တန်းဆင်းဇုံမှာ ရုန်းကန်နေရတဲ့ ဝက်ဖိုဒ့်ကို အာဆင်နယ် ဘာကြောင့်သရေကျခဲ့တာလဲ

အခုဆိုရင်တော့ ပရီးမီးယားလိဂ် ရဲ့ ၂၀၁၉-၂၀ ရာသီစတင်ခဲ့တာကတော့ ပွဲစဉ် ၅ ကိုယှဉ်ပြိုင်ကစားခဲ့ပြီးသွားပါပြီ ။အမှတ်ပေးဇယားမှာလည်း အမှတ်သိပ်မကွာပဲ ဂိုးကွာခြားချက်အရသာ အပေါ်အောက်ဖြစ်နေကြတာကိုလည်း ဘောလုံးချစ်တဲ့ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ ။ အခုကျနော်တို့ ဘော်ဒါတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ လန်ဒန်မြို့ခံ အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် နဲ့ ဝက်ဖိုဒ့် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရမှာ တစ်ဖက်ကို ၂ ဂိုးဆီနဲ့ သရေ ရလာဒ်သာ ထွက်ပေါ်ခဲ့ပါတယ် ။ အခု အင်တာနက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားတဲ့ အာဆင်နယ် အသင်းက ဝက်ဖို့ဒ် အသင်းကို ဘာကြောင့် အစပိုင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးနဲ့ အသာစီးကစားနိုင်ပြီး ဘာကြောင့် သရေရလဒ်သာ ရယူပိုင်ဆိုင်နိုင်ခဲ့တာလဲ ဆိုတဲ့ အချက်လေးတွေပဲ သုံးသပ်ချက်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

၁။ အိုဇေး နဲ့ ပီပီ လို နေရာတူစကားသမား နှစ်ယောက်က တစ်သင်းတည်းမှာ ကစားနေရခြင်း

ပီပီ လို ကစားပေါက်ကောင်းတဲ့ကစားသမားတစ်ယောက် ရရှိထားခြင်းကတော့ အာဆင်နယ် အသင်းအတွက်အကြီးမားဆုံး ဆုလာဘ်တစ်ခုလို့ ပြောလို့ရပါတယ် ။ ဒါပေမယ့်လည်း လက်ရှိအာဆင်နယ် အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်လို့ပြောလို့ရတဲ့ အိုဇေး လိုအသင်းရဲ့ မောင်းနှင်အားကောင်းတဲ့ အင်ဂျင်ကြီးတစ်ယောက် ရှိနေတဲ့အချိန်မှာတော့ ပီပီဟာ သူရဲ့နေရာမှန်မှာကစားခွင့်မရဘဲ နေရာတစ်ခုရဖို့ အသည်းသန်ကြိုးစားကစားနေရပါတယ် ။ အဲ့ဒီအကြောင်းရင်းကပဲ ပီပီကို တချို့ပရိသတ်တွေဟာ ပီပီဟာ အာဆင်နယ်အတွက် ကိုးယို့ကားယားနိုင်တဲ့ သူတစ်ယောက် ဖြစ်နေတယ်လို့ မှတ်ချက်ပြုကြပါတယ်။ ပြိုင်ဘက်အသင်းခံစစ်ကို အနှောက်ယှက်မပေးနိုင်ပဲ အသင်းခံစစ်အတွက် အနှောက်ယှက်ပေးနေတဲ့ ကတောင်ပံကစားသမားလို့တောင် ပြစ်တင်ပြောဆိုနေကြတာတွေ ရှိပါတယ် ။

၂။ ရှာခာ က ပြဿနာတစ်ရပ်ဖြစ်နေခြင်း

အာဆင်နယ်အသင်းရဲ့မန်နေဂျာက ဘာတွေဖြစ်ချင်နေလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး ။ ရှာခါကတော့ တကယ်ဆိုရင် ရလဒ်ကောင်းတဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး ။ပြီးခဲ့တဲ့ပွဲမှာ ပွဲထွက်လူစာရင်းရဲ့ ပထမဦးစားပေးစာရင်းမှာ ပါဝင်ခဲ့ရပေမယ့် အရံကစားသမားတစ်ယောက်ရဲ့ အရည်ချင်းလောက်ပဲ ရှိတယ်လို့ ဆိုထားပါတယ် ။ သူရဲ့နေရာက လစ်လပ်သွားမှုတွေကို တခြားနောက်တန်းခံစစ်တွေကနေပြီး ဖြည့်ပြီးကစားနေရတာကြောင့် ဖြစ်မလာသင့် ရလဒ်တွေကို အာဆင်နယ်က ခါးစီးခံပြီး ရခဲ့တာပါလို့ အခိုင်မာဆိုထားပါတယ်။ ဂန္တဝင်ကစားသမား ကြီး ဗီအဲယာ ရဲ့နေရာမှာ ကစားနေပေမယ့်လည်း လုံးဝနှိုင်းယှဉ်စရာမရှိအောင် ကွားခြားနေပါတယ် ။

၃။ ဒေးဗစ်လုဇ်ဝစ် တစ်ယောက် နေရာပျောက်နေခြင်း

အာဆင်နယ် ပွဲတွေရဲ့ ရလဒ်ဆိုးရွားမှုတွေ ဘယ် ကနေလာသလဲလို့ စစ်တမ်းထုတ်လိုက်ရင်တော့ ခံစစ်ပိုင်းအားနည်းမှုကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အခြေနေတွေ့ရှိရမှာပါ ။ အာဆင်နယ်ရဲ့ အခုရသီမှာ အဆိုးဆုံး နောက်တန်းခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ကတော့ ဒေးဗစ်လုဇ်ဝစ် ပါပဲ။ တစ်ဖက်အသင်းတိုက်စစ်ကို ရပ်တန့်အောင် ဟန့်တားရမယ့်အခြေနေမျိုးတွေမှာ ဆုံးဖြတ်ချက်မှားယွင်းမှုတွေနဲ့ ဝါရင့်နောက်တန်းကစားသမားတစ်ယောက်ရဲ့ အတွေ့ကြုံနဲ့ အရည်ချင်းတွေကို မြင်တွေ့ခွင့်ဘယ်တော့များမှ မြင်တွေ့ရမလဲဆိုတဲ့ မေးခွန်းတွေလည်း ဆူညံနေပါတယ်။