တော ကားတွေရိုက်ရင် ရေမွှေးဆွတ်စရာမလိုဘူးဆိုတဲ့ ဖွေးဖွေး

မတော်ဆမှုတစ်ခုကြောင့် ခွဲစိတ်ကုသမှုကိုခံယူခဲ့ပြီး ကာလအတန်ကြာအောင် ပရိသတ်တွေရှေ့ကနေ ဝေးကွာနေပေမယ့် အခုချိန်မှာ ပြန်ပြီး ခပ်စိပ်စိပ်ပြန်မြင်နေရပြီဖြစ်တဲ့ ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ဖွေးဖွေးက အကုန်သိမီဒီယာနဲ့ Myanmar Celebrity နဲ့မှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။

ဖွေးဖွေး က ဝိတ်လျော့ဖို့ကြိုးစားနေတဲ့အကြောင်းကို “ လိုချင်တဲ့ ဝိတ်ကိုတော့မရောက်သေးပါဘူး ။ ဖွေးက အရင်တုန်းကတော့ ဝတာကြိုက်တယ် ဒီနှစ်မှာ ကိုယ်လုံးလှလှလေးဖြစ်ချင်တယ် ကြိုးစားနေပါတယ်။ ကိုယ်ရိုက်မယ့်ကားတွေနဲ့လည်းဆိုင်ပါတယ် အခုကိုအောင်မြတ်နဲ့ရိုက်မယ့်ကားဆိုရင် ဒေါင်းနဲ့ဆိုတော့လူငယ် Romance လေးဆိုတော့ အဲ့ဒီကားလေးက ပိန်ပိန်လေးမှ လှမှာပေါ့နော် ။ ဒေါင်းနဲ့က အပြင်မှာတော့သိတယ် အပြင်မှာလည်း တွေ့ဖူးတယ် ဆာတိုရီကဆိုတော့ ကိုရဲတိုက်နဲ့ခင်သလိုပဲ သိပါတယ် သူနဲ့ လည်းရိုက်ရမယ်ဆိုတော့ ရင်တော့ခုန်ပါတယ်။ ပထမဆုံးရိုက်မှာဆိုတော့လေ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

နောက်ပြီး မွေးနေ့အမှတ်တရတွေကိုလည်း “ မွေးနေ့ဆိုရင်လည်း အေးအေးဆေးဆေးနဲ့ အလှူလေးတွေလုပ်ပြီး ဖြတ်သန်းချင်တယ် ။ မွေးနေ့ပွဲတွေဘာတွေ သိပ်မလုပ်တတ်ဘူး ဒီနှစ်ကတော့ ဖွေးအရမ်းစိတ်တိုင်းကျပြီး စိတ်ချမ်းသာခဲ့ရတဲ့မွေးနေ့လေးပါ ။ ကူညီပေးတဲ့အကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။ပြီးတော့ လာစားပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။Mommy Cook မှာလှူဖြစ်တယ် ပြီးတော့ရုပ်ရှင်အစည်းရုံးက စက်မှုအလွှာကို လှူဖြစ်တယ် ပြီးတော့ အဖေနဲ့အမေနဲ့ကို ကန်တော့ဖြစ်တယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

နောက်ပြီး ဖွေးဖွေးက သူရဲ့ ရူးသွပ်မှုတစ်ခုအကြောင်းကိုလည်း “ ဖွေးက ရေမွှေးအရမ်းရူးသွပ်တဲ့အထဲမှာပါတယ် ။mod ကိုလည်း ရေမွှေးနဲ့လိုက်ပြီးပြောင်းတယ် အဲ့ဒီလိုပဲကာရိုက်တာ အလိုက်ကို အနံ့တွေပြောင်းပြီးတော့ သုံးဖြစ်တယ် ။တောကားတွေဆိုရေမွှေးမဆွတ်ဘူး နံနံလေးနဲ့ပဲရိုက်လိုက်တယ်(ရယ်လျက်)” ပြောပြသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*