အိမ်ထောင်ပြုဖို့က လိုတော့လိုပါသေးတယ်ဆိုတဲ့မိုးအောင်ရင်





unicode

ပရိသတ်တွေ အားပေးမှု အပြည့်အဝ ရရှိထားတဲ့မင်းသား တယောက်ဖြစ်တဲ့မိုးအောင်ရင်ကတော့ မူးယစ်ဆေးမှုကြောင့် ပြသာနာတွေ ရင်ဆိုင်ခဲ့ရပြီး လက်ရှိချိန်မှာတော့ပရိသတ်တွေထံ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထောင်ကထွက်လာပြီး သိပ်မကြာခင်မှာပဲရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်နေရပြီး သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပြောကြားသွား ခဲ့ပါတယ်။

အိမ်ထောင်ပြုဖို့အစီစဉ်ရော ရှိပြီလားဆိုတာကိုတော့ မိုးအောင်ရင်က ” အဲ့ဒါကတော့ ကျွန်တော်ကိုယ်ဟာကို ပြန်ပြီးနလန်ထူပြီး ကျွန်တော်အေးဆေးလျှောက်နိုင်ပြီ ဆိုရင်တော့ ခုနကပြောတဲ့ဟာကို စဉ်းစားမှာပေါ့ အဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်တော့ အိမ်ထောင်ပြုဖို့က မလွယ်ဘူးခင်ဗျ လောလောဆယ်တော့ ပြန်လည်ထူထောင်ရေးကာလ ဆိုတော့လိုတော့လိုပါသေးတယ်”

ြုပန်လည်ထူထောင်ရေးကာလဆိုတော့ အချိန်ဘယ်လောက်သက်မှတ်ထားလဲ ” အဲ့ဒါကတော့ အချိန်သတ်မှတ်လို့မရသေးဘူး သတ်မှတ်လို့မရဘူးဆိုတာက ကိုယ်ကသတ်မှတ်ထားပေမဲ့ အဲ့ပြန်လည်ထူထောင်ဖို့အရာက သူဟာသူဖြစ်လာမှာလေ လောလောဆယ်တော့ ကျွန်တော် နောက်ထက် ၆လလောက်နေမှ ကားရိုက်ရမယ်လို့ထင်ထားတာမျိုးလေ ပြန်ထွက်လာတော့ ၆လ၁နှစ်လောက်နေမှ ငါအလုပ်ကောင်းကောင်းပြန်လုပ်ရမယ်ပေါ့ အဲ့ဒါအခုကအဲ့လိုမဟုတ်ဘူး ၃လဘဲကြာလိုက်တယ် အခုကားပြန်ရိုက်ရတယ် အဲ့တော့ကျွန်တော်သတ် မှတ်ချက်က နှနှစ်လောက်ကြာမယ် သုံးနှစ်လောက်ကြာမယ်လို့ ကျွန်တော်တွေးထားပေမယ့် အခုတော့မြန်သွားသေးတာပေါ့

အခုလဲခုနပြောသလို အချိန်အတိုအတွင်းမှာ ဇာတ်ကားပြန်ရိုက်ရတယ် နောက်ထက်လဲရိုက်ရဖို့ဆက်ပြီးပြောထားတာတွေရှိတယ် တခြားသောအလုပ်တွေပြောထားတာလဲရှိတယ် ပြောထားဆဲပေါ့ လက်တွေ့အကောင်အထည်မဖော်ရသေးဘူးဆိုတော့ ဘယ်တော့ဖြစ်မလဲမသိဘူး အဲ့ဒါတွေသူဟာသူ ပုံမှန်သွားနေရင်တော့ ကျွန်တော်ထင်တာ တနှစ်လောက်နဲ့ပြီးမယ်လို့တော့ မျှော်လင့်မိတယ် ဒါကကိုယ်ဟာကိုမျှော်လင့်တာ ဖြစ်လာမလားဆိုဒါတော့ စောင့်ကြည့်မှသိမယ် ဖြစ်လာလာ မဖြစ်လာလာ ကျွန်တော်ကိုအားပေးနေတဲ့ ပရိသက်ကိုကျေးဇူးတင် သူတို့သာမရှိရင် ကျွန်တော်အခုချိန်ကားလဲရိုက်ရမှာမဟုတ်ဘူး အခုလိုဆက်ပြီးအားပေးနေလို့ပေါ့” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။