ဗိုလ္ခ်ဳပ္႐ုပ္႐ွင္မွာ အကႌ်ေတြ အရမ္းသစ္လို႔ ေဝဖန္ၾကတာကို ေျဖ႐ွင္းလိုက္တဲ့ ဒီဇိုင္းနာ ျပည္စိုးေအာင္

ျမန္မာႏုိင္ငံရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဒီဇုိင္နာတစ္ဦးျဖစ္တဲ့ ျပည္စုိးေအာင္ကေတာ့ ဗုိလ္ခ်ဳပ္႐ုပ္႐ွင္ကားအတြက္ အက်ႌဒီဇုိင္းေတြကုိ ခ်ဳပ္လုပ္ဖန္းတီးေပးေနရတာ ျဖစ္ၿပီး အက်ႌေတြက အရမ္းသစ္လြင္ေတာက္ပေနတယ္လုိ႔ ေဝဖန္ၾကတဲ့အေပၚမွာ အခုလုိပဲ 8days မီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

ဒီဇုိင္နာျပည္စုိးေအာင္က “ကြၽန္ေတာ္လုပ္ရတဲ့ ကိစၥက တကၠသုိလ္ေက်ာင္းသားေပါ့ေနာ္။ ဟုိအရင္က တကၠသုိလ္ေက်ာင္းတက္တယ္ဆုိတာ ပြဲတက္သလုိသြားၾကတာေလ။ ဆုိေတာ့ ဒါႀကီးက တခ်ိဳ႕ကေတာ့ေျပာတာေပါ့။ သစ္ေနတယ္ သစ္ေနတယ္ဆုိေတာ့။ အခုေတာင္မွ မိန္းကေလးေတြက ပြဲကုိ သစ္သစ္လြင္လြင္ပဲ သြားၾကတာ အသစ္ေတြပဲ ေရြးၿပီးဝတ္သြားၾကတာပဲေနာ္။ တစ္ေရက် ႏွစ္ေရ က်ေတာ့မွသာ ေဟာင္းရင္ေဟာင္းသြားတာ တကၠသုိလ္ေက်ာင္းကုိ ဘယ္သူမွအေဟာင္းႀကီးေတြေတာ့ ဝတ္မသြားၾကဘူးေလ။ တစ္ခါတစ္ေလက်ရင္ ေျပာခံရပါတယ္ တကၠသုိလ္ေက်ာင္းသားေတြကလည္း သစ္ေနတယ္တဲ့။ ေ႐ွ႕ေခတ္တုန္းက ၾကေတာ့ အသစ္ေတြပဲ ဝတ္ၾကတာပဲေလ ဘန္ေကာက္ပုဆုိးတရႊမ္းရႊမ္းနဲ႔။ ကုိယ္က ေဟာင္းေဟာင္းႀကီး ဝတ္သြားရင္ေတာ့ သူတုိ႔သစ္ေနတယ္လုိ႔ေတာ့ ထင္မွာေပါ့။ ကြၽန္ေတာ္တုိ႔က ေဟာင္းေအာင္လုိ႔ေတာ့ လုပ္ေပးပါတယ္ ဥပမာ ျပည္သူေတြေပါ့ နယ္သူနယ္သားေတြ ေနာက္ေတာ့ ေရနံေျမသပိတ္ေပါ့ ဒါမ်ိဳးေတြဆုိရင္ေတာ့ ကြၽန္ေတာ္တုိ႔က ေဟာင္းေအာင္ လုပ္ထားတယ္။ အဲ့လုိပဲ ေဟာင္းေအာင္ ဘယ္လုိလုပ္ရလဲဆုိတာ ကြၽန္ေတာ္ကေတာ့ ပုိ႔စ္ေတြ တင္တယ္။ ဒါေပမဲ့လည္း မီးေတြ မွန္ေတြ ထုိးလုိက္ေတာ့ သစ္သြားတာ။ ႐ုပ္႐ွင္ထဲမွာေတာ့ ဒါေတြကုန Color tone ေတြ ျပန္ခ်မယ္ထင္တယ္။ ေတာ္ေတာ္မ်ားမ်ားက Comment ေတြမွာ ဝင္ေရးၾကတာ႐ွိတယ္ဆုိေတာ့ အဲ့တာေၾကာင့္လည္း ပုိ႔စ္ေလးတင္တာပါ။ အမွန္မွန္ဆုိရင္ေတာ့ မတင္ပါဘူး။”လုိ႔ေျပာသြားခဲ့ပါတယ္။

အဝတ္အစားပုိင္းနဲ႔ ပတ္သက္ၿပီး အားရေက်နပ္လားဆုိေတာ့ အမွန္တုိင္းေျပာရရင္ တစ္ဝက္တစ္ဝက္ပါပဲ အားမရတာေတြလည္း႐ွိတယ္။ ဘယ္လုိလဲဆုိေတာ့ ကြၽန္ေတာ္တုိ႔က Reference ဆုိတာေတြက နည္းတယ္ေလ။ အၾကားနဲ႔လုပ္ရတယ္ ဓာတ္ပုံေတြၾကည့္ရတယ္။ ဓာတ္ပုံဆုိလည္း စစ္သမုိင္းျပတုိက္မွ ၾကည့္ရသလုိမ်ိဴး ဥပမာ ၁၉၃၆ ခုႏွစ္က အမ်ိဳးသားဝတ္စုံဆုိရင္ Google ေခါက္လုိက္ရင္ ပုံေတြက အျဖဴအမည္းေတြက အျဖဴအမည္းေတြပဲ ထြက္လာတာ။ ဟုိထဲမွာ သစ္ေနတာလားေဟာင္းေနတာလား ဘယ္လုိ႐ွိလဲဆု်တာကုိ အနီးစပ္ဆုံးလုပ္ရပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

Unicode

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ပြည်စိုးအောင်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကားအတွက် အင်္ကျီဒီဇိုင်းတွေကို ချုပ်လုပ်ဖန်းတီးပေးနေရတာ ဖြစ်ပြီး အင်္ကျီတွေက အရမ်းသစ်လွင်တောက်ပနေတယ်လို့ ဝေဖန်ကြတဲ့အပေါ်မှာ အခုလိုပဲ 8days မီဒီယာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဒီဇိုင်နာပြည်စိုးအောင်က “ကျွန်တော်လုပ်ရတဲ့ ကိစ္စက တက္ကသိုလ်ကျောင်းသားပေါ့နော်။ ဟိုအရင်က တက္ကသိုလ်ကျောင်းတက်တယ်ဆိုတာ ပွဲတက်သလိုသွားကြတာလေ။ ဆိုတော့ ဒါကြီးက တချို့ကတော့ပြောတာပေါ့။ သစ်နေတယ် သစ်နေတယ်ဆိုတော့။ အခုတောင်မှ မိန်းကလေးတွေက ပွဲကို သစ်သစ်လွင်လွင်ပဲ သွားကြတာ အသစ်တွေပဲ ရွေးပြီးဝတ်သွားကြတာပဲနော်။ တစ်ရေကျ နှစ်ရေ ကျတော့မှသာ ဟောင်းရင်ဟောင်းသွားတာ တက္ကသိုလ်ကျောင်းကို ဘယ်သူမှအဟောင်းကြီးတွေတော့ ဝတ်မသွားကြဘူးလေ။ တစ်ခါတစ်လေကျရင် ပြောခံရပါတယ် တက္ကသိုလ်ကျောင်းသားတွေကလည်း သစ်နေတယ်တဲ့။ ရှေ့ခေတ်တုန်းက ကြတော့ အသစ်တွေပဲ ဝတ်ကြတာပဲလေ ဘန်ကောက်ပုဆိုးတရွှမ်းရွှမ်းနဲ့။ ကိုယ်က ဟောင်းဟောင်းကြီး ဝတ်သွားရင်တော့ သူတို့သစ်နေတယ်လို့တော့ ထင်မှာပေါ့။ ကျွန်တော်တို့က ဟောင်းအောင်လို့တော့ လုပ်ပေးပါတယ် ဥပမာ ပြည်သူတွေပေါ့ နယ်သူနယ်သားတွေ နောက်တော့ ရေနံမြေသပိတ်ပေါ့ ဒါမျိုးတွေဆိုရင်တော့ ကျွန်တော်တို့က ဟောင်းအောင် လုပ်ထားတယ်။ အဲ့လိုပဲ ဟောင်းအောင် ဘယ်လိုလုပ်ရလဲဆိုတာ ကျွန်တော်ကတော့ ပို့စ်တွေ တင်တယ်။ ဒါပေမဲ့လည်း မီးတွေ မှန်တွေ ထိုးလိုက်တော့ သစ်သွားတာ။ ရုပ်ရှင်ထဲမှာတော့ ဒါတွေကုန Color tone တွေ ပြန်ချမယ်ထင်တယ်။ တော်တော်များများက Comment တွေမှာ ဝင်ရေးကြတာရှိတယ်ဆိုတော့ အဲ့တာကြောင့်လည်း ပို့စ်လေးတင်တာပါ။ အမှန်မှန်ဆိုရင်တော့ မတင်ပါဘူး။”လို့ပြောသွားခဲ့ပါတယ်။

အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး အားရကျေနပ်လားဆိုတော့ အမှန်တိုင်းပြောရရင် တစ်ဝက်တစ်ဝက်ပါပဲ အားမရတာတွေလည်းရှိတယ်။ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့က Reference ဆိုတာတွေက နည်းတယ်လေ။ အကြားနဲ့လုပ်ရတယ် ဓာတ်ပုံတွေကြည့်ရတယ်။ ဓာတ်ပုံဆိုလည်း စစ်သမိုင်းပြတိုက်မှ ကြည့်ရသလိုမျိူး ဥပမာ ၁၉၃၆ ခုနှစ်က အမျိုးသားဝတ်စုံဆိုရင် Google ခေါက်လိုက်ရင် ပုံတွေက အဖြူအမည်းတွေက အဖြူအမည်းတွေပဲ ထွက်လာတာ။ ဟိုထဲမှာ သစ်နေတာလားဟောင်းနေတာလား ဘယ်လိုရှိလဲဆုျတာကို အနီးစပ်ဆုံးလုပ်ရပါတယ်။”လို့ပြောသွားခဲ့ပါတယ်။