မန္ယူအသင္းမွာ ပြဲထြက္ခြင့္သိပ္မရတဲ့ အေပၚ စိတ္ပ်က္ေနတဲ့ မာတစ္

မန္ခ်က္စရာယူႏိုက္တက္ရဲ့ ကြင္းလယ္ ကစားသမား မာတစ္ ကေတာ့ ဒီရာသီမွာ သူ႔အေနနဲ႔ မန္ယူအသင္းမွာ ကစားေနရတဲ့ အပိုင္းကို  အနည္းငယ္ စိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။ မာတစ္ကေတာ့ ယခု ၂၀၁၉ ၂၀၂၀ ေဘာလံုးရာသီမွာေတာ့ သူ႔အေနနဲ႔ ျပီးခဲ့တဲ့ လက္စတာ အသင္းကို အႏုိင္ရရွိခဲ့တဲ့ ပြဲစဥ္မွသာလွ်င္ ပါဝင္ကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ မာတစ္ကေတာ့ လက္ရွိအခ်ိန္မွာ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ့ အေတြ႔အၾကံဳရွိ ကြင္းလယ္ ကစားသမား တေယာက္ ျဖစ္ေပမယ့္လည္း သူ႔အေနနဲ႔ ဒီလိုမ်ိဳး ပြဲထြက္ခြင့္ နည္းပါးေနတာကိုေတာ့ အားမလို အားမရ ျဖစ္ေနတာ ျဖစ္ပါတယ္။

မာတစ္ကေတာ့ ယခုႏွစ္မွာေတာ့ မန္ယူနည္းျပ ဆိုးလ္ရွား ရဲ့ လက္ေအာက္မွာေတာ့ ေနရာေပးျခင္း မခံရပဲ နည္းျပကေတာ့ ေပါ့ပ္ဘာနဲ႔ တြန္မီေႏွး တို႔ အတြဲကိုသာ ပြဲထြက္ ကစားေစခ့ဲတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ျပီးေတာ့ မာတစ္က “က်ေနာ္ စိတ္ေတာ့ ပ်က္မိပါတယ္။ က်ေနာ္ ကစားခ်င္ပါတယ္။ အသင္းအတြက္လည္း က်ေနာ္ အေကာင္းဆံုး ေပးဆပ္ထားပါတယ္။ နည္းျပကေတာ့ သူၾကိဳက္တဲ့ ကစားသမားကို ေရြးခ်ယ္မွာပဲေလ။ ဒီထဲမွာ က်ေနာ္ မပါတာကေတာ့ စိတ္မေကာင္းပါဘူး။

က်ေနာ္ကို ထည့္သြင္းျပီး ကစားတဲ့ အခ်ိန္မွာ က်ေနာ္အေကာင္းဆံုး လုပ္ျပတယ္ဆိုတာ သူျမင္သင့္ပါတယ္။ ရာသီတခုကေတာ့ အရွည္ၾကီးပါ။ သူက်ေနာ္ကစားတာကုိ ျမင္ပါလိမ့္မယ္။ က်ေနာ္ဝင္ကစားတယ္ က်ေနာ္တို႔ အႏိုင္ရခဲ့ပါတယ္။ နည္းျပတာ က်ေနာ့္ကို ေရွ႔ေလွ်ာက္ေနရာေပးရင္ေတာ့ က်ေနာ္ ေပ်ာ္မိမွာပါ။ က်ေနာ္ အဆင္သင့္ပါပဲ။ ျပီးခဲ့တဲ့ ၁၀ ႏွစ္လံုးလံုး က်ေနာ္အေကာင္းဆံုး ၾကိဳးစားခဲ့ျပီး Level တခုေတာ့ ေရာက္ခဲ့ပါတယ္။ ဒါကလည္း က်ေနာ့္ကို ကူညီႏိုင္မွာပါ။ က်ေနာ္ကေတာ့ ဒီအသင္းသား ျဖစ္ေနတဲ့ အတြက္ အသင္းကို မ်ားစြာ ကူညီႏိုင္မယ္လို႔ ထင္ပါတယ္” ဆိုျပီး ရင္ဖြင့္ သြားခဲ့ပါတယ္။ မာတစ္ကေတာ့ ဒီရာသီမွာ ပြဲထြက္ခြင့္ မရပဲ လက္စတာနဲ႔ ပြဲသာ ပါဝင္ခြင့္ရျပီး ဒုတိယပိုင္းမွာလည္း လူစားလွဲ ခံခဲ့ရတာ ျဖစ္ပါတယ္။

Unicode

မန်ယူအသင်းမှာ ပွဲထွက်ခွင့်သိပ်မရတဲ့ အပေါ် စိတ်ပျက်နေတဲ့ မာတစ်

မန်ချက်စရာယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား မာတစ် ကတော့ ဒီရာသီမှာ သူ့အနေနဲ့ မန်ယူအသင်းမှာ ကစားနေရတဲ့ အပိုင်းကို အနည်းငယ် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ မာတစ်ကတော့ ယခု ၂၀၁၉ ၂၀၂၀ ဘောလုံးရာသီမှာတော့ သူ့အနေနဲ့ ပြီးခဲ့တဲ့ လက်စတာ အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှသာလျှင် ပါဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ မာတစ်ကတော့ လက်ရှိအချိန်မှာ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အတွေ့အကြုံရှိ ကွင်းလယ် ကစားသမား တယောက် ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ ဒီလိုမျိုး ပွဲထွက်ခွင့် နည်းပါးနေတာကိုတော့ အားမလို အားမရ ဖြစ်နေတာ ဖြစ်ပါတယ်။

မာတစ်ကတော့ ယခုနှစ်မှာတော့ မန်ယူနည်းပြ ဆိုးလ်ရှား ရဲ့ လက်အောက်မှာတော့ နေရာပေးခြင်း မခံရပဲ နည်းပြကတော့ ပေါ့ပ်ဘာနဲ့ တွန်မီနှေး တို့ အတွဲကိုသာ ပွဲထွက် ကစားစေခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မာတစ်က “ကျနော် စိတ်တော့ ပျက်မိပါတယ်။ ကျနော် ကစားချင်ပါတယ်။ အသင်းအတွက်လည်း ကျနော် အကောင်းဆုံး ပေးဆပ်ထားပါတယ်။ နည်းပြကတော့ သူကြိုက်တဲ့ ကစားသမားကို ရွေးချယ်မှာပဲလေ။ ဒီထဲမှာ ကျနော် မပါတာကတော့ စိတ်မကောင်းပါဘူး။

ကျနော်ကို ထည့်သွင်းပြီး ကစားတဲ့ အချိန်မှာ ကျနော်အကောင်းဆုံး လုပ်ပြတယ်ဆိုတာ သူမြင်သင့်ပါတယ်။ ရာသီတခုကတော့ အရှည်ကြီးပါ။ သူကျနော်ကစားတာကို မြင်ပါလိမ့်မယ်။ ကျနော်ဝင်ကစားတယ် ကျနော်တို့ အနိုင်ရခဲ့ပါတယ်။ နည်းပြတာ ကျနော့်ကို ရှေ့လျှောက်နေရာပေးရင်တော့ ကျနော် ပျော်မိမှာပါ။ ကျနော် အဆင်သင့်ပါပဲ။ ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး ကျနော်အကောင်းဆုံး ကြိုးစားခဲ့ပြီး Level တခုတော့ ရောက်ခဲ့ပါတယ်။ ဒါကလည်း ကျနော့်ကို ကူညီနိုင်မှာပါ။ ကျနော်ကတော့ ဒီအသင်းသား ဖြစ်နေတဲ့ အတွက် အသင်းကို များစွာ ကူညီနိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ရင်ဖွင့် သွားခဲ့ပါတယ်။ မာတစ်ကတော့ ဒီရာသီမှာ ပွဲထွက်ခွင့် မရပဲ လက်စတာနဲ့ ပွဲသာ ပါဝင်ခွင့်ရပြီး ဒုတိယပိုင်းမှာလည်း လူစားလှဲ ခံခဲ့ရတာ ဖြစ်ပါတယ်။