မအေးသောင်းကို အိမ်ထောင်မပြုစေချင်ဘူးဆိုတဲ့ ဖြိုးငွေစိုး

ဖြိုးငွေစိုးနဲ့ မအေးသောင်းတို့ဟာ အရင်တုန်းကလည်း ရုပ်ရှင် video တွေမှာတွဲမြင်ရလေ့ရှိသလို ပရိသတ်အားပေးမှုရထားတဲ့ အနုပညာရှင်တွေလည်းဖြစ်ပါတယ်။ မအေးသောင်းနဲ့ဖြိုးငွေစိုးက အပြင်မှာလည်း တစ်သက်လုံးခင်ခင်မင်မင်ပေါင်းလာတဲ့သူငယ်ချင်းအရင်းကြီးတွေဖြစ်တယ်လို့သိရပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြိုးငွေစိုးနဲ့မအေးသောင်းတို့နှစ်ဦးက ပျော်ပျော်ရွှင်ရွှင်နဲ့ အင်တာဗျူးအတူတူဖြေထားကြပြီး ဖြိုးငွေစိုးက မအေးသောင်းကို အိမ်ထောင်မပြုစေချင်တဲ့အကြောင်းပြောထားပါသေးတယ်။

မအေးသောင်းက ဘဲတအားကြည်တယ်လို့ ဖြိုးငွေစိုးက “ပေါက်စီက တအားဘဲကြည်တာ ငယ်ငယ်ကတည်းက၊ ဒါပေမယ့်သူက ရည်းစားတော့မထားရဲဘူး။ ဘာလို့လဲဆိုတော့ သူ့ကြိုက်တဲ့ကောင်က သူနဲ့ကြိုက်ရတာကနည်းနည်း၊သူ့နားမှာရှိတဲ့ ကျွန်တော်တို့တွေနဲ့ကြိုက်ရတာများများဆိုတော့ စိတ်ဆင်းရဲလို့ ဟိုကောင်တွေလည်းစိတ်ဆင်းရဲကြာကြာမခံကြဘူး။ သူလည်းရည်းစားမမြဲဘူး။ သူလည်း ကျွန်တော်တို့ကိုကြောက်လို့ ရည်းစားမထားတော့ဘူး။အခုတော့မသိဘူး”လို့ ပြောပြထားပါတယ်။

မအေးသောင်းအိမ်ထောင်ပြုတော့မလားဆိုတာနဲ့ပတ်သက်ပြီး ဖြိုးငွေစိုးက “သူလည်း အဲ့လောက်တော့ မိုက်တွင်းနက်မယ်မထင်ပါဘူး။ ကျွန်တော်တို့လောက်တော့ မိုက်တွင်းနက်မယ်မထင်ဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ တော်ရုံတန်ရုံမိုက်မဲမှုမျိုးနဲ့မှမရတာ။ အိမ်ထောင်ပြုတယ်ဆိုတာလည်း ကြိုစဉ်းစားလို့ရတဲ့ကိစ္စမဟုတ်သလို သွားပြီးတော့ စီစဉ်ဖန်တီးလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူး။ သူ့ဟာသူအချိန်တန်ရင် သူနဲ့အဆင်ပြေတဲ့လူတွေ့ရင်ပြုပေါ့။ ဘယ်တော့မှအိမ်ထောင်မပြုတော့တာလည်းဖြစ်နိုင်တယ်”လို့ ရယ်မောရင်းပြောပြထားပါတယ်။

ဖြိုးငွေစိုးက မအေးသောင်းရဲ့ အိမ်ထောင်ဖက်နဲ့ပက်သက်ပြီး “ဖြစ်နိုင်ရင်တော့ ကို်ယ်လိုလူမျိုးရှာပေါ့လေ”လို့ စနောက်တာကို မအေးသောင်းက “တွေ့တော့မှာမဟုတ်ဘူး။ ဒါမျိုးကတစ်ကောင်ပဲရှိတာ။ အမြဲတမ်း တလွဲတွေချည်းပဲလုပ်တာ”လို့ ရယ်မောရင်းဖြေထားပါတယ်။ မအေးသောင်းက ဖြိုးငွေစိုးနဲ့ ဘဝတစ်လျှောက်လုံးအဆက်အသွယ်ပြတ်သွားတာမျိုးမရှိခဲ့ဘူးလို့ “သူနဲ့မတွေ့ရင် သူ့အဖေနဲ့တွေ့တယ်။ သူ့ညီမနဲ့တွေ့တယ်။ သူ့ညီနဲ့တွေ့တယ်။ အမေတို့နဲ့တွေ့တယ်။ ပေါက်စီတို့က အမေတွေအဖေတွေကပါခင်နေကြတာလေ။ တစ်မိသားစုလုံး ရှိသမျှတစ်မျိုးလုံးက ခင်နေကြတာဆိုတော့ တစ်ယောက်မဟုတ်တစ်ယောက်နဲ့က အမြဲတမ်းတွေ့တယ် အမြဲတမ်းအဆက်အသွယ်ကရှိနေတယ်။ အဲ့လိုမျိုးကြီးအဆက်အသွယ်ပြတ်သွားတာမျိုးတော့မရှိပါဘူး”လို့ ပြောပြထားပါတယ်။

မအေးသောင်းက စိတ်ပျော့တတ်လို့ အနိုင်ယူဖို့လွယ်လို့ တစ်ယောက်တည်းအပျိုကြီးအဖြစ်ပဲမြင်ချင်တယ်လို့ “သူက ဝမ်းနည်းတတ်တယ်။ပျော့တယ်။ လူကသာလှပ်လှပ်လှပ်လှပ်ဖြစ်နေတာ။ တကယ်တမ်းကျ သူချည်းပဲအရှုံး၊သူချည်းပဲကျန်ခဲ့တာများတယ်၊ သူချည်းပဲငိုနေရတာ။ အဲ့တော့ သူ့ကိုဒီတိုင်းလေးပဲကောင်းပါတယ်။ အပူအပင်ကင်းတယ်။ သူ့စိတ်နဲ့ကျတော့ တော်ရုံသူ့ကိုအလွယ်တကအနိုင်ယူလို့ရတယ်။ သူက လူကသာဆရာလိုသမားလိုနေနေတာ တကယ်ကျ ငတုံး၊ လိမ်သမျှအကုန်ရတယ်၊ကျွန်တော်တို့က စိတ်ရှင်းတယ်။ တဖြောင့်တည်းသွားတဲ့လူတွေ။အဲ့လိုလူမျိုးနဲ့တွေ့ရင်ကျ ကောင်းတယ်။ အဲ့လိုလူမျိုးမဟုတ်ရင်ကျသူစိတ်ဆင်းရဲမှာ။ အဲ့တော့ ဒီတိုင်းလေးပဲကောင်းပါတယ်”လို့ ပြောပြထားပါတယ်။