ဒစ္စ​နေးရုပ်​ရှင်​ဥယျာဉ်​ကို သွားလည်​ရင်​ အဓိက သိထားသင့်​တဲ့ လျှို့ဝှက်​ချက်​ ၅ ချက်

ဒစ္စ​နေးရုပ်​ရှင်​ချစ်​သူ​တွေအတွက်​ သိပ်​ပြီးရင်​ခုန်​စိတ်​လှုပ်​ရှားစရာဖြစ်​​စေတာက ဒစ္စ​နေးရုပ်​ရှင်​ဇာတ်​​ကောင်​​တွေပါ။ ဒစ္စ​နေးရုပ်​ရှင်​ထဲက ဇာတ်​​ကောင်​​တွေကို အပြင်​မှာတကယ်​မြင်​ရမယ်​ဆိုရင်​ က​လေး​တွေအတွက်​ ​မှော်​ဆန်​ဆန်​ပဲ ခံစားလှုပ်​ရှားရမယ်​ဆိုတာ ​သေချာပါတယ်​။ ဒီလိုခံစားမှု​တွေ​ပေးစွမ်းတဲ့ ဒစ္စ​နေးရုပ်​ရှင်​ဥယျာဉ်​ကို သွားလည်​တဲ့အခါ အဓိက သိထားသင့်​တဲ့ လျှို့ဝှက်​ချက်​ ၅ ချက်​ ကို အခုတင်​ဆက်​​ပေးလိုက်​ပါတယ်​။

ဒစ္စ​နေးအကျဉ်း​ထောင်

ဒစ္စ​နေးပန်းခြံ​ထဲမှာ ဒစ္စ​နေး ဒစ္စ​နေးအကျဉ်း​ထောင်​ ရှိပါတယ်​။ ပန်းခြံထဲ​ ​တော်​ရုံတန်​ရုံ​ ​ပျော်​ရွှင်​ရရုံ​လောက်​ မကြိုက်​တဲ့ ဧည့်သည်​​တွေနဲ့ ​​​လည်​ပတ်​သူ​တွေအတွက်​ အထူးခုံမင်​စရာတစ်​ခုပါပဲ။ ကိုယ့်​မိတ်​​ဆွေ​တွေကို ငါ ဒစ္စ​နေအကျဉ်း​ထောင်​ထဲ​သောင်းကျန်းခဲ့တယ်​လို့ ပြန်​ကြွားရရင်​ သိပ်​ဂုဏ်​ယူစရာပါ​ပေါ့ဗျာ။

တော်​ဝင်​ဂိုဏ်း

ဒစ္စ​နေး မင်းသား မင်းသမီး​တွေကို ဂိုဏ်းတစ်​ခုလိုဖွဲ့စည်း​ပေးထားတဲ့ ​နေရာ​လေးတစ်​ခုပါပဲ။ ဒစ္စ​နေးပရိသတ်​​တွေ​တော့ အ​ပျော်​ရွှင်​ဆုံး ဖြစ်​မှာပါ။ အဲ့ဒီက ​ကော်​ဖီဆိုင်​​လေးကလဲ အထက်​တန်း​ကျောင်းသားဘဝကို ပြန်​လွမ်းရ​​ဆွေး​ရ​အောင်​ ဖန်​တီးထားတာပါ။

စကားမ​ပြောတဲ့ Goofy ​တွေ

ဒစ္စ​နေးဇာတ်​​ကောင်​​တွေနဲ့ ဆုံ​တွေ့တဲ့အခါ သူတို့ကိုစကားသွား​ပြောလဲ ပြန်​​ပြောကြမယ်မှာမဟုတ်​ပါဘူး။ ကိုယ်​ကြိုက်​​သလို​မေးခွန်း​တွေကို​မေး၊ သူတို့ကပြန်​​ဖြေမှာမဟုတ်​ပါဘူး။ ဧည့်​သည်​ပရိသတ်​​တွေကို​တော့ ရင်းနှီးခင်​မင်​စွာနဲ့ ဖက်​လှဲတကင်း ​ပွေ့ဖက်​နှုတ်​ဆက်​​ပေးမှာ​တော့ အ​သေအချာပဲ​ပေါ့ဗျာ။

မျက်​မမြင်​အရုပ်​ကြီး​တွေ

တကယ်​​တော့ ဒီအရုပ်​ကြီး​တွေက ထွင်း​ဖောက်​မြင်​နိုင်​ပါတယ်​။ ဇာတ်​ရုပ်​​တွေလက်​ထဲ ကိုယ့်​က​လေးကို​ပေးလိုက်​မိရင်​ သတိ​လေး​တော့ထား​ပေးဖို့လိုပါတယ်​။

အတူတူ​ဆော့ကြမယ်

မှော်​ဆန်​ဆန်​ဝတ်​စုံကို ဝတ်​ထားလို့ က​လေး​လေး​တွေကသိပ်​ပြီးအံ့သြသွားကြမယ်​ဆိုတာ​တော့ အမှန်​ပါပဲ။ ဒီအချိန်​မှာ ဒီအရုပ်​ကြီး​တွေက ကေ​လး​တွေရဲ့တကယ်​ဟီးရိုး​တွေအ​နေနဲ့ စိတ်​လှုပ်​ရှား​စေမယ့်​အပြင်​ အတူတကွ​ဆော့ကစား​ပေးကြမှာပါ။

ZAW