ေဆးသက္ပဲ ႐ွိေတာ့တာေၾကာင့္ အလွဴ႐ွင္ ကိုပဲ ေမ်ွာ္ေနရတယ္ဆိုတဲ့ ကစ္ကစ္

က်န္းမာေရး အေျခအေနေၾကာင့္ ႏွစ္႐ွည္လမ်ား ေဆးကုသမႈ ခံယူေနရေသာ ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ ကေတာ့ လက္႐ွိခ်ိန္ထိလည္း ေရာဂါကေတာ့ မေပ်ာက္ႏိုင္ေသးပဲေဆးရံုတင္ထားရဆဲ ျဖစ္ပါတယ္။ ကစ္ကစ္ ကေတာ့ အခ်ိန္ကာလ အမ်ားႀကီး ေဆးရံုတက္ေနရတာေၾကာင့္ ႐ွိတာေတြ တျဖည္းျဖည္း ကုန္လာတာေၾကာင့္ အလွဴ႐ွင္ ကိုသာ ေမွ်ာ္ေနရတယ္လို႔ ေျပာၾကားလာ ခဲ့ပါတယ္။

ကစ္ကစ္ ကေတာ့က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ၿပီး “ပိုက္ဆံကုန္မွ ေပ်ာက္မယ့္ ေရာဂါလို ျဖစ္ေနၿပီ။ ဆရာမေတြက အသားေဆးထိုးရမယ္တဲ့ အသားေဆးကတပတ္ကို ႏွစ္ႀကိမ္ထိုးရမယ္ တလံုးကို တသိန္းခြဲတဲ့အဲ့ဒါထိုးလိုက္မွပဲ လမ္းေတြဘာေတြ ျပန္ေလ်ာက္လို႔ ရေနတယ္။ ေဆးသက္ပဲပါ။ ေဆးေတြကလည္း တန္ေၾကးျမင့္ အေကာင္းဆံုး ေဆးေတြနဲ႔ အသက္ဆက္ေနရတာဆိုေတာ့ေလ။

အဲ့ဒါေၾကာင့္လည္း ႐ွိသမွ် စုေဆာင္းထားသမ်ွေလးေတြ ကုန္ၿပီ အထည္ေတြလည္း ကုန္ၿပီ ထာဝရအလွဴ႐ွင္ရဲ႕ အလွဴကလည္း ေဆးကုသစရိတ္ထဲ ပါကုန္ၿပီ စားဖို႔ေသာက္ဖို႔ကေတာ့ ခက္ခဲသြားတာေပါ့။ ၾကာလာရင္ ႐ွိတာေလးေတြ အကုန္ကုန္သြားၿပီး အေျခအေနက ေျပာင္းသြားႏိုင္ပါတယ္။ ေရာဂါက သူေဌးေရာဂါဆိုေတာ့လည္း အလွဴ႐ွင္ကို မီၿပီးပဲ စားေသာက္ေနရတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ အလွဴ႐ွင္ေတြကို ေမ်ွာ္မိပါတယ္။

သူတို႔႐ွိမွ သူတို႔ဆီက ေငြေလးေတြလာမွ လုပ္သင့္တာကို လုပ္လို႔ရပါတယ္။ အဲ့ဒါေလးကိုေတာ့မၾကာမၾကာ စိတ္ကူးယဥ္မိပါတယ္။ တခါတေလ ကား႐ိုက္တဲ့အခ်ိန္ေလးေတြကိုျပန္ေတြးၿပီးေတာ့ ငါ ကားေတြျပန္႐ိုက္ေနရရင္ ေကာင္းမွာလို႔ ဘာလို႔လည္း ဆိုေတာ့ ကိုယ့္ဘဝကိုယ္ အားမရဘူး။ သံေဝဂ ရတယ္ တရားလည္း ရတယ္ ဘဝႀကီးကို ဝဋ္ေႂကြးေတြ႐ွိရင္လည္း ဒီဘဝဒီမွ်နဲ႔ ေၾကပါေစလို႔ ဆုေတာင္းပါတယ္။ ကံပဲေပါ့။

အခုအေျခအေနကေတာ့အရင္က အေျခအေနထက္စာရင္ နည္းနည္းေတာ္ပါေသးတယ္။ အရင္က ေနရာေတြ ေရြ႔ရင္ေတာင္ လူသံုးေယာက္ေလာက္လိုတယ္။ အခုကေတာ့ တေယာက္ေလာက္ပဲ ကိုယ့္ကုိယ္ လႈပ္႐ွားႏိုင္ၿပီ ေျခေထာက္ေတြလႈပ္လို႔ ရသြားတာေပါ့။ ဘာပဲေျပာေျပာအေရာင္ေတြ က်သြားၿပီဆိုေတာ့ လမ္းေလ်ွာက္ ျပန္က်င့္ရမယ္။ တလမ္းစ ႏွစ္လမ္းစ ေပါ့” ဆိုၿပီး က်န္းမာေ႐းနဲ႔ ပတ္သက္တဲ့ အေၾကာင္းကို ေျပာျပသြား ခဲ့ပါတယ္။

Unicode

ကျန်းမာရေး အခြေအနေကြောင့် နှစ်ရှည်လများ ဆေးကုသမှု ခံယူနေရသော ဟာသ သရုပ်ဆောင် ကစ်ကစ် ကတော့ လက်ရှိချိန်ထိလည်း ရောဂါကတော့ မပျောက်နိုင်သေးပဲဆေးရုံတင်ထားရဆဲ ဖြစ်ပါတယ်။ ကစ်ကစ် ကတော့ အချိန်ကာလ အများကြီး ဆေးရုံတက်နေရတာကြောင့် ရှိတာတွေ တဖြည်းဖြည်း ကုန်လာတာကြောင့် အလှူရှင် ကိုသာ မျှော်နေရတယ်လို့ ပြောကြားလာ ခဲ့ပါတယ်။

ကစ်ကစ် ကတော့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး “ပိုက်ဆံကုန်မှ ပျောက်မယ့် ရောဂါလို ဖြစ်နေပြီ။ ဆရာမတွေက အသားဆေးထိုးရမယ်တဲ့ အသားဆေးကတပတ်ကို နှစ်ကြိမ်ထိုးရမယ် တလုံးကို တသိန်းခွဲတဲ့အဲ့ဒါထိုးလိုက်မှပဲ လမ်းတွေဘာတွေ ပြန်လျောက်လို့ ရနေတယ်။ ဆေးသက်ပဲပါ။ ဆေးတွေကလည်း တန်ကြေးမြင့် အကောင်းဆုံး ဆေးတွေနဲ့ အသက်ဆက်နေရတာဆိုတော့လေ။

အဲ့ဒါကြောင့်လည်း ရှိသမျှ စုဆောင်းထားသမျှလေးတွေ ကုန်ပြီ အထည်တွေလည်း ကုန်ပြီ ထာဝရအလှူရှင်ရဲ့ အလှူကလည်း ဆေးကုသစရိတ်ထဲ ပါကုန်ပြီ စားဖို့သောက်ဖို့ကတော့ ခက်ခဲသွားတာပေါ့။ ကြာလာရင် ရှိတာလေးတွေ အကုန်ကုန်သွားပြီး အခြေအနေက ပြောင်းသွားနိုင်ပါတယ်။ ရောဂါက သူဌေးရောဂါဆိုတော့လည်း အလှူရှင်ကို မီပြီးပဲ စားသောက်နေရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလှူရှင်တွေကို မျှော်မိပါတယ်။

သူတို့ရှိမှ သူတို့ဆီက ငွေလေးတွေလာမှ လုပ်သင့်တာကို လုပ်လို့ရပါတယ်။ အဲ့ဒါလေးကိုတော့မကြာမကြာ စိတ်ကူးယဉ်မိပါတယ်။ တခါတလေ ကားရိုက်တဲ့အချိန်လေးတွေကိုပြန်တွေးပြီးတော့ ငါ ကားတွေပြန်ရိုက်နေရရင် ကောင်းမှာလို့ ဘာလို့လည်း ဆိုတော့ ကိုယ့်ဘဝကိုယ် အားမရဘူး။ သံဝေဂ ရတယ် တရားလည်း ရတယ် ဘဝကြီးကို ဝဋ်ကြွေးတွေရှိရင်လည်း ဒီဘဝဒီမျှနဲ့ ကြေပါစေလို့ ဆုတောင်းပါတယ်။ ကံပဲပေါ့။

အခုအခြေအနေကတော့အရင်က အခြေအနေထက်စာရင် နည်းနည်းတော်ပါသေးတယ်။ အရင်က နေရာတွေ ရွေ့ရင်တောင် လူသုံးယောက်လောက်လိုတယ်။ အခုကတော့ တယောက်လောက်ပဲ ကိုယ့်ကိုယ် လှုပ်ရှားနိုင်ပြီ ခြေထောက်တွေလှုပ်လို့ ရသွားတာပေါ့။ ဘာပဲပြောပြောအရောင်တွေ ကျသွားပြီဆိုတော့ လမ်းလျှောက် ပြန်ကျင့်ရမယ်။ တလမ်းစ နှစ်လမ်းစ ပေါ့” ဆိုပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောပြသွား ခဲ့ပါတယ်။