မိုးဟေကိုနဲ့ ရုပ်တူတယ်ဆိုတဲ့ အပေါ်ဖြေရှင်းလာတဲ့ ပိုင်တံခွန်



“မိဘတွေကို ကန်တော့ခဲ့တာနဲ့ပက်သက်ပြီးတော့ရော” ဘာဘဲဖြစ်ဖြစ် မိဘကိုကျွန်တော်အနေနဲ့ တက်နိုင်တဲ့ဖက်က ကုညီပေးခွင့်ရတာဘဲ ကျွန်တော်ပျော်တယ် “”ထိုင်းပရိသတ်တွေ အားပေးကျတဲ့အပေါ်ရော ဘာပြောချင်လဲ” ကျွန်တော်ဝမ်းသာရမဲ့ကိစ္စပါ သူများနိုင်ငံသွားတဲ့အခါ မျက်နှာမငယ်ဘဲနဲ့အမြဲတမ်း နေရာပေးခံရတယ်ဆိုတော့ ဝမ်းသာပါတယ်””မိုးနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်ရတဲ့အပေါ်မှာရော” မမိုးနဲ့ကျွန်တော်က မောင်နှမအရင်းလိုဖြစ်နေတာ ထွေထွေထူးထူးတော့မရှိပါဘူး ပျော်စရာလေးပေါ့ မမိုးနဲ့ကျွန်တော် အပြင်မှာရိုက်တုန်းကလဲ တစ်ချိန်လုံးပြောတယ် ရုပ်ချင်းတူတယ်လို့ သူလဲပြောပါတယ်”



Unicode

စတိုင်ခပ်မိုက်မိုက်နဲ့ မြန်မာတွင်သာမက ပြည်ပနိုင်ငံများမှာပါ အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် လိုင်းပေါ်မှာ ပရိသတ်တွေကြား ရုပ်တူတယ်လို့ နာမည်ကြီးခဲ့တဲ့မိုးဟေကို ပုံနဲ့အကြောင်းကို ပြောပြသွားပြီး အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ပြောကြားလာခဲ့ပါတယ်။

အခုလိုပရိသတ်နဲ့ပြန်တွေ့ရတဲ့ ခံစားချက်ကဘယ်လိုရှိလဲ ဆိုတဲ့အပေါ်မှာတော့” ပျော်တယ်အရမ်း ဒီရက်ပိုင်းကျွန်တော် ရန်ကုန်မှာပွဲမတက်ဖြစ်တာ အတော်ကြာပြီ အခုပရိသတ်တွေနဲ့ပြန်တွေ့ရတော့ မနေ့တစ်နေ့ကလိုဘဲပျော်တယ် ကိုယ်ကို ပရိသတ်ပိုချစ်လေ ကျွန်တော်တို့ကအဲ့အချစ်တွေ မလျော့အောင်ပိုကြိုးစားရလေပေါ့ အဓိကကတော့ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ကသူများနိုင်ငံမှာရော အထဲတစ်ဝင်အလုပ်လုပ်နေတာ မြန်မာပရိသတ်တွေ ကျတော့ ကျွန်တော်ထင်ပါတယ် ချစ်တဲ့ပရိသတ်တွေက သူများနိုင်ငံမှာမျက်နှာမငယ်အောင် ကျွန်တော်ကလဲ သူတို့အားပေးမှုနဲ့ဘဲ သူများနိုင်ငံမှာရပ်တည်တာ ခွန်အားတွေရတယ် အရင်ကထဲကကျွန်တော်က ပရိသတ်တွေနဲ့အပေးယူမျှပြီးသား ကျွန်တော်ပရိသတ်တွေကလဲ ကျွန်တော် ဘယ်လိုလူမျိုးလဲဆိုတာ ကောင်းကောင်းသိတယ် သိတဲ့အခါကျတော့ နားလည်တယ် ကျွန်တော်အပေါ်မှာအရမ်းလဲ နားလည်မှုရှိတယ် ဘယ်လိုပြောရမလဲ နားလည်ပေးတယ်ပေါ့”

“မိဘတွေကို ကန်တော့ခဲ့တာနဲ့ပက်သက်ပြီးတော့ရော” ဘာဘဲဖြစ်ဖြစ် မိဘကိုကျွန်တော်အနေနဲ့ တက်နိုူင်တဲ့ဖက်က ကုူညီပေးခွင့်ရတာဘဲ ကျွန်တော်ပျော်တယ် “”ထိုင်းပရိသတ်တွေ အားပေးကျတဲ့အပေါ်ရော ဘာပြောချင်လဲ” ကျွန်တော်ဝမ်းသာရမဲ့ကိစ္စပါ သူများနိုင်ငံသွားတဲ့အခါ မျက်နှာမငယ်ဘဲနဲ့အမြဲတမ်း နေရာပေးခံရတယ်ဆိုတော့ ဝမ်းသာပါတယ်””မိုးနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်ရတဲ့အပေါ်မှာရော” မမိုးနဲ့ကျွန်တော်က မောင်နှမအရင်းလိုဖြစ်နေတာ ထွေထွေထူးထူးတော့မရှိပါဘူး ပျော်စရာလေးပေါ့ မမိုးနဲ့ကျွန်တော် အပြင်မှာရိုက်တုန်းကလဲ တစ်ချိန်လုံးပြောတယ် ရုပ်ချင်းတူတယ်လို့ သူလဲပြောပါတယ်”

“ရင့်ကျက်လာတဲ့ လူတစ်ယောက်ဖြစ်လာတဲ့အခါရော ဘယ်လိုခံစားရလဲ” အရင်တုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့နော် ကျွန်တော် လိုက်ဖ်စတိုင်လ် အကုန်လုံးချိန်းဖြစ်တယ် အရင်ကထက်ပိုပြီးတော့ အလုပ်ကြိုးစားတယ် ဘယ်လိုပြောရမလဲ ကျွန်တော် အသက်နဲ့မလိုက်တဲ့ ခံစားချက်တွေ ကျွန်တော်ထဲမှာရှိတယ် ကျွန်တော်ပြောချင်တာ ရင့်ကျက်မှုတွေပေါ့ အရင်လိုမျိုးမြင်တိုင်းတွေ့တိုင်း လွယ်လွယ်နဲ့ရင်မခုန်တော့ဘူး ခဏခဏအထားခံရလို့ ”

ဘယ်လိုပုံစံမျိုးကိုရင်ခုန်လဲ ဆိုတာကိုတော့” ဘယ်လိုမှရင်မခုန်တော့ဘူး ဆိုပေမဲ့လဲ ကျွန်တော် ချစ်မိသွားရင်တော့လဲ ဘယ်လိုမှမရဘူးလေ မချစ်မိအောင်ဘဲကြိုးစားရတာပေါ့လို့ပြောသွားခဲ့ပါတယ်” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။