သြင္းဂိုးေတြ ဆက္တုိက္သြင္းေနေပမယ့္ လမ္းပတ္သတိေပးတာခံလိုက္ရတဲ့ ေအဘရာဟန္

လက္ရွိရာသီမွာေတာ့ ေျခစြမ္းေတာက္ပဆံုး လူငယ္ကစားသမားလို႔ တင္စားခံေနရတဲ့ ခ်ဲလ္ဆီးတိုက္စစ္မွဳးေလး ေအဘရာဟန္ ကေတာ့ လက္ရွိမွာ ျပိဳင္ဖက္အသင္းေတြကို ျခိမ္းေျခာက္ႏိုင္တဲ့ ေျခစြမ္းရွိတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ဝုဖ္ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ မွာလည္း ဟက္ထရစ္ သြင္းႏိုင္ခဲ့ျပီး ျပိဳင္ဖက္အသင္းေတြကို သူရဲ့ ေၾကာက္စရာေကာင္းတဲ့ ေျခစြမ္းကုိ ျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ ကေတာ့ သူ႔အေနနဲ႔ ေအဘရာဟန္ အသင္းအတြက္ ဟက္ထရစ္ယူေပးခဲ့ျပီး ဂိုးေတြ သြင္းယူေပးႏိုင္ေပမယ့္လည္း သတိေပးမႈေတြ ရွိေနခဲ့ပါတယ္။

လမ္းပတ္ကေတာ့ ေအဘရာဟန္ နဲ႔ ပတ္သက္ျပီး “က်ေနာ္ သူ႔ရဲ့ အရည္အခ်င္းနဲ႔ ေျခစြမ္းကို ေကာင္းေကာင္းၾကီး သိပါတယ္။ သူ႕အေနနဲ႔ ခ်န္ပီယံရွစ္မွာ အရမ္းကို ေကာင္းမြန္တဲ့ အေတြ႔အၾကံဳေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။ ခုကေတာ့ ပရီးမီးယားလိဂ္ ေရာက္ေနပါျပီ။ ဒါေၾကာင့္ သူ႔အေနနဲ႔ အခြင့္အလမ္းေတြ ပိုရွိေနပါတယ္။ ျပီးခဲ့တဲ့ ရာသီတုန္းက သူ႔အရည္အခ်င္းေတြကို ျပသခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီရာသီမွာေတာ့ မန္ယူအသင္းန႔ဲ ပြဲမွာ စ ပါခဲ့ပါတယ္။ က်ေနာ့္မွာ သူ႔အျပင္ ဂီေရာ့ဒ္နဲ႔ ဘတ္ရႈဝါရီ ရွိပါေသးတယ္။

ဒါကေတာ့ သူ႔အတြက္ ျပိဳင္ဆိုင္ရမယ့္ အရာေတြပါ။ ဂီေရာ့ဒ္က အျမဲတမ္းထိပ္တန္း အဆင့္မွာ ရွိေနပါတယ္။ ဒီလိုမ်ိဳး သူလိုက္လုပ္ဖို႔ လိုပါတယ္။ က်ေနာ္ သူန႔ဲ ပတ္သက္ရင္ ယံုၾကည္မႈရွိပါတယ္။ ဒါေၾကာင့္ သူ႔ကို အခြင့္အေရးေတြေပးခဲ့ပါတယ္။ သူဘာေတြ လုပ္ျပႏိုင္မလဲဆိုတာ က်ေနာ္ အျမဲၾကည့္ေနပါတယ္။ သူလက္ရွိ အေျခအေနကို ထိန္းထားျပီး ေျခစြမ္းေတြ မက်ဖိ႔ု လိုအပ္ပါတယ္။ သူ႔အတြက္ အေရးၾကီးဆုံး က ကစားပြဲတခုမွာ သူဘယ္လို ရပ္တည္ေနမလဲဆိုတာပါ” ဆိုျပီးေတာ့ ေအဘရာဟန္နဲ႔ ပတ္သက္ျပီး ေျပာၾကားသြားခဲ့ပါတယ္။

လမ္းပတ္ကေတာ့ သူ႔အေနနဲ႔ ေအဘရာဟန္ကို ယံုၾကည္ေပမယ့္လည္း ဒီထက္ပိုတဲ့ အဆင့္တခုကို ေရာက္ရွိဖို႔အတြက္ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ ေအဘရာဟန္ ကေတာ့ လက္ရွိအခ်ိန္မွာလည္း ပရီးမီးယားလိဂ္ ဂိုးသြင္း အမ်ားဆံုး ကစားသမား တေယာက္ အျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။

Unicode

သွင်းဂိုးတွေ ဆက်တိုက်သွင်းနေပေမယ့် လမ်းပတ်သတိပေးတာခံလိုက်ရတဲ့ အေဘရာဟန်

လက်ရှိရာသီမှာတော့ ခြေစွမ်းတောက်ပဆုံး လူငယ်ကစားသမားလို့ တင်စားခံနေရတဲ့ ချဲလ်ဆီးတိုက်စစ်မှုးလေး အေဘရာဟန် ကတော့ လက်ရှိမှာ ပြိုင်ဖက်အသင်းတွေကို ခြိမ်းခြောက်နိုင်တဲ့ ခြေစွမ်းရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဝုဖ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာလည်း ဟက်ထရစ် သွင်းနိုင်ခဲ့ပြီး ပြိုင်ဖက်အသင်းတွေကို သူရဲ့ ကြောက်စရာကောင်းတဲ့ ခြေစွမ်းကို ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးနည်းပြ လမ်းပတ် ကတော့ သူ့အနေနဲ့ အေဘရာဟန် အသင်းအတွက် ဟက်ထရစ်ယူပေးခဲ့ပြီး ဂိုးတွေ သွင်းယူပေးနိုင်ပေမယ့်လည်း သတိပေးမှုတွေ ရှိနေခဲ့ပါတယ်။

လမ်းပတ်ကတော့ အေဘရာဟန် နဲ့ ပတ်သက်ပြီး “ကျနော် သူ့ရဲ့ အရည်အချင်းနဲ့ ခြေစွမ်းကို ကောင်းကောင်းကြီး သိပါတယ်။ သူ့အနေနဲ့ ချန်ပီယံရှစ်မှာ အရမ်းကို ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ခုကတော့ ပရီးမီးယားလိဂ် ရောက်နေပါပြီ။ ဒါကြောင့် သူ့အနေနဲ့ အခွင့်အလမ်းတွေ ပိုရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက သူ့အရည်အချင်းတွေကို ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ မန်ယူအသင်းနဲ့ ပွဲမှာ စ ပါခဲ့ပါတယ်။ ကျနော့်မှာ သူ့အပြင် ဂီရော့ဒ်နဲ့ ဘတ်ရှုဝါရီ ရှိပါသေးတယ်။

ဒါကတော့ သူ့အတွက် ပြိုင်ဆိုင်ရမယ့် အရာတွေပါ။ ဂီရော့ဒ်က အမြဲတမ်းထိပ်တန်း အဆင့်မှာ ရှိနေပါတယ်။ ဒီလိုမျိုး သူလိုက်လုပ်ဖို့ လိုပါတယ်။ ကျနော် သူနဲ့ ပတ်သက်ရင် ယုံကြည်မှုရှိပါတယ်။ ဒါကြောင့် သူ့ကို အခွင့်အရေးတွေပေးခဲ့ပါတယ်။ သူဘာတွေ လုပ်ပြနိုင်မလဲဆိုတာ ကျနော် အမြဲကြည့်နေပါတယ်။ သူလက်ရှိ အခြေအနေကို ထိန်းထားပြီး ခြေစွမ်းတွေ မကျဖို့ လိုအပ်ပါတယ်။ သူ့အတွက် အရေးကြီးဆုံး က ကစားပွဲတခုမှာ သူဘယ်လို ရပ်တည်နေမလဲဆိုတာပါ” ဆိုပြီးတော့ အေဘရာဟန်နဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

လမ်းပတ်ကတော့ သူ့အနေနဲ့ အေဘရာဟန်ကို ယုံကြည်ပေမယ့်လည်း ဒီထက်ပိုတဲ့ အဆင့်တခုကို ရောက်ရှိဖို့အတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။ အေဘရာဟန် ကတော့ လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား တယောက် အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။