ကိုးတန်းနဲ့ အောင်မြင်တဲ့ Beauty Blogger ဖြစ်လာတဲ့ Teddy

မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Beauty Blogger အဖြစ်နဲ့ သတ်မှတ်ခြင်းခံထားရတဲ့ Beauty By Teddy ကတော့ Beauyt Blogger အလုပ်ကို လက်ရှိအချိန်မှာ ၉တန်းနဲ့ လုပ်နေတာဖြစ်ပြီး အသက်ကလည်း၁၄နှစ်ပဲ ရှိသေးတာကြောင့် Myanmar Youngest Beauty Blogger အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ သူ့အနေနဲ့ ကျောင်းသွားရင်လည်း မိတ်ကပ်လူးသွားတာများပေမယ့် ကျောင်းကလူတွေက အားပေးပေမယ့်တချို့ကတော့ အခြောက်ကြီး Gay ကြီးလို့ ဝေဖန်တယ်လို့ 8days နဲ့အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

Teddy က “လူတစ်ယောက်နဲ့တစ်ယောက်က ကိုယ့် Lifestyle ချင်းကလည်းမတူကြဘူး ကိုယ့်ဘာသာကျောင်းသွားတာပဲဖြစ်ဖြစ် အပြင်သွားတာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်လှအောင်လုပ်တာဆိုတော့ ကိုယ့်ဘာသာ မိတ်ကပ်လူးချင်လူးမယ် Skin Care လူးချင်လူးမယ်။ အဲ့အပေါ်မှာ နင်က မိတ်ကပ်လူးတယ်ခို့ပြောမယ်ဆိုရင်တော့ Teddy ကတော့ အေးဆေးပါ Teddy ကိုလာပြောရင်လည်း ပြောတယ် ဘာမှမဖြစ်ပါဘူး Teddy ကအေးဆေးပါ။

ကျောင်းသွားရင် Teddy တစ်ခါတစ်လေ ကိုယ့်Skinက အရမ်းကောင်းလို့ ညဘက်ဆိုSkin Careတွေဘာတွေ လုပ်ထားတယ် ပြီးရင် မနက်ကျရင် Skin လေးကကောင်းတယ်ဆိုရင်တော့ မိတ်ကပ်မလူးသွားဖြစ်ဘူး။ ဒါပေမဲ့အများစုကတော့ ကျောင်းသွားရင် လူးသွားပါတယ်။ Teddy ကကျတော့ ဒီကျောင်းမှာ သူငယ်တန်းကနေ အခုကိုးတန်းအထိ ဒီကျောင်းမှာပဲတက်ခဲ့တာဆိုတော့ အကုန်လုံးကအေးဆေးဖြစ်နေပြီ Teddy မိတ်ကပ်လူးသွားတာကို သူတို့က နင်က မိတ်ကပ်လူးတယ် နင်က Gay ကြီးလို့ဝိုင်းမပြောဘူး သူတို့ကလည်း Blogger အလုပ်လုပ်တာကိုသိတယ်။ သူတို့ကိုယ်တိုင်လည်း အားပေးတယ် ဆရာမတွေကိုယ်တိုင်က အားပေးတော့ အဆင်ပြေပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

Myanmar Youngest Beauty Blogger အဖြစ်သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး “အဲ့တာကကြတော့ Teddyတို့ Beauty industry ထဲမှာရှိတဲ့ Beauty Blogger တွေနဲ့ ပြီးရင်တခြား Brand ဘက်တွေကနေ Myanmar Youngest Beauty Blogger ဆိုပြီးတော့ Teddy ကိုပေးလိုက်တာပေါ့ အဲ့တာက ကိုယ်တိုင်လည်း အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ နေရာတစ်နေရာလည်းပေးတယ် ဒီအသက်အရွယ်လေးနဲ့ Beauty Industry ထဲက Blogger အကုန်ဆိုရင်လည်း Teddy ကို Welcome လုပ်တယ်ဆိုတော့ အရမ်းပဲ ပျော်ပါတယ်။ Brand တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ် Teddy ကိုအကုန်လုံးက Welcome လုပ်ပေးလို့ တကယ်ကိုကျေးဇူးတင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း “Teddy က ဒီ Social Media မှာတင် ဝေဖန်ခံရတာမဟုတ်ဘူး။ ဒီပတ်ဝန်းကျင်မှာဆိုရင်လည်း တချို့တွေဆို ဒီအလုပ်လုပ်တာဆိုရင် Teddyကို ဘာလို့လုပ်မှာလဲ နင်ကဘာလုပ်တတ်လို့လဲဆိုပြီးတော့ ဝိုင်းပြောတာတွေရှိတယ်။ ဒါပေမဲ့ အဲ့တာတွေကိုသာ ဂရုစိုက်နေမယ်ဆိုရင် Teddy ဒီနေ့ဒီအချိန်မှာ Teddy ဆိုပြီးတော့ ဆက်ပြီးရပ်တည်နိုင်မှာမဟုတ်ပါဘူး။ သူတို့ပြောတာကို အွန်း အေးဆေးပဲ သူတို့ပြောတာကို ဂရုသိပ်မစိုက်ခဲ့လို့လဲ Beauty By Teddy က Active ဖြစ်နိုင်ခဲ့တယ်။ အခုလိုလည်း Fan တွေအများကြီးရလာတယ်လို့လည်းထင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*