သားသမီးေတြနဲ႔ ကိုယ္နဲ႔က ရဲေဘာ္ရဲဘက္လိုျဖစ္ေနၿပီဆိုတဲ့ ႏိုင္းႏိုင္း

မိသားစုထဲမွာ ဗိုလ္ခ်ဳပ္ႀကီး သဖြယ္ ျပဳမူၿပီး သားသားမီးမီးတို႔အေပၚ ဆက္ဆံေစာင့္ေရွာက္ေဆာ့ကစားေပးတဲ့ သ႐ုပ္ေဆာင္ ႏိုင္းႏိုင္းရဲ႕ မိသားစုအေၾကာင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အမွန္ေတာ့ ေနာက္ရင္းေနာက္ရင္းနဲ႔ သားသမီးေတြက မ်ားလာတာေပါ့ေနာ္။ တကယ္ညီၾကပါတယ္။ သူတို႔ေလးေတြက အခ်င္းခ်င္းလည္း ညီၾကတယ္။ ကြၽန္ေတာ္လုပ္ခ်င္ၿပီဆိုရင္လည္း သူတို႔ေဆာ့လက္စကိုဖ်က္ၿပီး ကြၽန္ေတာ္က Video ေလးတစ္ခု ဖန္တီးမယ္ဆိုရင္လည္း တက္ညီလက္ညီ လိုက္လုပ္ေပးၾကပါတယ္။ ကိုယ္က ဒါ႐ိုက္တာပဲ။ သူတို႔ေလးေတြရဲ႕ေန႔စဥ္မွတ္တမ္းကို႐ိုက္ေပးေတာ့ သူတို႔ေလးေတြလည္းေပ်ာ္ပါတယ္။ အႀကီးမႀကီး ကိုယ္တိုင္ကလည္း ဒါ႐ိုက္တာ၊ ဇာတ္ၫႊန္းလုပ္ခ်င္တယ္တဲ့။ ကြၽန္ေတာ္ ေနာက္တစ္ေခါက္လာရင္ ဝင္သ႐ုပ္ေဆာင္ေပးဖို႔ေျပာထားတယ္။

သူတို႔ကေတာ့ ကြၽန္ေတာ္နဲ႔ေနရတာေပ်ာ္တယ္။ သူတို႔ေက်ာင္းပိတ္တဲ့အခ်ိန္ဆိုရင္ သူတို႔ဆီမွာပဲ အခ်ိန္ျပည့္ေနတယ္။ သူတို႔ေက်ာင္းျပန္ဖြင့္မွသာ အကိုဒီကိုျပန္လာတာ။ သူတို႔ကေတာ့ အကို႔ကို အၿမဲတမ္းရွိေစခ်င္တာေပါ့ေနာ္။ ကိုယ့္ဘဝကေလး အေျခအေနအရဒီလို လုပ္မွျဖစ္မွာဆိုေတာ့လည္း ျဖစ္တဲ့အေျခအေနမွာ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ေနရတာေပါ့။

ဟိုမွာသြားျဖစ္တဲ့အခ်ိန္ဆိုရင္ေတာ့ ေဆာ့နည္းေပါင္းစုံ၊ ဟင္းခ်က္စား၊ အကို႔ရဲ႕အခ်ိန္ေတြအားလုံးကို သူ႔တို႔ကိုပဲ ေပးထားတယ္။ သူတို႔ေလးေတြလည္း ဒီကိုလာခ်င္ၾကတယ္။ သူတို႔ေက်ာင္းပိတ္ေပးမယ့္ အမ်ိဳးသမီးအလုပ္ကခြင့္အၾကာႀကီး ယူလို႔မရဘူး။ ဒီကိုလာဖို႔က အခ်ိန္ေတာ္ေတာ္ယူၿပီး စီစဥ္မွရမွာပါ။ ေနာက္ႏွစ္တစ္ႏွစ္ႏွစ္ေတာ့ သူတို႔ေလးေတြက္ို ျမန္မာႏိုင္ငံကို အလည္ေခၚၿပီး ျမန္မာႏိုင္ငံနဲ႔ မိတ္ဆက္ေပးဦးမွာပါလို႔ ႏိုင္းႏိုင္းကေျပာသြားခဲ့ပါတယ္။

Unicode

မိသားစုထဲမှာ ဗိုလ်ချုပ်ကြီး သဖွယ် ပြုမူပြီး သားသားမီးမီးတို့အပေါ် ဆက်ဆံစောင့်ရှောက်ဆော့ကစားပေးတဲ့ သရုပ်ဆောင် နိုင်းနိုင်းရဲ့ မိသားစုအကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အမှန်တော့ နောက်ရင်းနောက်ရင်းနဲ့ သားသမီးတွေက များလာတာပေါ့နော်။ တကယ်ညီကြပါတယ်။ သူတို့လေးတွေက အချင်းချင်းလည်း ညီကြတယ်။ ကျွန်တော်လုပ်ချင်ပြီဆိုရင်လည်း သူတို့ဆော့လက်စကိုဖျက်ပြီး ကျွန်တော်က Video လေးတစ်ခု ဖန်တီးမယ်ဆိုရင်လည်း တက်ညီလက်ညီ လိုက်လုပ်ပေးကြပါတယ်။ ကိုယ်က ဒါရိုက်တာပဲ။ သူတို့လေးတွေရဲ့နေ့စဉ်မှတ်တမ်းကိုရိုက်ပေးတော့ သူတို့လေးတွေလည်းပျော်ပါတယ်။ အကြီးမကြီး ကိုယ်တိုင်ကလည်း ဒါရိုက်တာ၊ ဇာတ်ညွှန်းလုပ်ချင်တယ်တဲ့။ ကျွန်တော် နောက်တစ်ခေါက်လာရင် ဝင်သရုပ်ဆောင်ပေးဖို့ပြောထားတယ်။

သူတို့ကတော့ ကျွန်တော်နဲ့နေရတာပျော်တယ်။ သူတို့ကျောင်းပိတ်တဲ့အချိန်ဆိုရင် သူတို့ဆီမှာပဲ အချိန်ပြည့်နေတယ်။ သူတို့ကျောင်းပြန်ဖွင့်မှသာ အကိုဒီကိုပြန်လာတာ။ သူတို့ကတော့ အကို့ကို အမြဲတမ်းရှိစေချင်တာပေါ့နော်။ ကိုယ့်ဘဝကလေး အခြေအနေအရဒီလို လုပ်မှဖြစ်မှာဆိုတော့လည်း ဖြစ်တဲ့အခြေအနေမှာ အကောင်းဆုံးဖြစ်အောင်တော့ နေရတာပေါ့။

ဟိုမှာသွားဖြစ်တဲ့အချိန်ဆိုရင်တော့ ဆော့နည်းပေါင်းစုံ၊ ဟင်းချက်စား၊ အကို့ရဲ့အချိန်တွေအားလုံးကို သူ့တို့ကိုပဲ ပေးထားတယ်။ သူတို့လေးတွေလည်း ဒီကိုလာချင်ကြတယ်။ သူတို့ကျောင်းပိတ်ပေးမယ့် အမျိုးသမီးအလုပ်ကခွင့်အကြာကြီး ယူလို့မရဘူး။ ဒီကိုလာဖို့က အချိန်တော်တော်ယူပြီး စီစဉ်မှရမှာပါ။ နောက်နှစ်တစ်နှစ်နှစ်တော့ သူတို့လေးတွေက်ို မြန်မာနိုင်ငံကို အလည်ခေါ်ပြီး မြန်မာနိုင်ငံနဲ့ မိတ်ဆက်ပေးဦးမှာပါလို့ နိုင်းနိုင်းကပြောသွားခဲ့ပါတယ်။