အရမ်းပင်ပန်းပေမယ့် Travel Blogger လုပ်ချင်တယ် ဆိုတဲ့ M ဆိုင်းလု

မော်ဒယ် M ဆိုင်းလု ဟာ လူငယ်မော်ဒယ်တွေထဲမှာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ မော်ဒယ်ဆန်တဲ့ ကိုယ်နေဟန်ထားလေးကြောင့် ပုရိသတွေအသည်းစွဲဖြစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ အခု 8 Days မီဒီယာနဲ့အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးသွားပါတယ် ။

Mဆိုင်းလုက “ဆိုင်းလု အခုတလော ပွဲလေးတွေတက်ဖြစ်တယ် ၊ Photo Shoot လေးတွေလုပ်ဖြစ်နေပါတယ် ။ ခရီးသွားရတာတော့ ဆိုင်းလုအရမ်းလည်းကြိုက်တယ် စိတ်ခံစားချက်မျိုးစုံကို တစ်ခုပြီးတစ်ခုပေးတယ် ခရီးသွားတာ ကြိုက်တဲ့သူတွေထဲမှာပါတယ် ။တစ်နိုင်ငံနဲ့ တစ်နိုင်ငံကမတူဘူး ပြီးတော့ လူတွေအားလုံးနဲ့ဆက်ဆံရတာမတူဘူး သူတို့နိုင်ငံရဲ့ Attraction လေးတွေက သူ့ဟာနဲ့သူမတူတဲ့ဟာမို့လို့ အကုန်လုံးပျော်ပါတယ်။ ပြည်တွင်းကကျတော့ ကချင်ပြည်နည် ဆိုင်းလုက ကချင်ပြည်နယ်မှာမွေးတဲ့အတွက် ကချင်ပြည်နယ်ကို အရမ်းကြိုက်တယ် ။ ပြီးတော့ တောင်ပေါ်ဒေသတွေကြိုက်တယ် Beach တွေကြိုက်တယ် ။

Travel Blogger လုပ်ချင်တယ် ကိုယ်သွားတဲ့နေရာရဲ့ ဗဟုသုတလေးတွေကို နည်းနည်းလေးရေးပေးချင်တယ် ဆိုင်းလုသွားတဲ့ ဖက်ရှင်လေးတွေ Tip လေးတွေ လုပ်ပေးချင်တယ် ဆိုင်းလုစားတဲ့စားသောက်ဆိုင်ပေါ့ နောက်ပြီးဆိုင်းလုစားတဲ့ Hang out လုပ်တဲ့ နေရာလေးတွေ အဲ့ဒီလိုမျိုးလေးတွေတော့ လုပ်ချင်တယ် ။ Travel Blogger လုပ်ရတာ အရမ်းတော့ ပင်ပန်းတယ် ။ ဒီတစ်ခေါက် စင်ကာပူသွားတုန်းကတော့ Tourism တွေနဲ့သွားတုန်းကတော့ ဆိုင်းလု ပထမဦးဆုံး Step အနေနဲ့ လုပ်ထားတာပေါ့” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*