ဖြစ်နိုင်ရင် မျက်လုံးပြန်မြင်ချင်တယ်ဆိုပြီး ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ဦးမန်းဝင်း

တချိန်က နာမည်ကြီးပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းကတော့ လက်ရှိချိန်မှာ အသက်လည်း ရလာတာကြောင့် ကျန်းမာရေးအခြေအနေကတော့ တဖြည်းဖြည်းနဲ့ ဆိုးရွားလာတာကို တွေ့ရပါတယ်။ လက်ရှိချိန်မှာလည်း မသက်သာတာကြောင့် သူ့ရဲ့ဆိုးရွားလာတဲ့ ကျန်းမာရေး အခြေအနေအကြောင်းကိုတော့ ရင်ဖွင့်သွားခဲ့ပါတယ်။

ကျန်းမာရေးအခြေအနေကတော့” မျက်စိကမမြင်တော့ဘူး နောက်ပြီးတော့ နှစ်ရက်ကိုတစ်ခါ ကျောက်ကပ်ဆေးရတယ် တစ်ခါဆေးရင် တစ်သိန်းလောက်ကုန်တယ် အဲ့တော့ကျန်းမာရေးက ဒီနေ့ငွေ ဒီနေ့ရွှေဖြစ်နေတယ် ကျောက်ကပ်ဆေးတဲ့ နေ့ဆိုထတောင်မထနိုင်ဘူး စကားလဲမပြောနိုင်ဘူး တစ်ကိုယ်လုံးနာကျင်နေတာ”

မျက်စိမမြင်ရတဲ့အပေါ်” မျက်လုံးမမြင်ရတာက ဆီးချိုသွေးချို ၄၄၄ဆိုပြီးတက်တာ အဲ့ကနေစပြီးတော့ သွေးကြောလေးတွေ ပေါက်တယ်လို့ပြောတာပါဘဲ”

မမြင်ရတာဘယ်လောက်ရှိပြီလဲ” မမြင်ရတာတော့ တစ်နှစ်ကျော်ကျော်ရှိပြီ ပင်ပန်းတယ် အိမ်မှာ ကလေးတစ်ယောက်မွေးထားသလိုဘဲ အမျိုးသမီးကလဲ ပြုစုရ သားသမီးတွေကပြုစုရတယ် ရေချိုးတော့လဲ တစ်ယောက်ထဲသွားမရ အိမ်သာသွားလဲတစ်ယောက်ထဲ မရ ဘယ်မှသွားလို့မရဘူး ဘာမှမမြင်တော့လဲ တောနင်းတောင်နင်းနဲ့ပေါ့ အဲ့တော့အိမ်မှာငုတ်တုတ်ဘဲ တနေ့ကုန်သွားရတာဘဲ ”

ကျောက်ကပ်ဆေးတာ ပိုက်ဆံတော်တော်ကုန်မှာပေါ့နော်” ကျောက်ကပ်ဆေးတာ အကြိမ်၃၀၀ကျော်သွားပြီ တစ်ခုရှိတာ ဦးမန်းကတော့ အသက်သခင်ကျေးဇူးရှင်တွေ ဖြစ်တဲ့ ဦးမျိုးသူရနဲ့ဒေါ်ကေခိုင်သူရ ဇနီးမောင်နှံက ကျောက်ကပ်ဆေးတာ ရာသက်ပန်တာဝန်ယူထားလို့ နဲနဲလေးခံသာတာပေါ့ ပိုင်ဖြိုးသုတို့ကလဲလှူတယ် အသေတော့လှတာပေါ့နော်”

ဦးမန်းဝင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒကဘာဖြစ်မလဲ” အဖြစ်ချင်ဆုံးကတော့ မျက်စိပြန်မြင်ချင်တာပေါ့

မျက်လုံးကကုသလို့ မရတော့ဘူးပေါ့နော်” မျက်လုံးကခွဲလို့မရတော့ဘူး သွေးကြော ပေါက်တာဆိုတော့ ဘာမှလုပ်လို့မရတော့ဘူး”

ပရိတ်သတ်တွေကိုဘာပြောချင်လဲ” ပရိတ်သက်တွေအားလုံး ကျန်းမာချမ်းသာပါစေ သာသနာပြုနိုင်ပါစေ ဦးမန်းက ကျေးဇူးရှင်တွေကိုရော အနုပညာသမားတွေ အားပေးတဲ့သူတွေရောကို ဆုတောင်းပေးပါတယ် ” ဟု ပြောကြားသွား ခဲ့ပါတယ်။