မောင်မျိုးမင်း (ရင်တွင်းဖြစ်) နေမကောင်းတဲ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ မင်းမော်ကွန်း
Unicode
မကြာသေးခင်က ကပြသွားတဲ့ နှင်းဆီလှေအငြိမ့်ဖျော်ဖြေပွဲကြီး မှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက ဒီပွဲနှင့်ပတ်သတ်ပြီး ပြင်ဆင်မှုများနှင့် ၄င်းတို့၏ ဆရာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နေမကောင်းတဲ့အကြောင်း ကိုလည်း ပရိသတ်ကြီးသိအောင်ပြောပြပေးချင်ပါတယ်။
ဒီပွဲက ရေဘေးသင့်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေရအောင် ကတဲ့ပွဲဖြစ်ကြောင်းလို့ ၄င်းကဆိုပါတယ်။ လေးယောက်လုံးကလည်း မအားတဲ့ကြားတဲ့က အချိန်လုပြီးကပြရတဲ့အတွက် ပြင်ဆင်မှုလေးတွေအနည်းငယ်လိုသွားပါလ်ိမ့်မယ်။ အဲ့ဒါကြောင့် ရတဲ့အချိန်လေးမှာအကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့အားလုံးကြိုးစားထားပါတယ်။ ပြက်လုံးဂွင်တွေကတော့ အားလုံးအကောင်းတွေချည်းပါပဲ။ ကောင်းတယ်ဆိုတာကလည်း ဦးအရိုင်းတို့ ဦးခင်လှိုင်တို့ က ဝိုင်းပြီး ပံ့ပိုးပေးတဲ့အတွက် ကြောင့်ပါ။
ဒီနှစ်ကနည်းနည်း ပိုခက်ခဲသွားတာကလည်း ဦးမျိုးက ပွဲစစီစဉ်ထဲက နှလုံးအားနည်းပြီး ခွဲစိတ်ရတယ်။ အဲ့ဒါကြောင့်ဆေးရုံတက်နေရတာနဲ့ ကျွန်တော်တို့ကို မကူနိုင်ဖြစ်သွားတာလဲပါပါတယ်။ ကျွန်တော်တို့ အကဖူးသေးတဲ့ ပြက်လုံးတွေ ဂွင်တွေပါပဲ ဦးအရိုင်း၊ ဦးခင်လှိုင်က ဝိုင်းပြီးပံ့ပိုးပေးပါတယ်။
လာရောက်အားပေးကြတဲ့ ပရိသတ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ ဒီနှစ်မှာကျွန်တော်တို့ Live မပြနိုင်တာကိုလည်း မကြည့်ရတဲ့ပရိသတ်တွေအတွက် စ်ိတ်မကောင်းဖြစ်မိပါတယ်။ သို့သော် Sky Net Pay Par View ကနေ ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းခွဲပြီး ပြန်လည်ပြသသွားမယ့် အစီအစဉ်ရှိကြောင်းလည်း မင်းမော်ကွန်းက သတင်းကောင်းပါးခဲ့ပါတယ်။