စပြန္ဆာ႐ုပ္႐ွင္ကားရဲ႕ ပုိစတာကုိ ေဝဖန္လုိက္တာ ဒါ႐ုိက္တာ ဏႀကီး

အေတြးသစ္ အျမင္သစ္ေတြနဲ႔ ဇာတ္လမ္းေကာင္းမ်ားစြာကုိ ပုံေဖာ္႐ုိက္ကူးေနၿပီး လတ္တေလာမွာေတာ့ ပရိသတ္က ေပးတဲ့ ျပည္သူအကယ္ဒမီဆုကုိ ရ႐ွိထားတဲ့ ဒါ႐ုိက္တာ ဏႀကီးကေတာ့ လတ္တေလာမွာ လူစိတ္ဝင္စားေနတဲ့ လူေျပာမ်ားေနတဲ့ စပြန္ဆာ႐ုပ္႐ွင္ကားရဲ႕ ပုိစတာနဲ႔ ပတ္သက္ၿပီး လူေတြစိတ္ဝင္စားမယ္ထင္တဲ့ဟာနဲ႔ Marketing မဆင္းသင့္ဘူးလုိ႔ အကုန္သိမီဒီယာနဲ႔ အင္တာဗ်ဴးမွာ အခုလုိပဲ ေဝဖန္သြားခဲ့ပါတယ္။

ဏႀကီးက “အဲ့တာကေတာ့ ဘယ္လုိေျပာမလဲ Marketing ေပါ့။ ကြၽန္ေတာ္ကုိယ္တုိင္ စပြန္ဆာဆုိတဲ့ ကားကုိ နာမည္ေရာ Marketing လုပ္တဲ့ပုံစံကုိေရာ နည္းနည္း Off ျဖစ္ေနတယ္လုိ႔ ကြၽန္ေတာ္ခံစားရတယ္။ ဒါက ကြၽန္ေတာ္႐ုပ္႐ွင္ၾကည့္ၿပီးသြားတဲ့အခ်ိန္မွာေပါ့ေနာ္။ ဘာလုိ႔လဲဆုိေတာ့ ဒါက ေမာင္ႏွမေမတၱာဘြဲ႔ကားမ်ိဳးေပါ့ေနာ္။ Marketing လုပ္တာက Angle ေတြ႐ွိတယ္ ကြၽန္ေတာ္ဆုိလုိတာက ကုိယ္သြားခ်င္တဲ့လမ္းကုိ သြားလုိ႔ရတယ္။ ေဝဖန္မႈဆုိတာကေတာ့ အျမင္မေတာ္တာေတြ႐ွိရင္ လူေတြက ေျပာၾကမွာပဲ။ ကုိယ္ကုိယ္တုိင္လည္း ေျပာခံခဲ့ရတယ္ဆုိေတာ့ ကြၽန္ေတာ္ကေတာ့ အမွန္တုိင္းေျပာတာ Film Maker ေတြေရာ ပရိသတ္ေတြေရာေပါ့ ႐ုပ္႐ွင္ကုိေတာ့ သစၥာ႐ွိေစခ်င္တယ္။ ႐ုပ္႐ွင္ထုတ္လုပ္တဲ့လူေတြ ႐ုပ္႐ွင္႐ုိက္ေနတဲ့လူေတြအတြက္ကလည္း သူတုိ႔႐ုပ္႐ွင္က ဘာပါဆုိတဲ့ဟာေပါ့ေနာ္ အဲ့တာကုိ ခုိင္ခုိင္မာမာ႐ွိေစခ်င္တယ္။

မိတ္ေဆြေတြပါပဲ ထုတ္လုပ္တဲ့သူလည္းမိတ္ေဆြေတြ ႐ုိက္တဲ့သူနဲ႔လည္း ကြၽန္ေတာ္နဲ႔ ခင္တယ္ေပါ့ေနာ္။ ဒါေပမဲ့ အဲ့လုိႀကီး လုိက္ေျပာေနရင္လည္း မၿပီးေတာ့ဘူးဆုိေတာ့ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္စိတ္ထဲမွာ ႐ွိတဲ့အတုိင္းေျပာတယ္။ ကုိယ့္႐ုပ္႐ွင္ကုိ သစၥာ႐ွိ႐ွိနဲ႔ ကုိယ္ဘာကုိ တကယ္လုပ္ခ်င္တာလဲ လူစိတ္ဝင္စားမယ္ထင္တဲ့ဟာနဲ႔ Marketing ေတာ့ မလုပ္သင့္ဘူးလုိ႔ ကြၽန္ေတာ္ထင္တယ္။ ဒါကေတာ့ ကြၽန္ေတာ့္ရဲ႕ အျမင္ကုိ ပြင့္ပြင့္လင္းလင္း ေျပာျပတာပါ။”လုိ႔ေျပာသြားခဲ့ပါတယ္။

႐ုပ္႐ွင္မၾကည့္ရေသးဘဲ ပုိစတာကုိပဲ ၾကည့္ၿပီး ေဝဖန္ေနၾကတာနဲ႔ပတ္သက္ၿပီး “ပုိစတာဆုိတာုလည္း လုံးဝ ကာဗာပဲ ႐ွိေသးတာေပါ့ေနာ္။ ဒါေပမဲ့လည္း အမွန္တုိင္းေျပာတာ ႐ုပ္႐ွင္တစ္ကားရဲ႕ အဓိပၸါယ္က ပုိစတာမွာ ေပၚေနရတယ္။ အေရးအႀကီးဆုံးဟာေပါ့ေနာ္။ အဲ့အတြက္ေၾကာင့္လည္း ႐ုပ္႐ွင္အေပၚသစၥာ႐ွိေစခ်င္တယ္ဆုိတာ အဲ့တာေၾကာင့္။ ဒါေပမဲ့လည္း အဲ့ကာဗာေလး တစ္ခုမွာပဲ ေဝဖန္ေနမယ္ဆုိရင္ေတာ့ နည္းနည္း တရားလြန္ရာၾကမယ္။ ႐ုပ္႐ွင္တစ္ကားလုံးၾကည့္ၿပီး ေဝဖန္တာကေတာ့ ပုိေကာင္းတဲ့အရာေပါ့။”လုိ႔ေျပာသြားခဲ့ပါတယ္။

Unicode

အတွေးသစ် အမြင်သစ်တွေနဲ့ ဇာတ်လမ်းကောင်းများစွာကို ပုံဖော်ရိုက်ကူးနေပြီး လတ်တလောမှာတော့ ပရိသတ်က ပေးတဲ့ ပြည်သူအကယ်ဒမီဆုကို ရရှိထားတဲ့ ဒါရိုက်တာ ဏကြီးကတော့ လတ်တလောမှာ လူစိတ်ဝင်စားနေတဲ့ လူပြောများနေတဲ့ စပွန်ဆာရုပ်ရှင်ကားရဲ့ ပိုစတာနဲ့ ပတ်သက်ပြီး လူတွေစိတ်ဝင်စားမယ်ထင်တဲ့ဟာနဲ့ Marketing မဆင်းသင့်ဘူးလို့ အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ်။

ဏကြီးက “အဲ့တာကတော့ ဘယ်လိုပြောမလဲ Marketing ပေါ့။ ကျွန်တော်ကိုယ်တိုင် စပွန်ဆာဆိုတဲ့ ကားကို နာမည်ရော Marketing လုပ်တဲ့ပုံစံကိုရော နည်းနည်း Off ဖြစ်နေတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါက ကျွန်တော်ရုပ်ရှင်ကြည့်ပြီးသွားတဲ့အချိန်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒါက မောင်နှမမေတ္တာဘွဲ့ကားမျိုးပေါ့နော်။ Marketing လုပ်တာက Angle တွေရှိတယ် ကျွန်တော်ဆိုလိုတာက ကိုယ်သွားချင်တဲ့လမ်းကို သွားလို့ရတယ်။ ဝေဖန်မှုဆိုတာကတော့ အမြင်မတော်တာတွေရှိရင် လူတွေက ပြောကြမှာပဲ။ ကိုယ်ကိုယ်တိုင်လည်း ပြောခံခဲ့ရတယ်ဆိုတော့ ကျွန်တော်ကတော့ အမှန်တိုင်းပြောတာ Film Maker တွေရော ပရိသတ်တွေရောပေါ့ ရုပ်ရှင်ကိုတော့ သစ္စာရှိစေချင်တယ်။ ရုပ်ရှင်ထုတ်လုပ်တဲ့လူတွေ ရုပ်ရှင်ရိုက်နေတဲ့လူတွေအတွက်ကလည်း သူတို့ရုပ်ရှင်က ဘာပါဆိုတဲ့ဟာပေါ့နော် အဲ့တာကို ခိုင်ခိုင်မာမာရှိစေချင်တယ်။ မိတ်ဆွေတွေပါပဲ ထုတ်လုပ်တဲ့သူလည်းမိတ်ဆွေတွေ ရိုက်တဲ့သူနဲ့လည်း ကျွန်တော်နဲ့ ခင်တယ်ပေါ့နော်။ ဒါပေမဲ့ အဲ့လိုကြီး လိုက်ပြောနေရင်လည်း မပြီးတော့ဘူးဆိုတော့ ကျွန်တော်ကတော့ ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောတယ်။ ကိုယ့်ရုပ်ရှင်ကို သစ္စာရှိရှိနဲ့ ကိုယ်ဘာကို တကယ်လုပ်ချင်တာလဲ လူစိတ်ဝင်စားမယ်ထင်တဲ့ဟာနဲ့ Marketing တော့ မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။”လို့ပြောသွားခဲ့ပါတယ်။

ရုပ်ရှင်မကြည့်ရသေးဘဲ ပိုစတာကိုပဲ ကြည့်ပြီး ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး “ပိုစတာဆိုတာုလည်း လုံးဝ ကာဗာပဲ ရှိသေးတာပေါ့နော်။ ဒါပေမဲ့လည်း အမှန်တိုင်းပြောတာ ရုပ်ရှင်တစ်ကားရဲ့ အဓိပ္ပါယ်က ပိုစတာမှာ ပေါ်နေရတယ်။ အရေးအကြီးဆုံးဟာပေါ့နော်။ အဲ့အတွက်ကြောင့်လည်း ရုပ်ရှင်အပေါ်သစ္စာရှိစေချင်တယ်ဆိုတာ အဲ့တာကြောင့်။ ဒါပေမဲ့လည်း အဲ့ကာဗာလေး တစ်ခုမှာပဲ ဝေဖန်နေမယ်ဆိုရင်တော့ နည်းနည်း တရားလွန်ရာကြမယ်။ ရုပ်ရှင်တစ်ကားလုံးကြည့်ပြီး ဝေဖန်တာကတော့ ပိုကောင်းတဲ့အရာပေါ့။”လို့ပြောသွားခဲ့ပါတယ်။