ပပဝတီစီရင္ခန္း ႐ုပ္႐ွင္႐ုိက္ကြင္းမွာ မုိးေဟကုိနဲ႔ စကားမေျပာဘူးဆုိတဲ့ ေဖြးေဖြး

သ႐ုပ္ေဆာင္ရင္ အေကာင္းဆုံး ၾကဳိးစားသ႐ုပ္ေဆာင္ၿပီး ခ်စ္စရာဟန္ပန္အမူအရာေလးေတြနဲ႔ ပရိသတ္ရဲ႕ အားေပးမႈကုိ အခုိင္အမာရ႐ွိထားတဲ့ ျမန္မာႏုိင္ငံရဲ႕ ထိပ္တန္းမင္းသမီး အကယ္ဒမီေဖြးေဖြးကေတာ့ ပပဝတီစီရင္ခန္း ႐ုပ္႐ွင္႐ုိက္တုန္းက မုိးေဟကုိနဲ႔ စကားမေျပာဘဲ ဇာတ္ကားထဲကလုိ ရန္သူေတြလုိ ႐ုိက္ကြင္းမွာ ေနခဲ့ၾကတယ္ဆုိတဲ့အေၾကာင္းကုိ Cele 7 နဲ႔အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေဖြးေဖြးက “ဆယ္ရက္ ဆယ္လမွာ ေဖြးတုိ႔ ပပဝတီစီရင္ခန္း ရုပ္ရွင္ ႐ုံတင္ပါေတာ့မယ္။ မမုိးနဲ႔ေဖြးနဲ႔ေပါ့ ေဖြးတုိ႔လည္း မဆုံဖူးေသးတဲ့ အတြဲပါပဲ။ ေဖြးတုိ႔ႏွစ္ေယာက္အေကာင္းဆုံး ညႇိႏႈိင္းၿပီးေတာ့ ႐ုိက္ကူးႏုိင္ခဲ့ပါတယ္ ေဖြးတုိ႔ အျပင္မွာၾကေတာ့ အရမ္းခင္ၾကတယ္ေလ။ ႐ုိက္ကြင္းေရာက္တာနဲ႔ မမုိးနဲ႔ ေဖြးနဲ႔ ႏွစ္ေယာက္လုံးညႇိလုိက္တယ္။ နင္နဲ႔ငါနဲ႔ ျပဳိင္ဘက္ပဲေပါ့ လုံးဝ တစ္ေယာက္နဲ႔တစ္ေယာက္လည္း အလပသလပလည္းမေျပာဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔အရမ္းကုိ စိတ္ေတြ ႏွစ္ၿပီးေတာ့ ကာ႐ုိက္တာေတြအတုိင္းပဲ ႐ုိက္ကြင္းမွာလည္း ေနတယ္ေပါ့။

ေဖြးကေတာ့ မလုပ္ဖူးတဲ့ ကာ႐ုိက္တာကုိလုပ္ထားတာေပါ့ေနာ္။ တစ္ခါမွ စပယ္႐ွယ္မိတ္ကပ္ effect အႀကီးႀကီးေတြကုိ ဝင္မလိမ္းဖူးဘူး ဒီကားမွာက မနက္ဆုိလည္း ၄နာရီထလိမ္းရတယ္ ႐ုပ္ဆုိးရတဲ့ ကာ႐ုိက္တာအေ႐ွ႕ပုိင္းမွာေလ။႐ုိး႐ုိးမိတ္ကပ္လိမ္းထားရင္ေတာင္ ေဖြးက ေနရခက္တဲ့အထဲမွာပါတယ္။ ေဖြးက မိတ္ကပ္လိမ္းရတာ သိပ္မႀကိဳက္ဘူး Skin Care ေတာ့ ၾကဳိက္တယ္ေပါ့ေနာ္။ အဲ့ကားမွာ ၾကေတာ့ Silicon ေတြေရာဘာေတြေရာ အမ်ားႀကီး အထူႀကီးေတြ ႏွေခါင္းႀကီးႀကီး ျဖစ္သြားတယ္ေပါ့ေနာ္။ အရမ္းေတာ့ ေနရခက္တယ္ ဆံပင္အတုေတြလည္း တပ္ရတယ္ဆုိေတာ့ ေနရအခက္ဆုံးကားထဲမွာေတာ့ပါတယ္။ ဒါေပမဲ့ ကာ႐ုိက္တာဝင္ဖုိ႔အတြက္ ဒီဟာေတြကပဲ ပံ့ပုိးသြားတာေပါ့။”လုိ႔ ေဖြးေဖြးက ေျပာသြားခဲ့ပါတယ္။

Unicode

သရုပ်ဆောင်ရင် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး အကယ်ဒမီဖွေးဖွေးကတော့ ပပဝတီစီရင်ခန်း ရုပ်ရှင်ရိုက်တုန်းက မိုးဟေကိုနဲ့ စကားမပြောဘဲ ဇာတ်ကားထဲကလို ရန်သူတွေလို ရိုက်ကွင်းမှာ နေခဲ့ကြတယ်ဆိုတဲ့အကြောင်းကို Cele 7 နဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဖွေးဖွေးက “ဆယ်ရက် ဆယ်လမှာ ဖွေးတို့ ပပဝတီစီရင်ခန်း ရုပ်ရှင် ရုံတင်ပါတော့မယ်။ မမိုးနဲ့ဖွေးနဲ့ပေါ့ ဖွေးတို့လည်း မဆုံဖူးသေးတဲ့ အတွဲပါပဲ။ ဖွေးတို့နှစ်ယောက်အကောင်းဆုံး ညှိနှိုင်းပြီးတော့ ရိုက်ကူးနိုင်ခဲ့ပါတယ် ဖွေးတို့ အပြင်မှာကြတော့ အရမ်းခင်ကြတယ်လေ။ ရိုက်ကွင်းရောက်တာနဲ့ မမိုးနဲ့ ဖွေးနဲ့ နှစ်ယောက်လုံးညှိလိုက်တယ်။ နင်နဲ့ငါနဲ့ ပြိုင်ဘက်ပဲပေါ့ လုံးဝ တစ်ယောက်နဲ့တစ်ယောက်လည်း အလပသလပလည်းမပြောဘူး။ တစ်ယောက်နဲ့တစ်ယောက်နဲ့အရမ်းကို စိတ်တွေ နှစ်ပြီးတော့ ကာရိုက်တာတွေအတိုင်းပဲ ရိုက်ကွင်းမှာလည်း နေတယ်ပေါ့။

ဖွေးကတော့ မလုပ်ဖူးတဲ့ ကာရိုက်တာကိုလုပ်ထားတာပေါ့နော်။ တစ်ခါမှ စပယ်ရှယ်မိတ်ကပ် effect အကြီးကြီးတွေကို ဝင်မလိမ်းဖူးဘူး ဒီကားမှာက မနက်ဆိုလည်း ၄နာရီထလိမ်းရတယ် ရုပ်ဆိုးရတဲ့ ကာရိုက်တာအရှေ့ပိုင်းမှာလေ။ရိုးရိုးမိတ်ကပ်လိမ်းထားရင်တောင် ဖွေးက နေရခက်တဲ့အထဲမှာပါတယ်။ ဖွေးက မိတ်ကပ်လိမ်းရတာ သိပ်မကြိုက်ဘူး Skin Care တော့ ကြိုက်တယ်ပေါ့နော်။ အဲ့ကားမှာ ကြတော့ Silicon တွေရောဘာတွေရော အများကြီး အထူကြီးတွေ နှခေါင်းကြီးကြီး ဖြစ်သွားတယ်ပေါ့နော်။ အရမ်းတော့ နေရခက်တယ် ဆံပင်အတုတွေလည်း တပ်ရတယ်ဆိုတော့ နေရအခက်ဆုံးကားထဲမှာတော့ပါတယ်။ ဒါပေမဲ့ ကာရိုက်တာဝင်ဖို့အတွက် ဒီဟာတွေကပဲ ပံ့ပိုးသွားတာပေါ့။”လို့ ဖွေးဖွေးက ပြောသွားခဲ့ပါတယ်။