နွေဦးနဲ့ နွေကြောင် ဆိုပြီး အပြတ်ဒွန့်နေတဲ့ ဖွေးဖွေးရဲ့ ချစ်စရာဗီဒီယိုလေး

ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပီပြင်လွန်းလှတဲ့ မင်းသမီး ဖွေးဖွေးကတော့ သူ့ကို ကြည့်လိုက်တာနဲ့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွရှိတဲ့ မင်းသမီး တယောက်ဖြစ်ပါတယ်။ ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ မင်းသမီး တယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ယခုနောက်ပိုင်းနှစ်တွေမှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးသော ဇာတ်လမ်းတွေကိုသာ ချပြနေပြီး ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း နှစ်တိုင်းနီးပါးရရှိနေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အရည်အချင်းရှိတဲ့ မင်းသမီး တယောက်ကတော့ အဆိုဖက်နဲ့ အကပိုင်းမှာလည်း ဝါသနာပါပါသေးတယ်။ ဖွေးဖွေးကတော့ အဆိုပိုင်းမှာလည်း ဝါသနာထုံတဲ့သူတယောက်ဖြစ်ပြီး သူသီချင်းဆိုထားတာလေးတွေလည်း ရှိပါတယ်။ တခါတရံမှာတော့ သီချင်းတွေဖွင့်ပြီးတော့ က နေတတ်တဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။ အပူအပင် မရှိတဲ့ ကလေးလေး တယောက်လို က နေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယိုလေးကတော့ တော့်တော့်ကို ချစ်ဖို့ ကောင်းပါတယ်.

ဖွေးဖွေးကတော့ ဒီဗီဒီယိုလေးကို တင်ထားပြီး နွေဦးနဲ့ နွေကြောင် ဆိုပြီးတော့ နာမည်ပေးထားပါသေးတယ်။ ဗီဒီယိုလေးထဲမှာတော့ Software ကလုပ်ပေးထားတဲ့ ကြောင်လေး တကောင်ပါပြီး အဲ့ကြောင်လေးနဲ့အတူ ကနေတာ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ အသက် ၃၀ ကျော်သွားပြီ ဖြစ်သော်လည်း ကလေးလေး တယောက်လို တက်ကြွနေဆဲပါပဲ။

ဒီဗီဒီယိုလေးကိုတော့ ဖွေးဖွေးကိုအားပေးနေတဲ့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီဗီဒီယိုလေးကြည့်ပြီးရင်တော့ ဖွေးဖွေးရဲ့ ပရိသတ်တွေရော ဖွေးဖွေး ပရိသတ်မဟုတ်တဲ့သူတွေရော ဖွေးဖွေးကို ချစ်သွားကြမယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အကလေးနဲ့ ပတ်သက်ပြီးတော့လည်း မှတ်ချက်လေးလည်း ပေးခဲ့ကြပါဦး။