ကတ္တလန္ရဲ႕ ျမက္ခင္းစိမ္းေပၚကစံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္လိုက္တဲ့ ၁၆ ႏွစ္သားေလး Ansu Fati

ေဘာလံုးရသ ကို အျပည့္ဝေပးစြမ္းႏိုင္ရံုသာမက မိနစ္ကိုးဆယ္စာအတြက္ အရည္ခ်င္းျပည့္မီတဲ့ ကစားသမားေတြကို ေမြးထုတ္ေပးေနတာကေတာ့ ဘာစီလိုနာ အကယ္ဒမီပဲ ျဖစ္ပါတယ္။ အခုလည္း ဘာစီလိုနာရဲ႕ အနာဂတ္ကာလ မွာ ေတာက္ပလာမယ့္ ေဘာလံုးၾကယ္ပြင့္ေလးတစ္ပြင့္ကို ၿပီးခဲ့တဲ့ တနဂၤေႏြက ဗလင္ဆီယာ နဲ႔ ယွဥ္ၿပိုင္ကစားတဲ့ပြဲကစၿပီး နူးကမ့္ ျမက္ခင္းစိမ္းေတြေပၚမွာ စတင္ေျပးလႊားခိုင္းလိုက္ပါၿပီ။ အခုခ်ိန္ကေတာ့ ဘာဆီလိုနာရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ မက္ဆီတစ္ေယာက္ က ဒဏ္ရာျပႆနာေတြနဲ႔ ယွဥ္ဆိုင္ေတြ႔ႀကံဳေနရတဲ့ အခ်ိန္မွာ သူ႔အတြက္ အခြင့္ေရးေကာင္းတစ္ခု ရရိွခဲ့တာ ျဖစ္တယ္လို႔ ဆိုလို႔ရပါမယ္ ။ လူငယ္တစ္ေယာက္အေနနဲ႔ ပရိုအသင္းမွာ ဝင္ေရာက္ကစားခြင့္ရရိွဖို႔ဆိုတာကေတာ့ ဘဝနဲ႔ရင္းၿပီး မက္ခဲ့ရတဲ့ အိမ္မက္တစ္ခုပဲ ျဖစ္ပါလိမ့္မယ္ ။

ထင္ေပၚရင္စင္ေတာ္က ေကာက္လိမ့္မယ္ဆိုတဲ့ စကားအတိုင္း အသက္ ၁၆ ႏွစ္နဲ႔ ၃၁၈ရက္သားေကာင္ေလးတစ္ေယာက္ျဖစ္တဲ့ အန္းဆု တစ္ေယာက္ကေတာ့ ေက်ာနံပါတ္ ၃၁ ကိုဝတ္ဆင္ၿပီးေတာ့ အေကာင္းဆံုးေျခစြမ္းကို ျပသသြားခဲ့ပါတယ္ ။ သူကေတာ့ အေကာင္းဆံုးေျခစြမ္းကို ျပသသြားႏိုင္ရံုသာမကပဲ ဘာစီလိုနာရဲ႕ ပရိုအသင္းမွာ အငယ္ဆံုးဆယ္ေက်ာ္သက္ ဂိုးသြင္းသူ ကစားသမားစာရင္းမွာ စံခ်ိန္တစ္ခု အျဖစ္မွတ္ေက်ာက္တင္ႏိုင္ခဲ့ပါေသးတယ္။ တစ္ခါက ဘာစီလိုနာရဲ႕ တိုက္စစ္မွဴး အီတိုးတစ္ေယာက္ အသက္ျပန္ငယ္ၿပီး နူးကမ့္ရဲ႕ ျမက္ခင္းစိမ္းေတြ ျပန္ေရာက္လာခဲ့သလို ခံစားမႈမ်ိဳး ေပးစြမ္းႏိုင္ခဲ့တဲ့ သူ႔အတြက္ကေတာ့ ဘာစီလိုနာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရယူသြားႏိုင္ၿပီ ျဖစ္ပါတယ္။

မက္ဆီကိုယ္တိုင္ကလည္း အန္းဆုကို “ သူကေတာ့ တကယ္ကို ေျခစြမ္းေျခစတကယ္ေကာင္းတဲ့ လူငယ္ေလးတစ္ေယာက္ပါ ။ သူရဲ႕ စြမ္းေဆာင္ႏိုင္မႈဘယ္ေလာက္ရိွသလဲဆိုတာ အခုဆိုရင္လူအမ်ားႀကီး ျမင္ၿပီးသြားၿပီ ေလ ။ ဒါေပမယ့္သူ စိတ္ရွည္ရွည္နဲ႔ အေကာင္းဆံုး သင့္ယူေလ့လာေနဖို႔လိုေသးတယ္”လို႔ေျပာျပသြားခဲ့ပါတယ္။ ဗဲလ္ဒက္စ္ကလည္း “က်ေနာ္သက္တမ္းတစ္ေလွ်ာက္မွာ ေဘာလံုးၿပိဳင္ပြဲ အမ်ားႀကီးကို ၾကည့္ခဲ့ဖူးၿပီးၿပီ ဒါေပမယ့္ အဲ့ဒီကေလးလို ကစားသမားမ်ိဳးကို ေယာင္လို႔ေတာင္ မေတြ႔မိသလိုပဲ”ဆိုၿပီးေတာ့ ခ်ီးမြမ္းေျပာဆိုသြားပါတယ္ ။ သူတို႔ရဲ႕ ခ်ီးက်ဴးစကားေတြနဲ႔ထိုက္တန္မႈ ရိွမရိွကိုေတာ့ ေနာက္လာမယ့္ ႏွစ္ေတြက အဆံုးျဖတ္ေပးပါလိမ့္မယ္။

Unicode

ဘောလုံးရသ ကို အပြည့်ဝပေးစွမ်းနိုင်ရုံသာမက မိနစ်ကိုးဆယ်စာအတွက် အရည်ချင်းပြည့်မီတဲ့ ကစားသမားတွေကို မွေးထုတ်ပေးနေတာကတော့ ဘာစီလိုနာ အကယ်ဒမီပဲ ဖြစ်ပါတယ်။ အခုလည်း ဘာစီလိုနာရဲ့ အနာဂတ်ကာလ မှာ တောက်ပလာမယ့် ဘောလုံးကြယ်ပွင့်လေးတစ်ပွင့်ကို ပြီးခဲ့တဲ့ တနင်္ဂနွေက ဗလင်ဆီယာ နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲကစပြီး နူးကမ့် မြက်ခင်းစိမ်းတွေပေါ်မှာ စတင်ပြေးလွှားခိုင်းလိုက်ပါပြီ။ အခုချိန်ကတော့ ဘာဆီလိုနာရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီတစ်ယောက် က ဒဏ်ရာပြဿနာတွေနဲ့ ယှဉ်ဆိုင်တွေ့ကြုံနေရတဲ့ အချိန်မှာ သူ့အတွက် အခွင့်ရေးကောင်းတစ်ခု ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုလို့ရပါမယ် ။ လူငယ်တစ်ယောက်အနေနဲ့ ပရိုအသင်းမှာ ဝင်ရောက်ကစားခွင့်ရရှိဖို့ဆိုတာကတော့ ဘဝနဲ့ရင်းပြီး မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ် ။

ထင်ပေါ်ရင်စင်တော်က ကောက်လိမ့်မယ်ဆိုတဲ့ စကားအတိုင်း အသက် ၁၆ နှစ်နဲ့ ၃၁၈ရက်သားကောင်လေးတစ်ယောက်ဖြစ်တဲ့ အန်းဆု တစ်ယောက်ကတော့ ကျောနံပါတ် ၃၁ ကိုဝတ်ဆင်ပြီးတော့ အကောင်းဆုံးခြေစွမ်းကို ပြသသွားခဲ့ပါတယ် ။ သူကတော့ အကောင်းဆုံးခြေစွမ်းကို ပြသသွားနိုင်ရုံသာမကပဲ ဘာစီလိုနာရဲ့ ပရိုအသင်းမှာ အငယ်ဆုံးဆယ်ကျော်သက် ဂိုးသွင်းသူ ကစားသမားစာရင်းမှာ စံချိန်တစ်ခု အဖြစ်မှတ်ကျောက်တင်နိုင်ခဲ့ပါသေးတယ်။ တစ်ခါက ဘာစီလိုနာရဲ့ တိုက်စစ်မှူး အီတိုးတစ်ယောက် အသက်ပြန်ငယ်ပြီး နူးကမ့်ရဲ့ မြက်ခင်းစိမ်းတွေ ပြန်ရောက်လာခဲ့သလို ခံစားမှုမျိုး ပေးစွမ်းနိုင်ခဲ့တဲ့ သူ့အတွက်ကတော့ ဘာစီလိုနာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရယူသွားနိုင်ပြီ ဖြစ်ပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း အန်းဆုကို “ သူကတော့ တကယ်ကို ခြေစွမ်းခြေစတကယ်ကောင်းတဲ့ လူငယ်လေးတစ်ယောက်ပါ ။ သူရဲ့ စွမ်းဆောင်နိုင်မှုဘယ်လောက်ရှိသလဲဆိုတာ အခုဆိုရင်လူအများကြီး မြင်ပြီးသွားပြီ လေ ။ ဒါပေမယ့်သူ စိတ်ရှည်ရှည်နဲ့ အကောင်းဆုံး သင့်ယူလေ့လာနေဖို့လိုသေးတယ်”လို့ပြောပြသွားခဲ့ပါတယ်။ ဗဲလ်ဒက်စ်ကလည်း “ကျနော်သက်တမ်းတစ်လျှောက်မှာ ဘောလုံးပြိုင်ပွဲ အများကြီးကို ကြည့်ခဲ့ဖူးပြီးပြီ ဒါပေမယ့် အဲ့ဒီကလေးလို ကစားသမားမျိုးကို ယောင်လို့တောင် မတွေ့မိသလိုပဲ”ဆိုပြီးတော့ ချီးမွမ်းပြောဆိုသွားပါတယ် ။ သူတို့ရဲ့ ချီးကျူးစကားတွေနဲ့ထိုက်တန်မှု ရှိမရှိကိုတော့ နောက်လာမယ့် နှစ်တွေက အဆုံးဖြတ်ပေးပါလိမ့်မယ်။