စိုင္းစိုင္းက မိန္းမ မရပါေစနဲ႔လို႔ ဆုေတာင္းေပးလိုက္တဲ့ ၿဖိဳးေငြစိုး

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကတည္းက နာမည္ႀကီးလာတဲ့ မင္းသားႏွစ္လက္ျဖစ္တဲ့ စိုင္းစို္င္းခမ္းလိႈင္နဲ႔ ၿဖိဳးေငြစိုးတို႔ ႏွစ္ေယာက္ကေတာ့ အႏုပညာလုပ္ငန္းေတြ တူတူမလုပ္ျဖစ္တာၾကာပါၿပီ။ ဒါေပမယ့္လည္း လက္႐ွိမွာေတာ့ တူတူတြ႐ိုက္မယ့္ ဇာတ္လမ္းတြဲေလး အေၾကာင္း ကို ၿဖိဳးေငြစိုးက ေျပာျပသြားၿပီး စိုင္းစိုင္းကိုလည္း မိန္းမ မရေစခ်င္ေသးဘူးလို႔ ေျပာၾကားသြား ခဲ့ပါတယ္။

စိုင္းစိုင္းနဲ့ ဇာတ္လမ္းတြဲေလးရိုက္မယ္ဆိုေတာ့ ငယ္ဘဝျပန္ေရာက္သြားလားဆိုတဲ့အေပၚမွာေတာ့ ၿဖိဳးေငြစိုး ကေတာ့ ” သူနဲ႔ကၽြန္ေတာ္ စသိတဲ့အခ်ိန္ကက်ဳရွင္မွာ သူလာႀကိဳတာဆယ္တန္းေလာက္ဘဲရွိဦးမယ္ သူကကားနဲ႔ အခုခ်ိန္ျပန္ေတြ႕တဲ့အခ်ိန္မွာ သူကိုျပန္သြားႀကိဳရမယ္လိုျဖစ္ေနတယ္ ေျပာင္းျပန္ျဖစ္ေနတယ္ စိုင္းစိုင္းက ကၽြန္ေတာ္ထက္နဲနဲႀကီးေပမယ့္ သူကအရမ္းအရြယ္တင္တယ္ အရမ္းလဲႏုတယ္ ေနာက္ၿပီးသူရဲ့ဖန္တီးနိုင္မွုစြမ္းအင္က အရမ္းျမင့္တယ္ အခုရိုက္တဲ့ဇာတ္လမ္းတြဲဆိုလဲ သူအမ်ားႀကီးစဥ္းစားထားတာ သူကၽြန္ေတာ္ကိုေျပာျပတယ္ သူလုပ္ခ်င္တာေတြကမ်ားတယ္ မင္းအခ်ိန္ေရာရွိရဲ့လားကြာလို့အဲ့ေလာက္ထဲမွာဆိုေတာ့ အခ်ိန္မရွိတဲ့ၾကားကလုပ္တာ သူကလဲအႏုပညာအခံႀကီးပါတယ္ ကၽြန္ေတာ္တို့ထဲမွာ ေအာင္ျမင္မွုကိုအၾကာႀကီးထိန္းထားနိုင္တာဆိုေတာ့ ဆရာၾကတယ္ တစ္ခုဘဲသူက ကိုယ္ထက္ငယ္သလိုျဖစ္ေနတာတစ္ခုဘဲ”

သ႐ုပ္ေဆာင္တဲ့အပိုင္းမွာေရာ အစ္ကိုကျပန္ျပရမွာေပါ့ဆိုတာကိုေတာ့” ဒါကေတာ့ဇာတ္လမ္းနဲ႔ဘဲဆိုင္ပါတယ္ ဇာတ္လမ္းကဘယ္လိုသြားမလဲဆိုတာေပါ့ ကၽြန္ေတာ္တို့က သ႐ုပ္ေဆာင္တက္တယ္ဆိုတိုင္း ဇြတ္ၿပီးသ႐ုပ္ေဆာင္ျပေနရင္လဲ ငေပါႀကီးလို့ထင္ေနမွာေပါ့ ဇာတ္လမ္းကေပးသေလာက္ေပါ့ ေနာက္ၿပီးဇာတ္လမ္းထဲမွာ သူနဲ႔ကၽြန္ေတာ္ကသူငယ္ခ်င္းေတြ ႏွစ္ေယာက္အတူတူျဖတ္သန္းရမဲ့ ပုံစံမ်္ိုးရွိတယ္ ေနာက္ၿပီး သက္မြန္လဲပါတယ္ဆိုေတာ့ သူငယ္ခ်င္းေတြ စုံေတာ့ေပ်ာ္စရာလဲေကာင္းမွာပါ”

သူငယ္ခ်င္းသုံးေယာက္ ျပန္ဆုံေတာ့ဒီဇာတ္ကားက ျမန္ျမန္ေရာရိုက္ကူးနိုင္ပါမလားဆိုတဲ ့အေပၚ” ဟိုေန႔ကဓာတ္ပုံရိုက္တာေတာင္ ေတာ္ေတာ္တိုင္ပက္ေနတယ္ သက္မြန္ျမင့္ရယ္တာကို ထိုင္ေစာင့္ေနရတယ္ ေနာက္ရိုက္ရမွာက ဇာတ္လမ္းကသည္းထိပ္ရင္ဖိုျဖစ္တယ္ အဲ့ေတာ့ေျပာင္ဆက္ဆက္ေတြက ထိန္းလို့ရမွာမဟုတ္ဘူး ”

ုသူငယ္ခ်င္းသုံးေယာက္ ဆုံလို့ဒီဇာတ္ကားကိုလက္ခံျဖစ္တာလား မသိဘဲလက္ခံျဖစ္တာလာဆိုတာကိုေတာ့” စီစဥ္တာကေရႊမန္းကစီစဥ္တာ စိုင္းစိုင္းနဲ႔ရိုက္ဖို့ရွိတယ္ စိုင္းစိုင္းကလဲကိုၿဖိဳးနဲ႔ရိုက္မယ္ဆိုလို့ေပါ့ သိပ္မၾကာဘူး စိုင္းစိုင္းဆက္သြယ္လာတယ္ သူမွာဇာတ္လမ္းရွိတယ္ေပါ့ မဆုံတာလဲအရမ္းၾကာၿပီ ေနာက္သူနဲ႔ကၽြန္ေတာ္နဲ႔က ဒီလိုမ်ိဳးရိုက္ဖို့ဆိုတာလဲခက္ခဲတယ္ေလ ေနာက္အတြဲဆိုေတာ့ေလ ကၽြန္ေတာ္ကေတာ့ေက်နပ္ပါတယ္ သူတ္ို့လဲေက်နပ္က်ပါတယ္”

စိုင္းစိုင္းကို သီတင္းကြၽတ္ ဘာဆုေတာင္းေပးေစခ်င္လဲ “မိန္းမ မရပါေစနဲ႔ပဲ ဆုေတာင္းတယ္။ ဟို တေန႔ကေတာင္ သူက ငါလူပ်ိဳႀကီး လုပ္ရတာ ၿငီးေငြ႔ လာၿပီတဲ့ စိတ္ေတာ့ နည္းနည္းေျပာင္းလာၿပီ ထင္တယ္။ ဒါေပမယ့္လည္း ခက္တာက ေရြးရမယ့္သူေတြက မ်ားေနေတာ့ ခက္ေနတာထင္တယ္။ အဲ့ေၾကာင့္ မရပါေစနဲ႔ပဲ ဆုေတာင္းေပးေနတာ ရပါေစဆိုရင္ ျပသာနာ တက္ေအာင္ လုပ္သလို ျဖစ္ေနမယ္” ဆိုၿပီး စိုင္းစိုင္း မိန္းမ မယူေသးတဲ့ ကိစၥ အေၾကာင္း ကို ေျပာျပသြား ခဲ့ပါတယ္။

Unicode

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက နာမည်ကြီးလာတဲ့ မင်းသားနှစ်လက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖြိုးငွေစိုးတို့ နှစ်ယောက်ကတော့ အနုပညာလုပ်ငန်းတွေ တူတူမလုပ်ဖြစ်တာကြာပါပြီ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ တူတူတွရိုက်မယ့် ဇာတ်လမ်းတွဲလေး အကြောင်း ကို ဖြိုးငွေစိုးက ပြောပြသွားပြီး စိုင်းစိုင်းကိုလည်း မိန်းမ မရစေချင်သေးဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

စိုင်းစိုင်းနဲ့ ဇာတ်လမ်းတွဲလေးရိုက်မယ်ဆိုတော့ ငယ်ဘဝပြန်ရောက်သွားလားဆိုတဲ့အပေါ်မှာတော့ ဖြိုးငွေစိုး ကတော့ ” သူနဲ့ကျွန်တော် စသိတဲ့အချိန်ကကျုရှင်မှာ သူလာကြိုတာဆယ်တန်းလောက်ဘဲရှိဦးမယ် သူကကားနဲ့ အခုချိန်ပြန်တွေ့တဲ့အချိန်မှာ သူကိုပြန်သွားကြိုရမယ်လိုဖြစ်နေတယ် ပြောင်းပြန်ဖြစ်နေတယ် စိုင်းစိုင်းက ကျွန်တော်ထက်နဲနဲကြီးပေမယ့် သူကအရမ်းအရွယ်တင်တယ် အရမ်းလဲနုတယ် နောက်ပြီးသူရဲ့ဖန်တီးနိုင်မှုစွမ်းအင်က အရမ်းမြင့်တယ် အခုရိုက်တဲ့ဇာတ်လမ်းတွဲဆိုလဲ သူအများကြီးစဉ်းစားထားတာ သူကျွန်တော်ကိုပြောပြတယ် သူလုပ်ချင်တာတွေကများတယ် မင်းအချိန်ရောရှိရဲ့လားကွာလို့အဲ့လောက်ထဲမှာဆိုတော့ အချိန်မရှိတဲ့ကြားကလုပ်တာ သူကလဲအနုပညာအခံကြီးပါတယ် ကျွန်တော်တို့ထဲမှာ အောင်မြင်မှုကိုအကြာကြီးထိန်းထားနိုင်တာဆိုတော့ ဆရာကြတယ် တစ်ခုဘဲသူက ကိုယ်ထက်ငယ်သလိုဖြစ်နေတာတစ်ခုဘဲ”

သရုပ်ဆောင်တဲ့အပိုင်းမှာရော အစ်ကိုကပြန်ပြရမှာပေါ့ဆိုတာကိုတော့” ဒါကတော့ဇာတ်လမ်းနဲ့ဘဲဆိုင်ပါတယ် ဇာတ်လမ်းကဘယ်လိုသွားမလဲဆိုတာပေါ့ ကျွန်တော်တို့က သရုပ်ဆောင်တက်တယ်ဆိုတိုင်း ဇွတ်ပြီးသရုပ်ဆောင်ပြနေရင်လဲ ငပေါကြီးလို့ထင်နေမှာပေါ့ ဇာတ်လမ်းကပေးသလောက်ပေါ့ နောက်ပြီးဇာတ်လမ်းထဲမှာ သူနဲ့ကျွန်တော်ကသူငယ်ချင်းတွေ နှစ်ယောက်အတူတူဖြတ်သန်းရမဲ့ ပုံစံမျိုးရှိတယ် နောက်ပြီး သက်မွန်လဲပါတယ်ဆိုတော့ သူငယ်ချင်းတွေ စုံတော့ပျော်စရာလဲကောင်းမှာပါ”

သူငယ်ချင်းသုံးယောက် ပြန်ဆုံတော့ဒီဇာတ်ကားက မြန်မြန်ရောရိုက်ကူးနိုင်ပါမလားဆိုတဲ့အပေါ်” ဟိုနေ့ကဓာတ်ပုံရိုက်တာတောင် တော်တော်တိုင်ပက်နေတယ် သက်မွန်မြင့်ရယ်တာကို ထိုင်စောင့်နေရတယ် နောက်ရိုက်ရမှာက ဇာတ်လမ်းကသည်းထိပ်ရင်ဖိုဖြစ်တယ် အဲ့တော့ပြောင်ဆက်ဆက်တွေက ထိန်းလို့ရမှာမဟုတ်ဘူး ”

ုသူငယ်ချင်းသုံးယောက် ဆုံလို့ဒီဇာတ်ကားကိုလက်ခံဖြစ်တာလား မသိဘဲလက်ခံဖြစ်တာလာဆိုတာကိုတော့” စီစဉ်တာကရွှေမန်းကစီစဉ်တာ စိုင်းစိုင်းနဲ့ရိုက်ဖို့ရှိတယ် စိုင်းစိုင်းကလဲကိုဖြိုးနဲ့ရိုက်မယ်ဆိုလို့ပေါ့ သိပ်မကြာဘူး စိုင်းစိုင်းဆက်သွယ်လာတယ် သူမှာဇာတ်လမ်းရှိတယ်ပေါ့ မဆုံတာလဲအရမ်းကြာပြီ နောက်သူနဲ့ကျွန်တော်နဲ့က ဒီလိုမျိုးရိုက်ဖို့ဆိုတာလဲခက်ခဲတယ်လေ နောက်အတွဲဆိုတော့လေ ကျွန်တော်ကတော့ကျေနပ်ပါတယ် သူတို့လဲကျေနပ်ကျပါတယ်”

စိုင်းစိုင်းကို သီတင်းကျွတ် ဘာဆုတောင်းပေးစေချင်လဲ “မိန်းမ မရပါစေနဲ့ပဲ ဆုတောင်းတယ်။ ဟို တနေ့ကတောင် သူက ငါလူပျိုကြီး လုပ်ရတာ ငြီးငွေ့ လာပြီတဲ့ စိတ်တော့ နည်းနည်းပြောင်းလာပြီ ထင်တယ်။ ဒါပေမယ့်လည်း ခက်တာက ရွေးရမယ့်သူတွေက များနေတော့ ခက်နေတာထင်တယ်။ အဲ့ကြောင့် မရပါစေနဲ့ပဲ ဆုတောင်းပေးနေတာ ရပါစေဆိုရင် ပြသာနာ တက်အောင် လုပ်သလို ဖြစ်နေမယ်” ဆိုပြီး စိုင်းစိုင်း မိန်းမ မယူသေးတဲ့ ကိစ္စ အကြောင်း ကို ပြောပြသွား ခဲ့ပါတယ်။