ဖာမီႏိုက လီဗာပူးလ္အတြက္ မရွိမျဖစ္ ကစားသမားပါဟု ခ်ီးက်ဴးသြားတဲ့ ဟက္စကီး

လီဗာပူးလ္အသင္းရဲ့ ကစားသမားေဟာင္း တေယာက္ျဖစ္တဲ့ ဟက္စကီး ကေတာ့ လက္ရွိအခ်ိန္မွာ လီဗာပူးလ္အသင္းရဲ့ တိုက္စစ္မွဴး ဖာမီႏို ဟာ အသင္းအတြက္ မရွိမျဖစ္ ကစားသမား တေယာက္ျဖစ္ျပီး အရာရာတိုင္းကို သူလုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဖာမီႏို ကေတာ့ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ နယူးကာဆယ္နဲ႔ ပြဲမွာေတာ့ ေျခစြမ္းျပသခဲ့ျပီး အသင္းေဖာ္ေတြအတြက္ သြင္းဂိုးေတြ ရရွိေအာင္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ လက္ရွိခ်ိန္မွာေတာ့ လီဗာပူးလ္တိုက္စစ္ေနရာမွာ ဖာမီႏိုကေတာ့ အေထာင္ တိုက္စစ္မွဴးေနရာမွာ ေဆာ့ေနျပီး ေတာင္ပံ့မွာေတာ့ မာေႏွးနဲ႔ ဆာလတ္တို႔ ကစားေနတာပါ။

ဒါေပမယ့္လည္း ဖာမီႏို ကေတာ့ သူ႔အေနနဲ႔ အေထာင္တိုက္စစ္ေနရာမွာ ေဆာ့ေနေပမယ့္လည္း အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြ မ်ားစြာ ဖန္တီးေပးႏိုင္ျပီး ဂိုးဖန္တီးမႈလည္း မ်ားေနတဲ့ တိုက္စစ္မွဴး တေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဖာမီႏို နဲ႔ ပတ္သက္ျပီး ကစားသမားေဟာင္း ဟက္စကီး ကေတာ့

“က်ေနာ္ ဖာမီႏို နဲ႔ ပတ္သက္ျပီး ေျပာခ်င္ပါတယ္။ သူက တကယ့္ကို အေရးပါတဲ့ ကစားသမား တေယာက္ပါ။ ဘာေၾကာင့္ ဒီလိုေျပာလဲဆိုေတာ့ အေၾကာင္းျပခ်က္ေတြ အမ်ားၾကီး ရွိပါတယ္။ သူဟာ ကြင္းထဲမွာ ေနရာစံု ကစားႏိုင္ပါတယ္။ သူ႔ဆီက ေဘာလံုးထြက္လာရင္ ဂိုးရဖို႔ မ်ားေနပါျပီ။ သူဘယ္ေနရာမွာ ဘယ္လိုလုပ္ရမလဲဆိုတာကို သိပါတယ္။ သူ႔ကို ၾကည့္လိုက္ရင္ အဆင္ေျပေျပ ေပါ့ေပါ့ပါးပါးေလးပါပဲ။ အသင္းေဖာ္ေတြ အတြက္လည္း အရမ္းကို အေထာက္အကူ ျဖစ္ေစပါတယ္” ဆိုျပီး ဖာမီႏိုကို ခ်ီးက်ဳးသြား ခဲ့ပါတယ္။ ဖာမီႏိုကေတာ့ ဒီရာသီမွာေတာ့ လီဗာပူးလ္အသင္းနဲ႔ ၇ ပဲြ ကစားထားျပီး ၄ ဂိုးဖန္တီးထားကာ ၂ ဂိုးသြင္းယူ ထားပါတယ္။

Unicode

ဖာမီနိုက လီဗာပူးလ်အတွက် မရှိမဖြစ် ကစားသမားပါဟု ချီးကျူးသွားတဲ့ ဟက်စကီး

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း တယောက်ဖြစ်တဲ့ ဟက်စကီး ကတော့ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဖာမီနို ဟာ အသင်းအတွက် မရှိမဖြစ် ကစားသမား တယောက်ဖြစ်ပြီး အရာရာတိုင်းကို သူလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဖာမီနို ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ နယူးကာဆယ်နဲ့ ပွဲမှာတော့ ခြေစွမ်းပြသခဲ့ပြီး အသင်းဖော်တွေအတွက် သွင်းဂိုးတွေ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိချိန်မှာတော့ လီဗာပူးလ်တိုက်စစ်နေရာမှာ ဖာမီနိုကတော့ အထောင် တိုက်စစ်မှူးနေရာမှာ ဆော့နေပြီး တောင်ပံ့မှာတော့ မာနှေးနဲ့ ဆာလတ်တို့ ကစားနေတာပါ။

ဒါပေမယ့်လည်း ဖာမီနို ကတော့ သူ့အနေနဲ့ အထောင်တိုက်စစ်နေရာမှာ ဆော့နေပေမယ့်လည်း အသင်းဖော်တွေအတွက် နေရာလွတ်တွေ များစွာ ဖန်တီးပေးနိုင်ပြီး ဂိုးဖန်တီးမှုလည်း များနေတဲ့ တိုက်စစ်မှူး တယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဖာမီနို နဲ့ ပတ်သက်ပြီး ကစားသမားဟောင်း ဟက်စကီး ကတော့

“ကျနော် ဖာမီနို နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ သူက တကယ့်ကို အရေးပါတဲ့ ကစားသမား တယောက်ပါ။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ သူဟာ ကွင်းထဲမှာ နေရာစုံ ကစားနိုင်ပါတယ်။ သူ့ဆီက ဘောလုံးထွက်လာရင် ဂိုးရဖို့ များနေပါပြီ။ သူဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲဆိုတာကို သိပါတယ်။ သူ့ကို ကြည့်လိုက်ရင် အဆင်ပြေပြေ ပေါ့ပေါ့ပါးပါးလေးပါပဲ။ အသင်းဖော်တွေ အတွက်လည်း အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်” ဆိုပြီး ဖာမီနိုကို ချီးကျုးသွား ခဲ့ပါတယ်။ ဖာမီနိုကတော့ ဒီရာသီမှာတော့ လီဗာပူးလ်အသင်းနဲ့ ရ ပွဲ ကစားထားပြီး ၄ ဂိုးဖန်တီးထားကာ ၂ ဂိုးသွင်းယူ ထားပါတယ်။