MC ကယားေလးနဲ႔Rap က်ားႀကီးတုိ႔ရဲ႕ MTV ကုိျဖစ္သလုိ႐ုိက္တာမဟုတ္ဘူးဆုိတဲ့ ယုန္ေလး

အႏုပညာေလာကထဲမွာ ပရိသတ္ေတြအတြက္ အဆုိပုိင္းေရာ သ႐ုပ္ေဆာင္ပုိင္းေရာ ဒါ႐ုိက္တာပုိင္းေရာ သုံးခုလုံးကုိ အေကာင္းဆုံးလုပ္ေဆာင္ေနတဲ့ ယုန္ေလးကေတာ့ ကယားျပည္နယ္လြိဳင္ေကာ္က Hip Hop ဝါသနာ႐ွင္ ႏွစ္ေယာက္ျဖစ္တဲ့ MC ကယားေလးနဲ႔Rap က်ားႀကီးတုိ႔ကုိ ရန္ကုန္ကုိေခၚၿပီး MTV ႐ုိက္ေပးတာက ျဖစ္သလုိပုံနဲ႔ ႐ုိက္ထားတာမဟုတ္ဘူးလုိ႔ အကုန္သိမီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

ယုန္ေလးက “လူငယ္ေတြအတြက္ေတာ့ ဥပမာေပါ့ေနာ္ ကြၽန္ေတာ့္ကုိလည္း တခ်ိဳ႕ေတြက ဒီေကာင္ေတြက ဒီေလာက္ေကာင္းတယ္ ဒီေကာင္ေတြက ပုိေကာင္းတယ္ေပါ့။ ကြၽန္ေတာ္က ဒါေတြက ၾကဳံၾကဳိက္လုိ႔ဗ်ာ ကံအက်ိဳးမေၾကာင္းေတြလည္း ႐ွိေသးတာကုိ။ ကြၽန္ေတာ္တုိ႔ တုန္းကလည္း ဘယ္သူမွ တြဲေခၚခဲ့တာမဟုတ္ဘူး။ ဘယ္သူမွ သင္ေပးခဲ့တာလည္းမဟုတ္ဘူး ဒါေပမဲ့ အဲ့တာကုိ ကြၽန္ေတာ္တုိ႔က ထုိင္ဆဲေနလုိ႔လည္းမရဘူး။ ကြၽန္ေတာ့္ကုိပြဲမေခၚဘဲနဲ႔ ေနာက္ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ကုိ ပြဲေခၚသြားတယ္ သင္ေပးရင္လည္း ကြၽန္ေတာ့္ကုိမသင္ေပးဘူး။ အဲတာႀကီးကုိ ထုိင္ၿပီးေတာ့ ငါ့ကုိမလုပ္ေပးဘူးဆုိၿပီး ဆဲေနမယ္ဆုိရင္ေတာ့ မွားေနတယ္။ ဒါကလည္း ဘယ္သူမွ မကူညီခဲ့တဲ့ဘဝမွာ ႐ုန္းခဲ့ရတယ္။

ကြၽန္ေတာ္ အျမင္မေတာ္တာေတြက ဒီလုိမ်ိဴး အႏုပညာဘက္ျခမ္းမွာမွ မဟုတ္ဘူး။ လုိအပ္ေနတဲ့လူေတြကုိ ေပးႏုိင္တယ္ ကမ္းႏုိင္တယ္ ကူညီၿပီးသားပါ။ ကူညီတုိင္းလည္း Facebook မတင္ျဖစ္ပါဘူး။ တင္ျဖစ္တဲ့အခါ႐ွိသလုိမတင္ျဖစ္တဲ့အခါလည္း႐ွိပါတယ္။ ဒါကေတာ့ ဒီလုိပဲ သြားေနတာဆုိေတာ့ တုိက္ဆုိင္တာလည္းပါတယ္။ ကြၽန္ေတာ့္မွာလည္း ကူညီဖုိ႔အခ်ိန္ေလးလည္း အားေနတယ္အခ်ိန္လည္းျဖစ္ရမယ္ ကူညီႏုိင္တဲ့ အေနအထားလည္း႐ွိရမယ္။ ဥပမာ ကြၽန္ေတာ္အဲ့အခ်ိန္မွာ မအားဘူး အဲ့လုိဆုိသူတုိ႔ကုိ ကူညီႏုိင္မွာမဟုတ္ဘူး။ စိတ္ကူးထဲကပဲ ဒီေကာင္ေလးေတြကုိ ငါလုပ္ေပးခ်င္လုိက္တာ။ အဲလုိ႔ေတာ့႐ွိတယ္ လုပ္ေပးခ်င္လုိက္တာ ေထာက္ပံ့ေပးခ်င္လုိက္တာ ကြၽန္ေတာ့္မွာ ပုိက္ဆံမ႐ွိတဲ့အခ်ိန္ေတြ အဆင္မေျပတဲ့အခ်ိန္ေတြဆုိ စိတ္မေကာင္းဘူး ဒီလုိပဲ ခ်န္ခဲ့ရတာ။ သူတုိ႔နဲ႔ၾကေတာ့ ကြၽန္ေတာ္ကူညီႏုိင္တဲ့ ကာလမွာမုိ႔လုိ႔ သူတုိ႔ကုိလွမ္းေခၚတယ္ သီခ်င္းျပန္သြင္းေပးတယ္။ ကုိယ္ေတာင္သီခ်င္းမဆုိဘူး ကုိယ့္သီခ်င္းေတာင္ MTV မ႐ုိက္တာ အားအားယားယားဗ်ာ သူမ်ားဟာကုိ႐ုိက္တာ။ ေနာက္တစ္ခုက ျဖစ္ရင္ၿပီးေရာဆုိၿပီး Camera ယူၿပီး လွတဲ့Location ကုိဟုိပတ္ေျပးဒီပတ္ေျပး႐ုိက္တာလည္းမဟုတ္ဘူး ဒါကေတာ့ ထြက္လာရင္ၾကည့္လုိက္ပါ။”လုိ႔ေျပာသြားခဲ့ပါတယ္။

Unicode

အနုပညာလောကထဲမှာ ပရိသတ်တွေအတွက် အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းရော ဒါရိုက်တာပိုင်းရော သုံးခုလုံးကို အကောင်းဆုံးလုပ်ဆောင်နေတဲ့ ယုန်လေးကတော့ ကယားပြည်နယ်လွိုင်ကော်က Hip Hop ဝါသနာရှင် နှစ်ယောက်ဖြစ်တဲ့ MC ကယားလေးနဲ့Rap ကျားကြီးတို့ကို ရန်ကုန်ကိုခေါ်ပြီး MTV ရိုက်ပေးတာက ဖြစ်သလိုပုံနဲ့ ရိုက်ထားတာမဟုတ်ဘူးလို့ အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ယုန်လေးက “လူငယ်တွေအတွက်တော့ ဥပမာပေါ့နော် ကျွန်တော့်ကိုလည်း တချို့တွေက ဒီကောင်တွေက ဒီလောက်ကောင်းတယ် ဒီကောင်တွေက ပိုကောင်းတယ်ပေါ့။ ကျွန်တော်က ဒါတွေက ကြုံကြိုက်လို့ဗျာ ကံအကျိုးမကြောင်းတွေလည်း ရှိသေးတာကို။ ကျွန်တော်တို့ တုန်းကလည်း ဘယ်သူမှ တွဲခေါ်ခဲ့တာမဟုတ်ဘူး။ ဘယ်သူမှ သင်ပေးခဲ့တာလည်းမဟုတ်ဘူး ဒါပေမဲ့ အဲ့တာကို ကျွန်တော်တို့က ထိုင်ဆဲနေလို့လည်းမရဘူး။ ကျွန်တော့်ကိုပွဲမခေါ်ဘဲနဲ့ နောက်ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ပွဲခေါ်သွားတယ် သင်ပေးရင်လည်း ကျွန်တော့်ကိုမသင်ပေးဘူး။ အဲတာကြီးကို ထိုင်ပြီးတော့ ငါ့ကိုမလုပ်ပေးဘူးဆိုပြီး ဆဲနေမယ်ဆိုရင်တော့ မှားနေတယ်။ ဒါကလည်း ဘယ်သူမှ မကူညီခဲ့တဲ့ဘဝမှာ ရုန်းခဲ့ရတယ်။

ကျွန်တော် အမြင်မတော်တာတွေက ဒီလိုမျိူး အနုပညာဘက်ခြမ်းမှာမှ မဟုတ်ဘူး။ လိုအပ်နေတဲ့လူတွေကို ပေးနိုင်တယ် ကမ်းနိုင်တယ် ကူညီပြီးသားပါ။ ကူညီတိုင်းလည်း Facebook မတင်ဖြစ်ပါဘူး။ တင်ဖြစ်တဲ့အခါရှိသလိုမတင်ဖြစ်တဲ့အခါလည်းရှိပါတယ်။ ဒါကတော့ ဒီလိုပဲ သွားနေတာဆိုတော့ တိုက်ဆိုင်တာလည်းပါတယ်။ ကျွန်တော့်မှာလည်း ကူညီဖို့အချိန်လေးလည်း အားနေတယ်အချိန်လည်းဖြစ်ရမယ် ကူညီနိုင်တဲ့ အနေအထားလည်းရှိရမယ်။ ဥပမာ ကျွန်တော်အဲ့အချိန်မှာ မအားဘူး အဲ့လိုဆိုသူတို့ကို ကူညီနိုင်မှာမဟုတ်ဘူး။ စိတ်ကူးထဲကပဲ ဒီကောင်လေးတွေကို ငါလုပ်ပေးချင်လိုက်တာ။ အဲလို့တော့ရှိတယ် လုပ်ပေးချင်လိုက်တာ ထောက်ပံ့ပေးချင်လိုက်တာ ကျွန်တော့်မှာ ပိုက်ဆံမရှိတဲ့အချိန်တွေ အဆင်မပြေတဲ့အချိန်တွေဆို စိတ်မကောင်းဘူး ဒီလိုပဲ ချန်ခဲ့ရတာ။ သူတို့နဲ့ကြတော့ ကျွန်တော်ကူညီနိုင်တဲ့ ကာလမှာမို့လို့ သူတို့ကိုလှမ်းခေါ်တယ် သီချင်းပြန်သွင်းပေးတယ်။ ကိုယ်တောင်သီချင်းမဆိုဘူး ကိုယ့်သီချင်းတောင် MTV မရိုက်တာ အားအားယားယားဗျာ သူများဟာကိုရိုက်တာ။ နောက်တစ်ခုက ဖြစ်ရင်ပြီးရောဆိုပြီး Camera ယူပြီး လှတဲ့Location ကိုဟိုပတ်ပြေးဒီပတ်ပြေးရိုက်တာလည်းမဟုတ်ဘူး ဒါကတော့ ထွက်လာရင်ကြည့်လိုက်ပါ။”လို့ပြောသွားခဲ့ပါတယ်။