ညီမေလးေတြေရာ မမေတြေရာ ခ်စ္ေအာင္ေနပါတယ္ တိုတဲ့ ထက္ယံ

လူငယ္ပရိသတ္ေတြၾကားမွာ နာမည္ႀကီး ေရပန္းစားေနတဲ့ အဆိုေတာ္ ထက္ယံ ကိုေတာ့ လက္႐ွိမွာ လူေတာ္ေတာ္မ်ားမ်ား ပိုၿပီး ရင္းႏွီးေနၾကမွာပါ။ ေႏြးသြားတယ္၊ ေမာင့္အခ်စ္ဦး အစ႐ွိတဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး Tik Tok ေတြမွာလည္း လူႀကိဳ္က္မ်ားေနတာကို ေတြ႔ရပါတယ္။ ထက္ယံကေတာ့ သူ႔သီခ်င္းေတြကို လူႀကိဳက္မ်ားတာကို ဝမ္းသာတဲ့ အေၾကာင္းေျပာသြားၿပီး ညီမေလးေတြေရာ မမေတြေရာ ခ်စ္ေအာင္ေနတယ္လို႔ ေျပာသြားတာပါ။

ကိုယ့္သီခ်င္းေလးေတြက Tik Tok မွာ ေပါက္ေနတဲ့ အေပၚမွာ ထက္ယံ ကေတာ့ “ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းမွာ ေပါက္ေနတဲ့ သီခ်င္းေလးေတြကို Tik Tok ေဆာ့ၾကတယ္။ ကိုယ့္သီခ်င္းေလးေတြကိုိလည္းTik Tok အတြက္ဆိုၿပီး ရည္ရြယ္ၿပီးထုတ္တာမ်ိဳးေတာ့မ႐ွိဘူးေပါ့။ ကိုယ့္သီခ်င္းေလးေတြကို ျဖတ္ၿပီးေတာ့ Tik Tok လုပ္ေနၾကတာ ေတာ္ၾကပါတယ္။ ျဖတ္ထားတဲ့ အပုိင္းေလးေတြက်ေနာ္လည္း အစက ႐ိုက္ဖို႔ေတာ့ စဥ္းစားထားေသးတယ္။ ဒါေပမယ့္လည္း မ႐ိုက္တတ္လို႔ မ႐ိုက္ေတာ့တာ။ ဘာပဲ ျဖစ္ျဖစ္ က်ေနာ့္ကို Support ေပးၾကလို႔ ေပ်ာ္ပါတယ္”

“က်ေနာ္တို႔ေတြက မမ ေတြကို ႀကိဳက္တယ္ေလ။ ငယ္ငယ္က ေယာက်ာ္းသဘာဝ ဆိုေတာ့။ ၿပီးေတာ့၂၅ေလာက္ ေရာက္တဲ့ အခ်ိန္မွာ ညီမေလးေတြကလည္း တမ်ိဳးတဖံုး အေရးပါတာပဲေလ။ အဲ့ေၾကာင့္ ညီမေလးေတြ အတြက္လည္း သီခ်င္း လုပ္ေပးျဖစ္သလို ညီမေလးေတြ ခ်စ္ေအာင္လည္း ေနရတယ္။ မမ ေတြ ခ်စ္ေအာင္လည္း ေနရတယ္။ အကုန္လံုး ခ်န္ရတာေပါ့။ ညီမေလးေတြလည္း သီတင္းကြၽတ္မွာ လာကန္ေတာ့လို႔ ရပါတယ္။ လက္စြပ္ကိစၥေတြကေတာ့ ေျပာၿပီးသြားပါၿပီ။ အခုကေတာ့ iphone 11 pro လား အဲ့ဒါေတြလည္း လက္ခံေနပါတယ္။ က်ေနာ္ အဲ့ဒါေလး ေျပာျပခ်င္ေနတာပါ

က်ေနာ္တို႔ကလည္း သီခ်င္းေတြ ဖန္တီးတဲ့ အခ်ိန္မွာ ကေလးေသးေသးေလးကေန လူႀကီးေတြေရာ နားေထာင္လို႔ ရေအာင္ မ်ွမ်ွတတ ျဖစ္ေအာင္ပဲ ဖန္တီးထားတာပါ။ ဘယ္သူ႔ကိုမွ ခံစားေရးထားတယ္ဆိုတာကေတာ့ မ႐ွိပါဘူး” ဆိုၿပီး ေျပာၾကားသြား ခဲ့ပါတယ္။

Unicode

လူငယ်ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေတဲ့ အဆိုတော် ထက်ယံ ကိုတော့ လက်ရှိမှာ လူတော်တော်များများ ပိုပြီး ရင်းနှီးနေကြမှာပါ။ နွေးသွားတယ်၊ မောင့်အချစ်ဦး အစရှိတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားပြီး Tik Tok တွေမှာလည်း လူကြိုက်များနေတာကို တွေ့ရပါတယ်။ ထက်ယံကတော့ သူ့သီချင်းတွေကို လူကြိုက်များတာကို ဝမ်းသာတဲ့ အကြောင်းပြောသွားပြီး ညီမလေးတွေရော မမတွေရော ချစ်အောင်နေတယ်လို့ ပြောသွားတာပါ။

ကိုယ့်သီချင်းလေးတွေက Tik Tok မှာ ပေါက်နေတဲ့ အပေါ်မှာ ထက်ယံ ကတော့ “နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပေါက်နေတဲ့ သီချင်းလေးတွေကို Tik Tok ဆော့ကြတယ်။ ကိုယ့်သီချင်းလေးတွေကိုလည်းTik Tok အတွက်ဆိုပြီး ရည်ရွယ်ပြီးထုတ်တာမျိုးတော့မရှိဘူးပေါ့။ ကိုယ့်သီချင်းလေးတွေကို ဖြတ်ပြီးတော့ Tik Tok လုပ်နေကြတာ တော်ကြပါတယ်။ ဖြတ်ထားတဲ့ အပိုင်းလေးတွေကျနော်လည်း အစက ရိုက်ဖို့တော့ စဉ်းစားထားသေးတယ်။ ဒါပေမယ့်လည်း မရိုက်တတ်လို့ မရိုက်တော့တာ။ ဘာပဲ ဖြစ်ဖြစ် ကျနော့်ကို Support ပေးကြလို့ ပျော်ပါတယ်”

“ကျနော်တို့တွေက မမ တွေကို ကြိုက်တယ်လေ။ ငယ်ငယ်က ယောကျာ်းသဘာဝ ဆိုတော့။ ပြီးတော့၂၅လောက် ရောက်တဲ့ အချိန်မှာ ညီမလေးတွေကလည်း တမျိုးတဖုံး အရေးပါတာပဲလေ။ အဲ့ကြောင့် ညီမလေးတွေ အတွက်လည်း သီချင်း လုပ်ပေးဖြစ်သလို ညီမလေးတွေ ချစ်အောင်လည်း နေရတယ်။ မမ တွေ ချစ်အောင်လည်း နေရတယ်။ အကုန်လုံး ချန်ရတာပေါ့။ ညီမလေးတွေလည်း သီတင်းကျွတ်မှာ လာကန်တော့လို့ ရပါတယ်။ လက်စွပ်ကိစ္စတွေကတော့ ပြောပြီးသွားပါပြီ။ အခုကတော့ iphone 11 pro လား အဲ့ဒါတွေလည်း လက်ခံနေပါတယ်။ ကျနော် အဲ့ဒါလေး ပြောပြချင်နေတာပါ

ကျနော်တို့ကလည်း သီချင်းတွေ ဖန်တီးတဲ့ အချိန်မှာ ကလေးသေးသေးလေးကနေ လူကြီးတွေရော နားထောင်လို့ ရအောင် မျှမျှတတ ဖြစ်အောင်ပဲ ဖန်တီးထားတာပါ။ ဘယ်သူ့ကိုမှ ခံစားရေးထားတယ်ဆိုတာကတော့ မရှိပါဘူး” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။