ဇာတ်ကားတွေကို ကာရိုက်တာ မထပ်အောင် လက်ခံရိုက်ကူးနေတယ်ဆိုတဲ့ ရွှေထူး

ဇနီးချော ရွှေမှုံ နဲ့ တွေ့ပြီးနောက်ပိုင်းမှ သရုပ်ဆောင်စကေးတွေ တိုးတက်လာတဲ့ ရွှေထူးက ရုပ်ရှင်ကားတွေ တစ်ကားပြီး တစ်ကား ဆက်တိုက်ရိုက်နေရပါတယ်။ ဂီတလောကကနေ သရုပ်ဆောင်ပိုင်း ပြောင်းလာတဲ့ ရွှေထူးက လတ်တလောမှာ နေတိုး ကျော်ကျော်ဗိုလ် တို့နဲ့ ဇာတ်ကားရိုက်ကူးဖို့ gym လေ့ကျင့်နေပါတယ်။ ပါဝင်ရမယ့် ကာရိုက်တာနဲ့ ပတ်သက်လို့ ရွှေထူးက ခုလို ပြောပြသွားပါတယ်။

“အဲ့ထဲမှာ ကာရိုက်တာလေးက ငအူပေါ့။ ဆုံးဖြတ်ချက်တစ်ခုကို ချီတုံချတုံ ဖြစ်တဲ့ ယောက်ျားတစ်ယောက်။ ဒီထဲမှာပါတဲ့ သရုပ်ဆောင်တွေ အားလုံး သူတို့လုပ်ရမယ့် အပိုင်းလေးတွေ ရှိသလို ကျွန်တော့်အတွက်လည်း ရှိပါတယ်။ အဲ့တော့ ရုပ်ရှင်ကား ထွက်လာမှပဲ ကြည့်စေချင်ပါတယ်။” လို့ ဆိုပါတယ်။

ဇာတ်ကားနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုကိုလည်း ရွှေထူးက ခုလို ပြောပြသွားပါတယ်။“ကြိုတင်ပြင်ဆင်မှုကတော့ Gym ဆော့တယ်။ ဒါပေမဲ့ ရွာသားဆိုတော့ six packs တွေ အရမ်းထွက်လို့ မရဘူးလေ။ အဲ့တော့ အစားပြန်စားဖြစ်ပါတယ်။ နာမည်ကြားတာနဲ့ တစ်မျိုးလေး ဖြစ်သလို ကြည့်တာနဲ့တင် ပျော်ရတဲ့ ကားလေးဖြစ်မှာပါ” လို့ ဆိုပါတယ်။

မတူညီတဲ့ ကာရိုက်တာတွေ လက်ခံဖြစ်ပုံကိုလည်း ရွှေထူးက ခုလို ပြောကြားသွားပါတယ်။“ကျွန်တော်က မတူညီတဲ့ ကာရိုက်တာလေးတွေ လက်ခံဖြစ်ပါတယ်။ အခန်းများတယ် ၊ နည်းတယ် မတွေးပါဘူး။ ကျွန်တော်လုပ်ရမယ့် အပိုင်းလေးမှာ ဘယ်လောက်ထိ လုပ်ရမလဲ ။ ဇာတ်လမ်းနဲ့ ကွဲပြားအောင် ကျွန်တော့်ကိုယ်ကျွန်တော် ဖန်တီးပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ရှေ့ဆက် အနုပညာလှုပ်ရှားမှု အနေနဲ့ သီချင်းတွေ အများကြီးထွက်ပြီး Mtv တွေ ရိုက်ကူးထားကြောင်း ရွှေထူးက ဖြေကြားသွားခဲ့ပါတယ်။