်တယ် ဘာလို့လဲဆိုတော့ စစပေါ်ပေါ်ချင်းဆိုတော့ နှစ်ထောင်နောက်ပိုင်း အချိန်ဆိုတော့ နောက်ပြီးစီးပွားရေးကလဲ အဆင်ပြေတဲ့လူ ရှိတယ် မပြေတဲ့လူရှိတယ်လေ အဲ့လိုဆိုတော့ စီဒီစက်တစ်ခုက သိန်းနီးပါရှိတယ် အရင်ကတစ်သိန်းက အခုချိန်ခြောက်သိန်းနီးနီးလောက်ရှိတယ် မဝယ်နိုင်ကျဘူး တိတ်ကိုလဲနားထောင်ဘူးတယ် စီဒီနဲ့တိတ်နဲ့ကြားမှာ ထူးဆန်းမှုတွေရှိတယ် အသံကွာလတီရော ဘာတွေရော ဒီဂျစ်တယ်တအားဖြစ်သွားတော့လေ ရယ်စရာကြီးပေါ့ ဒါကတော့ အခုအစ်ကိုသားတွေဆို သိမှာတောင်မဟုတ်ဘူး ပါးပါးတို့ ငယ်ငယ်က ဒီကတ်စက်နဲ့ နားထောင်တာ ဒါကတ်စက်ခွေ ဘယ်လိုဖွင့်ရတာလို့ပြောရင် သိမှာမဟုတ်ဘူး ပြောပြမှသိမှာပေါ့လေ အမှတ်တရပေါ့” ဆိုပြီးတော့ ရင်ဖွင့်ပြောကြားသွား ခဲ့ပါတယ်။