Sinon ကို ေလွာင္ေျပာင္လိုစိတ္ လံုးဝ မရွိပါဘူးဆိုတဲ့ ထြန္းထြန္း

ႏွင္းဆီအဖြဲ႔သားေတြရဲ႔ ႏွစ္စဥ္က်င္းပေနျမဲ အျငိမ့္ကေတာ့ ျပက္လံုးဆန္းေတြနဲ႔ အျမဲတမ္း အသက္ဝင္ပါတယ္။ ဒါရိုက္တာ ေမာင္မ်ိဳးမင္း ရဲ႔ ညႊန္ၾကားမႈေအာက္မွာ ေနတိုး ၊ ထြန္းထြန္း ၊ ရဲေလး ၊ ေက်ာ္ေက်ာ္ဗိုလ္ နဲ႔ မင္းေမာင္ကြန္းတို႔ရဲ႔ အေကာင္းဆံုး တင္ဆက္မႈကို ျမင္ေတြ႔ရမယ့္ ႏွင္းဆီေလွအျငိမ့္ကိုေတာ့ ေရေဘးသင့္ျပည္သူေတြအတြက္ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

အျငိမ့္ထဲမွာ ျမန္မာႏိုင္ငံကို ေရာက္ရွိျပီး ပရဟိတေတြလုပ္ေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံသား Sinon Loresca ကို ကာရိုက္တာတစ္ခုအေနနဲ႔ ျပက္လံုးထဲ ထည့္ထားတာ ျဖစ္ပါတယ္။ ဒီျပက္လံုးနဲ႔ ပတ္သက္ျပီး ရည္ရြယ္ခ်က္ ရွိ မရွိ ဆုိတာကိုေတာ့ ထြန္းထြန္းက ခုလို ရွင္းျပသြားပါတယ္။

“လက္ေဝွ႔ပြဲ ပါလာေတာ့ အျပဳသေဘာေဆာင္တာမ်ိဳး လုပ္ဖို႔ စဥ္းစား တယ္။ ျပက္လံုးေတြ စဥ္းစားတဲ့အခါမွာ ကၽြန္ေတာ္တို႔ ညီအစ္ကိုေတြ အားလံုး one championship ပံုစံ လုပ္ၾကမယ္။ ဘယ္လိုေလးေတြပါေအာင္ ရယ္ရေအာင္ ကာရိုက္တာေလးေတြ ေရြးထုတ္ေတာ့ ကၽြန္ေတာ္နဲ႔ ရဲေလးက လက္ေဝွ႔သမား ႏွစ္ေယာက္၊ ကိုေနတိုးနဲ႔ မင္းေမာ္ကြန္းတို႔က လက္ေဝွ႔သမားႏွစ္ေယာက္ကို ျပဳစုေပးရမွာ။ ကိုၾကံ႔ကေတာ့ ပြဲစီစဥ္သူေပါ့။ ရဲေလးကေတာ့ အတည္လိုင္း ၊ ကိုေအာင္လအန္ဆန္းတို႔လို ဖိုက္တာေပါ့။ ကၽြန္ေတာ္ကေတာ့ အေနာက္ေလးေပါ့။” ဆိုျပီး အျငိမ့္ရဲ႔ သေဘာအသြားအလာကို ရွင္းျပပါတယ္။

Sinon ကို မွ ေရြးခ်ယ္ျဖစ္ပံုကိုလည္း ထြန္းထြန္းက ခုလို ရွင္းျပသြားပါတယ္။

“အေျပာင္လိုင္း ဆိုေတာ့ ကၽြန္ေတာ္တို႔ႏိုင္ငံကို ေရာက္ေနတဲ့ Sinon ကို သြားေတြ႔တယ္။ ကၽြန္ေတာ္ကလည္း ေဆာ့ထားေတာ့ muscles ေတြနဲ႔ဆိုေတာ့ အဲ့လိုပံုစံ ထြက္လိုက္တာ။ ပရိသတ္ေတြကလည္း သူ႔ကို ခ်စ္ၾကေတာ့ သေဘာက်ၾကမယ္ ထင္တယ္ေပါ့။ သူ႔အေပၚမွာ ေလွာင္ေျပာင္ခ်င္စိတ္ လံုးဝ မရွိပါဘူး။ ဒီဘဲကလည္း ငေျပာင္ လမ္းေလွ်ာက္တာ ဟုတ္ေပမဲ့ တျခားဟာေတြမွာလည္း လက္ေဝွ႔ထုိးတာေတြ ဘာေတြ ေလွာင္ထားတာ ရွိတယ္။ သေဘာက်ဖို႔ ေကာင္းတယ္။ အဲ့လိုပံုစံမ်ိဳးျဖစ္ေအာင္ inspire ယူလိုက္တယ္ေပါ့ေနာ္။” လို႔ ဆိုပါတယ္။

Sinon နဲ႔ အလွဴဒါနမွာ အဆက္အစပ္ေလး ျဖစ္သြားတဲ့အတြက္ အေကာင္းဘက္ ေရာက္ေၾကာင္းလည္း ထြန္းထြန္းက ခုလို သံုးသပ္ျပပါတယ္။

“သူ႔ပရိသတ္ေတြကလည္း သူ႔ကို သတင္းေပးတယ္ ထင္ပါတယ္။ သူလည္း သေဘာက်တယ္ဆိုေတာ့ ေပ်ာ္စရာ ေကာင္းပါတယ္။ ကၽြန္ေတာ္တုိ႔ ေရေဘးသင့္ ျပည္သူေတြအတြက္ အလွဴလုပ္တဲ့အခါမွာ သူနဲ႔ ဆက္စပ္ေနတာေလးက အလွဴတစ္ခုထဲမွာ ပါသြားတယ္ဆိုေတာ့ ဒါက ေကာင္းပါတယ္” လို႔ ဆိုပါတယ္။

Sinon နဲ႔ ဆံုခ်င္တဲ့ အေၾကာင္းကိုလည္း ထြန္းထြန္းက ခုလို ပြင့္ပြင့္လင္းလင္း ေျပာသြားပါတယ္။

“ကၽြန္ေတာ္သိရသေလာက္ သူက ဝါသနာပါရာလုပ္တယ္။ အရွိကို အရွိအတိုင္းလုပ္တယ္။ သူ႔ရဲ႔ စိတ္ကို ကၽြန္ေတာ္တို႔ ျမင္ရတယ္။ ဒါေၾကာင့္လည္း လုပ္ယူထားတာမ်ိဳး မျမင္ဘူး။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံမွာ သူ႔ကို ခ်စ္တဲ့သူေတြ ေပၚလာတာ။ ေမတၱာခ်င္း ေမတၱာခ်င္းေပါ့။ သူနဲ႔ ဆံုခ်င္ပါတယ္။ ေတြ႕လည္း ေတြ႔ခ်င္ပါတယ္။ အခ်ိန္ကလည္း မရဘူးဆိုေတာ့ သူလည္း ပရဟိတ အလုပ္ေတြနဲ႔ အားခ်င္မွ အားမွာဆိုေတာ့ အခ်ိန္ရရင္ ေတြ႔ခ်င္ပါေသးတယ္။” ဆိုျပီး ေျပာၾကားသြားခဲ့ပါတယ္။

Unicode

နှင်းဆီအဖွဲ့သားတွေရဲ့ နှစ်စဉ်ကျင်းပနေမြဲ အငြိမ့်ကတော့ ပြက်လုံးဆန်းတွေနဲ့ အမြဲတမ်း အသက်ဝင်ပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း ရဲ့ ညွှန်ကြားမှုအောက်မှာ နေတိုး ၊ ထွန်းထွန်း ၊ ရဲလေး ၊ ကျော်ကျော်ဗိုလ် နဲ့ မင်းမောင်ကွန်းတို့ရဲ့ အကောင်းဆုံး တင်ဆက်မှုကို မြင်တွေ့ရမယ့် နှင်းဆီလှေအငြိမ့်ကိုတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အငြိမ့်ထဲမှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး ပရဟိတတွေလုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကို ကာရိုက်တာတစ်ခုအနေနဲ့ ပြက်လုံးထဲ ထည့်ထားတာ ဖြစ်ပါတယ်။ ဒီပြက်လုံးနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက် ရှိ မရှိ ဆိုတာကိုတော့ ထွန်းထွန်းက ခုလို ရှင်းပြသွားပါတယ်။

“လက်ဝှေ့ပွဲ ပါလာတော့ အပြုသဘောဆောင်တာမျိုး လုပ်ဖို့ စဉ်းစား တယ်။ ပြက်လုံးတွေ စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ ညီအစ်ကိုတွေ အားလုံး one championship ပုံစံ လုပ်ကြမယ်။ ဘယ်လိုလေးတွေပါအောင် ရယ်ရအောင် ကာရိုက်တာလေးတွေ ရွေးထုတ်တော့ ကျွန်တော်နဲ့ ရဲလေးက လက်ဝှေ့သမား နှစ်ယောက်၊ ကိုနေတိုးနဲ့ မင်းမော်ကွန်းတို့က လက်ဝှေ့သမားနှစ်ယောက်ကို ပြုစုပေးရမှာ။ ကိုကြံ့ကတော့ ပွဲစီစဉ်သူပေါ့။ ရဲလေးကတော့ အတည်လိုင်း ၊ ကိုအောင်လအန်ဆန်းတို့လို ဖိုက်တာပေါ့။ ကျွန်တော်ကတော့ အနောက်လေးပေါ့။” ဆိုပြီး အငြိမ့်ရဲ့ သဘောအသွားအလာကို ရှင်းပြပါတယ်။

Sinon ကို မှ ရွေးချယ်ဖြစ်ပုံကိုလည်း ထွန်းထွန်းက ခုလို ရှင်းပြသွားပါတယ်။

“အပြောင်လိုင်း ဆိုတော့ ကျွန်တော်တို့နိုင်ငံကို ရောက်နေတဲ့ Sinon ကို သွားတွေ့တယ်။ ကျွန်တော်ကလည်း ဆော့ထားတော့ muscles တွေနဲ့ဆိုတော့ အဲ့လိုပုံစံ ထွက်လိုက်တာ။ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြတော့ သဘောကျကြမယ် ထင်တယ်ပေါ့။ သူ့အပေါ်မှာ လှောင်ပြောင်ချင်စိတ် လုံးဝ မရှိပါဘူး။ ဒီဘဲကလည်း ငပြောင် လမ်းလျှောက်တာ ဟုတ်ပေမဲ့ တခြားဟာတွေမှာလည်း လက်ဝှေ့ထိုးတာတွေ ဘာတွေ လှောင်ထားတာ ရှိတယ်။ သဘောကျဖို့ ကောင်းတယ်။ အဲ့လိုပုံစံမျိုးဖြစ်အောင် inspire ယူလိုက်တယ်ပေါ့နော်။” လို့ ဆိုပါတယ်။

Sinon နဲ့ အလှူဒါနမှာ အဆက်အစပ်လေး ဖြစ်သွားတဲ့အတွက် အကောင်းဘက် ရောက်ကြောင်းလည်း ထွန်းထွန်းက ခုလို သုံးသပ်ပြပါတယ်။

“သူ့ပရိသတ်တွေကလည်း သူ့ကို သတင်းပေးတယ် ထင်ပါတယ်။ သူလည်း သဘောကျတယ်ဆိုတော့ ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ရေဘေးသင့် ပြည်သူတွေအတွက် အလှူလုပ်တဲ့အခါမှာ သူနဲ့ ဆက်စပ်နေတာလေးက အလှူတစ်ခုထဲမှာ ပါသွားတယ်ဆိုတော့ ဒါက ကောင်းပါတယ်” လို့ ဆိုပါတယ်။

Sinon နဲ့ ဆုံချင်တဲ့ အကြောင်းကိုလည်း ထွန်းထွန်းက ခုလို ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။

“ကျွန်တော်သိရသလောက် သူက ဝါသနာပါရာလုပ်တယ်။ အရှိကို အရှိအတိုင်းလုပ်တယ်။ သူ့ရဲ့ စိတ်ကို ကျွန်တော်တို့ မြင်ရတယ်။ ဒါကြောင့်လည်း လုပ်ယူထားတာမျိုး မမြင်ဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ သူ့ကို ချစ်တဲ့သူတွေ ပေါ်လာတာ။ မေတ္တာချင်း မေတ္တာချင်းပေါ့။ သူနဲ့ ဆုံချင်ပါတယ်။ တွေ့လည်း တွေ့ချင်ပါတယ်။ အချိန်ကလည်း မရဘူးဆိုတော့ သူလည်း ပရဟိတ အလုပ်တွေနဲ့ အားချင်မှ အားမှာဆိုတော့ အချိန်ရရင် တွေ့ချင်ပါသေးတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။