ထိုင်းရုပ်သံမှာ ပရိသတ်တွေကို အင်္ကျီချွတ်ပြလိုက်တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ရဲ့ ထိုင်းနိုင်ငံက ပရိသတ်တွေအပေါ်သြဇာသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိပဲလို့ဆိုရမှာပါ။ ထိုင်းနိုင်ငံအပြင် အခြားအိမ်နှီးချင်းနိုင်ငံတွေအထိပါအောင်မြင်မှုအရှိန်ရိုက်ခတ်နေတဲ့ ပိုင်တံခွန်ဟာ ထိုင်းစကားတွေတော်တော်များများသင်ထားပြီး ထိုင်းလိုမပီကလာလေးတွေပြောရင်း ပရိသတ်တွေရဲ့နှလုံးသားကို အစွမ်းကုန်ညို့ယူထားနိုင်နေခဲ့ပါပြီ။ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားလိုင်းတွေမှာလည်းပါဝင်နေပြီး သတင်းတွေ၊ဂျာနယ်တွေမှာလည်း ချစ်ဖို့ကောင်းပြီးပွင့်လင်းတဲ့မျက်နှာလေးနဲ့ နေရာတော်တော်များများယူထားခဲ့ပြီဆိုရင်လည်းမမှားပါဘူး။

ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံက Media အကြီးကြီးတစ်ခုဖြစ်တဲ့ Voice TV ရဲ့ Celebrity Interview အစီအစဉ်မှာပါဝင်ထားတာတွေ့ရပါတယ်။ Voice TV မှာ ပိုင်တံခွန်က ချစ်ဖို့ကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေအတွက်မေးခွန်းတော်တော်များများကိုဖြေထားခဲ့ပြီး ထိုင်းလိုတွေရောအင်္ဂလိပ်လိုရော မြန်မာလိုရော ကြုံသလိုတွေပြောတဲ့ စတိုင်လေးနဲ့ အသည်းယားစရာကောင်းနေတာမြင်ရပါတယ်။ ကြောင်အရမ်းချစ်တတ်တဲ့ ပိုင်တံခွန်က အင်တာဗျူးမှာ “ကြောင်တွေက ချေတယ်။ သူတို့ကိုမီမီမီမီလို့ခေါ်ရင် တော်ရုံမလာဘူး။ ဒါပေမယ့် ကျွန်တော်သူတို့ကိုအရမ်းချစ်ပါတယ်”လို့ အင်္ဂလိပ်လိုဖြေကြားသွားပါတယ်။

ပရိသတ်တွေသည်းသည်းလှုပ်ချစ်တာခံရတဲ့ ပိုင်တံခွန်က သူများကိုချွဲတတ်လားဆိုတာကို “နေမကောင်းရင်တော့ ချွဲတယ်”လို့ ရှက်ကိုးရှက်ကန်းနဲ့ ဖြေထားပြီး ခန္ဓာကိုယ်ကျစ်လစ်အောင်လေ့ကျင့်ဖြစ်ပုံကို “Weight Gain ဖြစ်အောင်ဆော့ရတာကြိုက်တယ်။ အရင်တုန်းကတော့ ဗိုက်က Muscle တွေ Sexy ဖြစ်တာကြိုက်တယ်။ နောက်ပိုင်းကျတော့ One Pack ဖြစ်သွားတော့ ပိုပြီးတော့ sexy ဖြစ်သွားတယ်လို့ထင်သွားတယ်။ စတာပါ”လို့ ပြောပြီး ပရိသတ်တွေကိုအသည်းယားအောင် အင်္ကျီကြယ်သီးတွေဖြုတ်ပြပြီး စနောက်နေတာလည်းတွေ့ရပါတယ်။

ရင်ဘတ်က တက်တူးတွေအကြောင်းကိုတော့ ပိုင်တံခွန်က “ဒီတက်တူးတွေအရမ်းကြိုက်တယ်။ အဲဒီနေ့က တက်တူးအရမ်းထိုးချင်တယ်ဆိုပြီး တက်တူးသွားထိုးတာ တက်တူးဆရာမရှိတော့ ရှိတဲ့တက်တူးဆရာလေးကို ထိုးခိုင်းလိုက်တယ်။ဒါပေမယ့်အဲဒါ အကြိုက်ဆုံးဖြစ်သွားတယ်”လို့ ပြောပြထားပါတယ်။ ပိုင်တံခွန်ကပရိသတ်တွေနဲ့တွေ့ရတာပျော်တယ်လို့ “ဘာလုပ်တဲ့အချိန်အပျော်ဆုံးလဲဆိုတော့ အပျော်ဆုံးအချိန်တွေကအများကြီးပဲ။ မိဘကိုဖြည့်ဆည်းပေးတဲ့အချိန်အပျော်ဆုံး၊ပရိသတ်တွေနဲ့ တွေ့ရတဲ့အချိန်အပျော်ဆုံး၊အလှူလုပ်တဲ့အချိန်အပျော်ဆုံး၊ ကျွန်တော်ချစ်တဲ့ တိရိစ္ဆာန်လေးတွေနဲ့နေတဲ့အချိန်အပျော်ဆုံး”လို့ ဖြေထားပါသေးတယ်။ပိုင်တံခွန်ရဲ့ video လေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Q&A 'ไป่ ทาคน' นายแบบเมียนมาสุดฮอต

ถาม-ตอบสั้นๆ เพื่อทำความรู้จักกับ 'ไป่ ทาคน' นายแบบเมียนมา ผู้เตรียมลุยงานบันเทิงไทย#VoiceOnlineอ่านเพิ่มเติม: https://voicetv.co.th/read/hF-5zVWMo

Posted by Voice TV on Friday, 9 August 2019

ပိုင်တံခွန်က ပရိသတ်တွေက သူ့ကိုကျတော့ ရည်းစားမထားခိုင်းပဲ ဘာလို့သူတို့ကိုယ်တိုင်ကျတော့ထားတာလဲလို့လည်း “သူတို့ကတော့ တံခွန့်ကိုရည်းစားမထားခိုင်းဘူးလေ။ ရည်းစားထားတာ လုံးဝလက်မခံဘူး။ ဘာလို့ သူတို့ကျတော့ ရည်းစားထားလဲလို့မေးချင်တယ်”လို့ ကလေးလေးလိုနှုတ်ခမ်းစူပြီးချစ်ဖို့ကောင်းစွာမေးထားတာလည်းတွေ့ရပါတယ်။