မအေးသောင်းကို ငယ်ငယ်လေးတည်းက ကြိုက်ခဲ့သူပါဆိုတဲ့ ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါကနေ တက်လှမ်းလာတဲ့ အဆိုတော်တွေထဲမှာ ဖြိုးမြတ်အောင်လည်း တစ်ယောက်အပါအဝင်ပါ။ ဘာသာတရားလိုက်စားပြီး အနေအေးတဲ့သူမို့ အားပေးတဲ့ ပရိသတ်တွေ များပါတယ်။ ဖြိုးမြတ်အောင်က အဆိုပိုင်းမှာတင်မက သရုပ်ဆောင်အနေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မအေးသောင်းနဲ့ တွဲဖက်ပြီး လုံချည်ကြော်ငြာရိုက်ကူးနေတဲ့အပေါ် ဖြိုးမြတ်အောင်က ခုလို ပြောပြသွားပါတယ်။

“ဒီနေ့ ရှုတင်က မြန်မာလုံချည်ကြော်ငြာကို မအေးသောင်းနဲ့ ရိုက်တာ။ သူနဲ့ ရိုက်ရတဲ့ ဖီလင်က အရမ်းပျော်တာပေါ့နော်။ ကိုယ်အရမ်းကြိုက်ရတဲ့ အနုပညာရှင်ဆိုတော့ အရမ်းမိုက်တာပေါ့။” လို့ ဆိုပါတယ်။

ကလေးဘဝတည်းက သိခဲ့တဲ့ မအေးသောင်း အကြောင်းကို ဖြိုးမြတ်အောင်က ခုလို ပြောပြသွားပါတယ်။

“ကလေးဘဝတည်းက မအေးသောင်းကို သိတယ်။ နောက်ပိုင်းပျောက်သွားပြီးတော့ အေးသောင်းဆိုတဲ့ နာမည်နဲ့ ပေါ်လတာ။ ကလေးဘဝတုန်းကတော့ သိပ်မသိဘူးပေါ့နော်။ ခုနောက်ပိုင်းကြည့်ရတာကတော့ မြန်မာဆန်ဆန် ဝတ်တာလေးတွေ သတိထားမိတာ အရမ်းကြည့်ကောင်းပါတယ်။” လို့ ဆိုပါတယ်။

တစ်ကိုယ်တော် အခွေထွက်ဖို့ နှောင့်နှေးကြန့်ကြာမှုအပေါ် တောင်းပန်ပါတယ်ဆိုပြီး ပရိသတ်တွေကို မီဒီယာကတဆင့် ဖြိုးမြတ်အောင်က အသိပေးပြောကြားသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*