စူးရွက အခ်စ္ၾကီးတဲ့ မိန္းကေလးပါဆိုျပီး ဖြင့္ဟလာတဲ့ စူးရွထက္

ေဝဖန္မႈေတြၾကားမွာ အျပံဳးမပ်က္ ေရွ႕ဆက္ခ်ီတက္ေနသူက ေဘဘီ စူးရွထက္ပါ။ အစၥဏီကေန အစျပဳလို႔ ပရိသတ္ေတြၾကား ဟိုးေလးတေက်ာ္ သိခဲ့တဲ့ စူးရွထက္ဘက္မွာ အားေပးတဲ့ ပရိသတ္ေတြလည္း ရွိေနပါတယ္။ မႏၱေလးပရိသတ္ေတြကေတာ့ စူးရွထက္ကို အားေပးၾကမ္းသလို fan meeting ကိုလည္း တက္ေရာက္ခဲ့ၾကပါတယ္။ လာေရာက္တဲ့ ပရိသတ္ေတြကို ဘူေဖးအဝေကၽြးသလို တီရွပ္ေတြလည္း လက္ေဆာင္ေပးခဲ့တဲ့ အေၾကာင္း စူးရွထက္က ခုလုိ ေျပာျပသြားပါတယ္။

“မႏၱေလးမွာ စူးရွကုိ အားေပးတဲ့လူ အရမ္းမ်ားလို႔ သူတို႔ ခ်စ္တာကို အရမ္းျမတ္ႏိုးလို႔ စူးရွ ရွာထားတဲ့ ေငြနဲ႔ အက်ၤ ီေလးေတြ တီရွပ္ေလးေတြ ထုတ္ျပီး စူးရွပံု တံဆိပ္ရိုက္ျပီး မဲေဖာက္ေပးတာ မေလာက္ဘူး။ အဲ့ေတာ့ ပံုတင္လုိက္ေတာ့ ရန္ကုန္ကလူေတြကလည္း လိုခ်င္တယ္ ဆိုေတာ့ ပရိသတ္ေတြ႔ဆံုပြဲ လုပ္ျပီး အက်ၤ ီေလးေတြ ေပးခ်င္ပါတယ္။ ဆိုေပမဲ့ ေဖ့စ္ဘြတ္မွာ စာ မေရးတတ္ဘူး။ ဝင္ေၾကးေပးရမလားဆိုေတာ့ ေပးစရာ မလိုပါဘူး။ လူမ်ိဳး ဘာသာမေရြး လာလို႔ရပါတယ္။ ဘူေဖးေကၽြးပါတယ္။” လို႔ ဆိုပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္မဝင္ ခ်စ္ခင္ၾကဖို႔လည္း စူးရွထက္က ခုလုိ မွာၾကားသြားပါတယ္။“ခ်စ္တယ္ဆိုတာက အရမ္းကို မဂၤလာရွိပါတယ္။ အရမ္းတန္ဖိုး ရွိတယ္။ လူတစ္ေယာက္ၾကီး မုန္းေနေတာ့ ဘာလုပ္မွာလဲ။ မမုန္းပါနဲ႔ ေမတၱာထားပါ။ ကိုယ့္ရဲ႔ အေတြးနဲ႔ အျမင္နဲ႔ပဲ သက္ဆိုင္ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ၾကပါ။” ဆိုျပီး ေမတၱာစကား ေျပာသြားပါတယ္။

အေမရိကားကေန တကူးတက အားေပးေနတဲ့ မတ္မတ္ေတြကိုလည္း စူးရွက ခုလုိ ေက်းဇူးတင္စကား ေျပာပါတယ္။“စူးရွကို အားေပးလို႔ အေမရိကားကေန လက္ေဆာင္ပို႔ေပးတဲ့ အမေတြ ရွိပါတယ္။ သူတို႔ကိုယ္တိုင္ အေကာင့္ဖြင့္ေပးတဲ့ အမေတြကို ဖိတ္ခ်င္ပါတယ္။ ကိုယ္ အရမ္းဝမ္းနည္းတဲ့ အခ်ိန္မွာ အားေပးတဲ့သူေတြကို သတိရပါတယ္။”ဆိုျပီး သတိတရ ေျပာသြားပါတယ္။

ကိုယ့္အားကိုယ္ကိုးတဲ့ မိန္းကေလး ျဖစ္ေၾကာင္းလည္း ခုလို ေျပာျပသြားပါတယ္။“စိတ္ညစ္ေနတဲ့အခ်ိန္မွာ ေရွ႕ဆက္ျပီး ဘယ္လိုသြားရမလဲ အျမဲေတြးတယ္။ ငါစိတ္ညစ္ေနတယ္ဆိုျပီး ေတြးရင္ ပိုစိတ္ညစ္ရတယ္။ ေပ်ာ္ေအာင္ ဘယ္လိုလုပ္ရမလဲ အျမဲေတြးတယ္။ စိတ္ဓာတ္ခြန္အားအျပည့္နဲ႔ မားမားမတ္မတ္ ရပ္တည္ပါတယ္။ စူးရွသည္အရမ္း အေၾကာတင္းတဲ့ မိန္းကေလးပါ။ မခိုးစားဘူး မဝွက္စားဘူး ရိုးရိုးသားသား ရွာေဖြစားပါတယ္။”လို႔ ဆိုပါတယ္။

အခ်စ္ေရးနဲ႔ ပတ္သက္လို႔ စူးရွထက္က ခုလို ဖြင့္ဟဝန္ခံသြားပါတယ္။“လူပဲ ခ်စ္ျခင္တာေပါ့။ ဒါေပမဲ့ မခ်စ္ရဲဘူး။ အေပၚယံေတြခ်ည္းပဲ။ ခ်စ္တယ္ ေဖ့စ္ဘြတ္ေပၚတင္တယ္ ေနာက္ေန႔ျပတ္တယ္ဆိုေတာ့ မတင္ရဲဘူး။ စူးရွက အခ်စ္ၾကီးတဲ့ မိန္းကေလးပါ။ စူးရွက ခ်စ္တယ္ဆိုတာက ကိုယ္ခ်စ္တဲ့သူကို ကိုယ့္ကို နင္းျပီး ေအာင္ျမင္မႈ ရေစတဲ့ထိ ျဖစ္ေစခ်င္တာပါ။” ဆိုျပီး အခ်စ္နဲ႔ ပတ္သက္ျပီး ေျဖၾကားသြားခဲ့ပါတယ္။

Unicode

ဝေဖန်မှုတွေကြားမှာ အပြုံးမပျက် ရှေ့ဆက်ချီတက်နေသူက ဘေဘီ စူးရှထက်ပါ။ အစ္စဏီကနေ အစပြုလို့ ပရိသတ်တွေကြား ဟိုးလေးတကျော် သိခဲ့တဲ့ စူးရှထက်ဘက်မှာ အားပေးတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။ မန္တလေးပရိသတ်တွေကတော့ စူးရှထက်ကို အားပေးကြမ်းသလို fan meeting ကိုလည်း တက်ရောက်ခဲ့ကြပါတယ်။ လာရောက်တဲ့ ပရိသတ်တွေကို ဘူဖေးအဝကျွေးသလို တီရှပ်တွေလည်း လက်ဆောင်ပေးခဲ့တဲ့ အကြောင်း စူးရှထက်က ခုလို ပြောပြသွားပါတယ်။

“မန္တလေးမှာ စူးရှကို အားပေးတဲ့လူ အရမ်းများလို့ သူတို့ ချစ်တာကို အရမ်းမြတ်နိုးလို့ စူးရှ ရှာထားတဲ့ ငွေနဲ့ အင်္ကျ ီလေးတွေ တီရှပ်လေးတွေ ထုတ်ပြီး စူးရှပုံ တံဆိပ်ရိုက်ပြီး မဲဖောက်ပေးတာ မလောက်ဘူး။ အဲ့တော့ ပုံတင်လိုက်တော့ ရန်ကုန်ကလူတွေကလည်း လိုချင်တယ် ဆိုတော့ ပရိသတ်တွေ့ဆုံပွဲ လုပ်ပြီး အင်္ကျ ီလေးတွေ ပေးချင်ပါတယ်။ ဆိုပေမဲ့ ဖေ့စ်ဘွတ်မှာ စာ မရေးတတ်ဘူး။ ဝင်ကြေးပေးရမလားဆိုတော့ ပေးစရာ မလိုပါဘူး။ လူမျိုး ဘာသာမရွေး လာလို့ရပါတယ်။ ဘူဖေးကျွေးပါတယ်။” လို့ ဆိုပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြစ်မဝင် ချစ်ခင်ကြဖို့လည်း စူးရှထက်က ခုလို မှာကြားသွားပါတယ်။“ချစ်တယ်ဆိုတာက အရမ်းကို မင်္ဂလာရှိပါတယ်။ အရမ်းတန်ဖိုး ရှိတယ်။ လူတစ်ယောက်ကြီး မုန်းနေတော့ ဘာလုပ်မှာလဲ။ မမုန်းပါနဲ့ မေတ္တာထားပါ။ ကိုယ့်ရဲ့ အတွေးနဲ့ အမြင်နဲ့ပဲ သက်ဆိုင်တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပါ။” ဆိုပြီး မေတ္တာစကား ပြောသွားပါတယ်။

အမေရိကားကနေ တကူးတက အားပေးနေတဲ့ မတ်မတ်တွေကိုလည်း စူးရှက ခုလို ကျေးဇူးတင်စကား ပြောပါတယ်။“စူးရှကို အားပေးလို့ အမေရိကားကနေ လက်ဆောင်ပို့ပေးတဲ့ အမတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင် အကောင့်ဖွင့်ပေးတဲ့ အမတွေကို ဖိတ်ချင်ပါတယ်။ ကိုယ် အရမ်းဝမ်းနည်းတဲ့ အချိန်မှာ အားပေးတဲ့သူတွေကို သတိရပါတယ်။”ဆိုပြီး သတိတရ ပြောသွားပါတယ်။ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေး ဖြစ်ကြောင်းလည်း ခုလို ပြောပြသွားပါတယ်။“စိတ်ညစ်နေတဲ့အချိန်မှာ ရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲ အမြဲတွေးတယ်။ ငါစိတ်ညစ်နေတယ်ဆိုပြီး တွေးရင် ပိုစိတ်ညစ်ရတယ်။ ပျော်အောင် ဘယ်လိုလုပ်ရမလဲ အမြဲတွေးတယ်။ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ မားမားမတ်မတ် ရပ်တည်ပါတယ်။ စူးရှသည်အရမ်း အကြောတင်းတဲ့ မိန်းကလေးပါ။ မခိုးစားဘူး မဝှက်စားဘူး ရိုးရိုးသားသား ရှာဖွေစားပါတယ်။”လို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ စူးရှထက်က ခုလို ဖွင့်ဟဝန်ခံသွားပါတယ်။“လူပဲ ချစ်ခြင်တာပေါ့။ ဒါပေမဲ့ မချစ်ရဲဘူး။ အပေါ်ယံတွေချည်းပဲ။ ချစ်တယ် ဖေ့စ်ဘွတ်ပေါ်တင်တယ် နောက်နေ့ပြတ်တယ်ဆိုတော့ မတင်ရဲဘူး။ စူးရှက အချစ်ကြီးတဲ့ မိန်းကလေးပါ။ စူးရှက ချစ်တယ်ဆိုတာက ကိုယ်ချစ်တဲ့သူကို ကိုယ့်ကို နင်းပြီး အောင်မြင်မှု ရစေတဲ့ထိ ဖြစ်စေချင်တာပါ။” ဆိုပြီး အချစ်နဲ့ ပတ်သက်ပြီး ဖြေကြားသွားခဲ့ပါတယ်။