နိုင္နိုင္းကို ကိုယ့္အေဖတစ္ေယာက္လိုမ်ိဳး စိတ္ႏွစ္ၿပီး သ႐ုပ္ေဆာင္ထားတယ္ဆိုတဲ႔ ျပည္႔ျပည္႔

လိပ္ျပာစံအိမ္ဇာတ္ကားမွာ စၿပီးပရိတ္သတ္မ်ား သတိထားမိၿပီး အသက္ငယ္ေပမယ့္လည္း ဇာတ္႐ုပ္ေတြကို ေသခ်ာပိုင္နိုင္စြာသ႐ုပ္ေဆာင္နိုင္တဲ့ ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္က လတ္တေလာမွာေတာ့ ကမၻာႏွစ္ထပ္႐ုပ္ရွင္ဇာတ္ကားမွာပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားကေတာ့ ဖခင္တစ္ေယာက္ရဲ့ ေမတၱာကို ေဖာ္က်ဴးထားတဲ့ ဇာတ္ကားျဖစ္ၿပီး သ႐ုပ္ေဆာင္ နိုင္းနိုင္း ေမကဗ်ာတို႔လည္း ပါဝင္ပါတယ္။ ယေန႔မွာေတာ့ ျပည့္ျပည့္အေနနဲ႔ ဇာတ္ကားရိုက္တုန္းက အေတြ႕အၾကဳံေတြနဲ႔ အမွတ္တရေတြကိုေျပာျပသြားခဲ့ပါတယ္။

ဒီကားကို အရမ္းၾကည့္ခ်င္ေနပါၿပီ။ ၿပီးေတာ့ အဲ့ကားထဲမွာ သမီးကိုယ္တိုင္ သီခ်င္းလည္း ဆိုထားပါတယ္။ ဒီ ကမၻာႏွစ္ထပ္ဇာတ္ကားရိုက္တုန္းကဆို အမွတ္တရေတြ အမ်ားႀကီးရွိပါတယ္။ ေနျပည္ေတာ္မွာဆိုလို႔ရွိရင္လည္း ေရေတြကူးၾက ကေလာသြားတုန္းကဆိုရင္ ဦးေက်ာ္သူက တို႔ဟူးေႏြးေတြ ဝယ္ေကၽြး ႏွစ္မိနစ္‌ေလာက္နဲ႔ တို႔‌ဟူးေႏြးက ခဲသြားတယ္။ ေရေႏြးေတြဆိုလည္း ထည့္ၿပီး ခဏေနတာနဲ႔ ခ်က္ခ်င္းေအးသြားတဲ့အထိ ရာသီဥတုလည္း အရမ္းေအးတာေပါ့ေနာ္။

မနက္သုံးနာရီေလာက္ထဲက ေတာင္ေပၚတက္ ဦးနိုင္နိုင္းကတစ္လွည့္ တစ္ေယာက္ခ်င္းစီ ကုန္းပိုးၿပီးတက္ခဲ့ၿပီး ရိုက္ခဲ့ရတာပါ။ အဲ့တုန္းကဆို အရမ္းခ်မ္းေတာ့ သမီးတို႔ဆို အကၤ်ီေလးထပ္ေလာက္ ဝတ္ရတယ္။အဲ့ကားထဲမွာက သမီးက ဦးနိုင္နိုင္းကို ကိုယ့္အေဖတစ္ေယာက္လိုမ်ိဳး စိတ္ႏွစ္ၿပီး သ႐ုပ္ေဆာင္ထားပါတယ္။ အျပင္မွာဆို အေဖ့ကို သမီးကအရမ္းခ်စ္တာ‌ အေဖအေမထိရင္ လုံးဝမခံဘူး စိတ္ကမရဘူး ငိုတယ္။ ငိုတဲ့အခန္းေတြမွာဆိုရင္ အေဖ‌ သ‌ေဘၤာတက္တုန္းက လြမ္းတာကို ျပန္ေတြ႕ခ်င္တာေတြကို စိတ္သြင္းၿပီးေတြးငိုတယ္။ အေဖရွိရင္ အေမက ရိုက္တယ္ဆိုၿပီး ငိုတယ္။ အေမတစ္ခုခု ဝမ္းနည္းေနတာကိုလည္း ၾကည့္ၿပီးငိုတယ္။

ဦးနိုင္နိုင္းကေတာ့ သင္ေပးတာေတြအမ်ားႀကီးပဲ ငိုရမယ့္ အခန္းေတြမလုပ္တတ္ရင္လည္း သင္ေပးပါတယ္။ မွားေနတာေတြရွိရင္လည္း ျပန္ျပင္ေပးတယ္။ ဒီကားထဲမွာက သမီး အေဖနဲ႔ အေမက ကြဲေနတာဆိုေတာ့ ဦးနိုင္နိုင္းနဲ႔က ခြဲေနရတယ္။ အေမနဲ႔ပဲေနရတာေပါ့ေနာ္ အဲ့moodကိုလည္း ရေအာင္ သြင္းေပးပါတယ္။ေတာင္ေပၚမွာရိုက္ရတဲ့အခန္းမွာလည္း ဦးနိုင္နိုင္းက သမီးကိုခ်ီလာရေတာ့ ေက်ာေတြေညာင္းေနတာ သမီးက အဲ့မွာ ငိုရမယ့္အခန္းရိုက္ရမွာဆိုေတာ့ ငိုတာေပါ့ေနာ္ မ်က္ရည္လည္း က်ေနၿပီ အဲ့မွာ ဦးနိုင္နိုင္းက ေနပါအုံး သူေညာင္းလို႔ပါဆိုၿပီး ေမာေနလို႔ပါ ခဏေနပါအုံးဆိုၿပီး အမွတ္တရေတြအမ်ားႀကီးရွိခဲ့ပါတယ္။

လိပ္ျပာစံအိမ္ဇာတ္ကားတုန္းကလည္း ေတာ္ေတာ္မ်ားမ်ား ဦးနိုင္နိုင္းက အမ်ားႀကီးသင္ေပးပါတယ္။ လိပ္ျပာစံအိမ္ကက်ေတာ့ သရဲကာရိုက္တာေပါ့ေနာ္ ဒီကမၻာႏွစ္ထပ္ကက်ေတာ့ Dramaဆိုေတာ့ သ႐ုပ္‌ေဆာင္ရတဲ့ ခံစားခ်က္က နည္းနည္းေတာ့ ကြာပါတယ္။ ဒီကားမွာ ငိုရတဲ့အခန္းပိုမ်ားတယ္။ ၿပီးေတာ့ ေပ်ာ္ဖို႔ေကာင္းတာေတြ ဟာသေလးေတြလည္း ပါပါတယ္။ လိပ္ျပာစံအိမ္ကက်ေတာ့ သရဲေျခာက္တဲ့အခန္းေတြခ်ည္းပဲဆိုေတာ့ ေၾကာက္စရာအရမ္းေကာင္းတယ္။အခုသမီးက မိုင္းဆက္မွာ ေက်ာင္းတက္ေနတာဆိုေတာ့ သူငယ္ခ်င္းေတြက မိုင္းဆက္မွာ သူတို႔က မၾကည့္ျဖစ္ဘူး။ Trailerၾကည့္ၿပီးေတာ့ အရမ္းေကာင္းတယ္လို႔ေတာ့ ေျပာၾကတယ္။ ပရိတ္သတ္ေတြကိုလည္း ဒီကားေလးကို လာၾကည့္ဖို႔ ‌ဖိတ္ေခၚပါတယ္ရွင့္။”ဆိုၿပီး ဇာတ္ကားပတ္သက္ၿပီး အမွတ္တရေတြ ပါဝင္ခဲ့ရတဲ့ ကာရိုက္တာအေၾကာင္းေတြကို ေျပာျပသြားခဲ့ပါတယ္။

ကမၻာႏွစ္ထပ္႐ုပ္ရွင္ဇာတ္ကားႀကီးကို Oct 10ရက္ေန႔ကစၿပီး တစ္နိုင္ငံလုံးမွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Unicode

လိပ်ပြာစံအိမ်ဇာတ်ကားမှာ စပြီးပရိတ်သတ်များ သတိထားမိပြီး အသက်ငယ်ပေမယ့်လည်း ဇာတ်ရုပ်တွေကို သေချာပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က လတ်တလောမှာတော့ ကမ္ဘာနှစ်ထပ်ရုပ်ရှင်ဇာတ်ကားမှာပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကတော့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း မေကဗျာတို့လည်း ပါဝင်ပါတယ်။ ယနေ့မှာတော့ ပြည့်ပြည့်အနေနဲ့ ဇာတ်ကားရိုက်တုန်းက အတွေ့အကြုံတွေနဲ့ အမှတ်တရတွေကိုပြောပြသွားခဲ့ပါတယ်။

ဒီကားကို အရမ်းကြည့်ချင်နေပါပြီ။ ပြီးတော့ အဲ့ကားထဲမှာ သမီးကိုယ်တိုင် သီချင်းလည်း ဆိုထားပါတယ်။ ဒီ ကမ္ဘာနှစ်ထပ်ဇာတ်ကားရိုက်တုန်းကဆို အမှတ်တရတွေ အများကြီးရှိပါတယ်။ နေပြည်တော်မှာဆိုလို့ရှိရင်လည်း ရေတွေကူးကြ ကလောသွားတုန်းကဆိုရင် ဦးကျော်သူက တို့ဟူးနွေးတွေ ဝယ်ကျွေး နှစ်မိနစ်‌လောက်နဲ့ တို့‌ဟူးနွေးက ခဲသွားတယ်။ ရေနွေးတွေဆိုလည်း ထည့်ပြီး ခဏနေတာနဲ့ ချက်ချင်းအေးသွားတဲ့အထိ ရာသီဥတုလည်း အရမ်းအေးတာပေါ့နော်။

မနက်သုံးနာရီလောက်ထဲက တောင်ပေါ်တက် ဦးနိုင်နိုင်းကတစ်လှည့် တစ်ယောက်ချင်းစီ ကုန်းပိုးပြီးတက်ခဲ့ပြီး ရိုက်ခဲ့ရတာပါ။ အဲ့တုန်းကဆို အရမ်းချမ်းတော့ သမီးတို့ဆို အင်္ကျီလေးထပ်လောက် ဝတ်ရတယ်။အဲ့ကားထဲမှာက သမီးက ဦးနိုင်နိုင်းကို ကိုယ့်အဖေတစ်ယောက်လိုမျိုး စိတ်နှစ်ပြီး သရုပ်ဆောင်ထားပါတယ်။ အပြင်မှာဆို အဖေ့ကို သမီးကအရမ်းချစ်တာ‌ အဖေအမေထိရင် လုံးဝမခံဘူး စိတ်ကမရဘူး ငိုတယ်။ ငိုတဲ့အခန်းတွေမှာဆိုရင် အဖေ‌ သ‌င်္ဘောတက်တုန်းက လွမ်းတာကို ပြန်တွေ့ချင်တာတွေကို စိတ်သွင်းပြီးတွေးငိုတယ်။ အဖေရှိရင် အမေက ရိုက်တယ်ဆိုပြီး ငိုတယ်။ အမေတစ်ခုခု ဝမ်းနည်းနေတာကိုလည်း ကြည့်ပြီးငိုတယ်။

ဦးနိုင်နိုင်းကတော့ သင်ပေးတာတွေအများကြီးပဲ ငိုရမယ့် အခန်းတွေမလုပ်တတ်ရင်လည်း သင်ပေးပါတယ်။ မှားနေတာတွေရှိရင်လည်း ပြန်ပြင်ပေးတယ်။ ဒီကားထဲမှာက သမီး အဖေနဲ့ အမေက ကွဲနေတာဆိုတော့ ဦးနိုင်နိုင်းနဲ့က ခွဲနေရတယ်။ အမေနဲ့ပဲနေရတာပေါ့နော် အဲ့moodကိုလည်း ရအောင် သွင်းပေးပါတယ်။တောင်ပေါ်မှာရိုက်ရတဲ့အခန်းမှာလည်း ဦးနိုင်နိုင်းက သမီးကိုချီလာရတော့ ကျောတွေညောင်းနေတာ သမီးက အဲ့မှာ ငိုရမယ့်အခန်းရိုက်ရမှာဆိုတော့ ငိုတာပေါ့နော် မျက်ရည်လည်း ကျနေပြီ အဲ့မှာ ဦးနိုင်နိုင်းက နေပါအုံး သူညောင်းလို့ပါဆိုပြီး မောနေလို့ပါ ခဏနေပါအုံးဆိုပြီး အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။

လိပ်ပြာစံအိမ်ဇာတ်ကားတုန်းကလည်း တော်တော်များများ ဦးနိုင်နိုင်းက အများကြီးသင်ပေးပါတယ်။ လိပ်ပြာစံအိမ်ကကျတော့ သရဲကာရိုက်တာပေါ့နော် ဒီကမ္ဘာနှစ်ထပ်ကကျတော့ Dramaဆိုတော့ သရုပ်‌ဆောင်ရတဲ့ ခံစားချက်က နည်းနည်းတော့ ကွာပါတယ်။ ဒီကားမှာ ငိုရတဲ့အခန်းပိုများတယ်။ ပြီးတော့ ပျော်ဖို့ကောင်းတာတွေ ဟာသလေးတွေလည်း ပါပါတယ်။ လိပ်ပြာစံအိမ်ကကျတော့ သရဲခြောက်တဲ့အခန်းတွေချည်းပဲဆိုတော့ ကြောက်စရာအရမ်းကောင်းတယ်။အခုသမီးက မိုင်းဆက်မှာ ကျောင်းတက်နေတာဆိုတော့ သူငယ်ချင်းတွေက မိုင်းဆက်မှာ သူတို့က မကြည့်ဖြစ်ဘူး။ Trailerကြည့်ပြီးတော့ အရမ်းကောင်းတယ်လို့တော့ ပြောကြတယ်။ ပရိတ်သတ်တွေကိုလည်း ဒီကားလေးကို လာကြည့်ဖို့ ‌ဖိတ်ခေါ်ပါတယ်ရှင့်။”ဆိုပြီး ဇာတ်ကားပတ်သက်ပြီး အမှတ်တရတွေ ပါဝင်ခဲ့ရတဲ့ ကာရိုက်တာအကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

ကမ္ဘာနှစ်ထပ်ရုပ်ရှင်ဇာတ်ကားကြီးကို Oct 10ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။