သူစိမ္းအိမ္ (၂) ဆက္ရိုက္ဖို႔နဲ႔ ပတ္သက္ျပီး ဖြင့္ဟလာတဲ့ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦး

သရုပ္ေဆာင္အသစ္ေတြကို လက္တြဲေခၚျပီး အပ်ံစား ရုပ္ရွင္ကားေတြကို ဖန္တီးေနသူက လူငယ္ဒါရိုက္တာ ထူးပိုင္ေဇာ္ဦး ျဖစ္ပါတယ္။ ည ရုပ္ရွင္ကားနဲ႔ ပြဲဦးထြက္ ေအာင္ျမင္ခဲ့တဲ့ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးက သူစိမ္းအိမ္ ရုပ္ရွင္ကားၾကီးနဲ႔ ဝက္ဝက္ကြဲ ဆက္လက္ေအာင္ျမင္ခဲ့ပါတယ္။ အေတြ႔အၾကံဳရွိ သရုပ္ေဆာင္ေဟာင္းေတြနဲ႔ သရုပ္ေဆာင္သစ္ေလးေတြကို တြဲေပးထားတာ ျဖစ္ျပီး အခ်ိတ္အဆက္မိမိ သရုပ္ေဆာင္ထားတဲ့ သူစိမ္းအိမ္ထဲမွာ ဖြင့္ထားတဲ့အကြက္ေတြ အမ်ားၾကီး ရွိပါေသးတယ္။ ဒါေၾကာင့္မို႔ သူစိမ္းအိမ္ (၂) ကို ဆက္လက္ဖန္တီးသြားဖို႔ ရွိ ၊ မရွိ ဆုိတာကိုေတာ့ ထူးပိုင္ေဇာ္ဦးက ခုလုိ ေျပာျပသြားပါတယ္။

“(၂) ကို အရမ္းေတာင္းဆိုလို႔ ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ အတိအက် ေျပာဖို႔ေတာ့ ခက္ေသးတယ္ေပါ့။ (၁) ေအာင္ျမင္တဲ့အတြက္ (၂) ထြက္လာရင္ ၾကည့္မွာပဲဆိုျပီး လုပ္လိုက္တာထက္ စာရင္ ပိုျပီး စိတ္ဝင္စားဖို႔ ေကာင္းျပီး ထူးျခားဆန္းၾကယ္တဲ့ ဇာတ္လမ္းပံုသ႑ာန္ တစ္ခုကို ရဖို႔ တိုင္ပင္ေနတယ္ေပါ့။” လို႔ ဆုိပါတယ္။

ဦးစားေပး ေဆာင္ရြက္ရမယ့္ ပေရာဂ်က္ေတြ ရွိေနေၾကာင္းလည္း ထူးပိုင္ေဇာ္ဦးက ခုလို ေျပာျပပါတယ္။

“ပရိသတ္ေၾကာင့္ ဆိုတာထက္ တစ္ဖြဲ႔သားလံုးကလည္း အာသီသ ရွိတယ္။ ျပီးေတာ့ ဒီကားက ဆက္မယ္ဆိုရင္ ဆက္လို႔ရတဲ့ အေနအထားေတြ ဇာတ္လမ္းထဲမွာ ဖြင့္ထားတာဆိုေတာ့ ဆက္ျပီးေတာ့ အသြားအလာေလးေတြကို စိတ္ဝင္စားေအာင္ထပ္လုပ္ဖို႔ ရွိပါတယ္။ စဥ္းစားေနေသးေပမဲ့ အျခားစီစဥ္ထားတဲ့ ပေရာဂ်က္ေတြ ကို ဦးစားေပး လုပ္ျဖစ္မွာပါ။” ဆိုျပီး ေျပာျပသြားပါတယ္။

ဆရာမဂ်ဴးရဲ႔ လရဲ႔ ေအာက္ဘက္ မိုင္အေဝးမွာ ရုပ္ရွင္ကားၾကီး ထြက္လာတဲ့အခါ အားေပးဖို႔လည္း ခုလို ေျပာၾကားသြားခဲ့ပါတယ္။

“လရဲ႔ ေအာက္ဘက္ မိုင္အေဝးမွာ ဇာတ္ကားၾကီးကို ေစာင့္ျပီး အားေပးေနၾကတဲ့ ပရိသတ္ေတြအတြက္ ေက်းဇူးတင္ပါတယ္။ အဲ့ကားေလးကလည္း သရုပ္ေဆာင္ အသစ္ေတြနဲ႔ အေဟာင္းေတြကို တြဲဖက္ထားတာျဖစ္သလို ေဒါင္းနဲ႔ မအူဝဲ အတြဲဆန္းေလး ျဖစ္လို႔ ပရိသတ္ေတြက အမ်ားၾကီး စိတ္ဝင္စားတယ္။ ဆရာမဂ်ဴးရဲ႔ ဝတၳဳျဖစ္တာမုိ႔ ပရိသတ္ေတြကလည္း အမ်ားၾကီး ေမွ်ာ္လင့္ထားၾကပါတယ္။ ဒီဇာတ္ကားၾကီးထြက္ရင္ လာေရာက္ အားေပးပါဦး။” ဆိုျပီး သတင္းေကာင္းေလး ေပးသြားခဲ့ပါတယ္။

Unicode

သရုပ်ဆောင်အသစ်တွေကို လက်တွဲခေါ်ပြီး အပျံစား ရုပ်ရှင်ကားတွေကို ဖန်တီးနေသူက လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖြစ်ပါတယ်။ ည ရုပ်ရှင်ကားနဲ့ ပွဲဦးထွက် အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူစိမ်းအိမ် ရုပ်ရှင်ကားကြီးနဲ့ ဝက်ဝက်ကွဲ ဆက်လက်အောင်မြင်ခဲ့ပါတယ်။ အတွေ့အကြုံရှိ သရုပ်ဆောင်ဟောင်းတွေနဲ့ သရုပ်ဆောင်သစ်လေးတွေကို တွဲပေးထားတာ ဖြစ်ပြီး အချိတ်အဆက်မိမိ သရုပ်ဆောင်ထားတဲ့ သူစိမ်းအိမ်ထဲမှာ ဖွင့်ထားတဲ့အကွက်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့်မို့ သူစိမ်းအိမ် (၂) ကို ဆက်လက်ဖန်တီးသွားဖို့ ရှိ ၊ မရှိ ဆိုတာကိုတော့ ထူးပိုင်ဇော်ဦးက ခုလို ပြောပြသွားပါတယ်။

“(၂) ကို အရမ်းတောင်းဆိုလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အတိအကျ ပြောဖို့တော့ ခက်သေးတယ်ပေါ့။ (၁) အောင်မြင်တဲ့အတွက် (၂) ထွက်လာရင် ကြည့်မှာပဲဆိုပြီး လုပ်လိုက်တာထက် စာရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပြီး ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်းပုံသဏ္ဍာန် တစ်ခုကို ရဖို့ တိုင်ပင်နေတယ်ပေါ့။” လို့ ဆိုပါတယ်။

ဦးစားပေး ဆောင်ရွက်ရမယ့် ပရောဂျက်တွေ ရှိနေကြောင်းလည်း ထူးပိုင်ဇော်ဦးက ခုလို ပြောပြပါတယ်။

“ပရိသတ်ကြောင့် ဆိုတာထက် တစ်ဖွဲ့သားလုံးကလည်း အာသီသ ရှိတယ်။ ပြီးတော့ ဒီကားက ဆက်မယ်ဆိုရင် ဆက်လို့ရတဲ့ အနေအထားတွေ ဇာတ်လမ်းထဲမှာ ဖွင့်ထားတာဆိုတော့ ဆက်ပြီးတော့ အသွားအလာလေးတွေကို စိတ်ဝင်စားအောင်ထပ်လုပ်ဖို့ ရှိပါတယ်။ စဉ်းစားနေသေးပေမဲ့ အခြားစီစဉ်ထားတဲ့ ပရောဂျက်တွေ ကို ဦးစားပေး လုပ်ဖြစ်မှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

ဆရာမဂျူးရဲ့ လရဲ့ အောက်ဘက် မိုင်အဝေးမှာ ရုပ်ရှင်ကားကြီး ထွက်လာတဲ့အခါ အားပေးဖို့လည်း ခုလို ပြောကြားသွားခဲ့ပါတယ်။

“လရဲ့ အောက်ဘက် မိုင်အဝေးမှာ ဇာတ်ကားကြီးကို စောင့်ပြီး အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ကျေးဇူးတင်ပါတယ်။ အဲ့ကားလေးကလည်း သရုပ်ဆောင် အသစ်တွေနဲ့ အဟောင်းတွေကို တွဲဖက်ထားတာဖြစ်သလို ဒေါင်းနဲ့ မအူဝဲ အတွဲဆန်းလေး ဖြစ်လို့ ပရိသတ်တွေက အများကြီး စိတ်ဝင်စားတယ်။ ဆရာမဂျူးရဲ့ ဝတ္ထုဖြစ်တာမို့ ပရိသတ်တွေကလည်း အများကြီး မျှော်လင့်ထားကြပါတယ်။ ဒီဇာတ်ကားကြီးထွက်ရင် လာရောက် အားပေးပါဦး။” ဆိုပြီး သတင်းကောင်းလေး ပေးသွားခဲ့ပါတယ်။