ကမ္ဘာအေးဘုရားလမ်းမှာ လက်ထိပ်နဲ့ နှစ်ခါလျှောက်ခဲ့ရတယ်ဆိုတဲ့ ဖြိုးပြည့်စုံ
Unicode
အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာတွေ အားပေးမှုတွေကို အပြည့်အဝ ရယူထားနိုင်တဲ့ အဆိုတော်ဖြိုးပြည့်စုံကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ရက်နေ့က မူးယစ်ဆေးဝါးအမှုနဲ့ မှားယွင်းထိမ်းသိမ်းခံခဲ့ပြီး မူးယစ်ဆေးဝါးမဟုတ်တဲ့အတွက်ကြောင့် မကြာသေးခင်က ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီ အောက်တိုဘာလ၁၅ ရက်နေ့က ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ပြူလုပ်ခဲ့ပါတယ်။
ဖြိုးပြည့်စုံက “သီတင်းယူနေတဲ့လူတွေအားလုံးကို မီဒီယာကနေမှတစ်ဆင့် ပြည်သူတွေဆီကိုသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေကို ကျွန်တော်ပြောပြချင်တာကတော့ ဒီကဏ္ဍမှာ လူတွေအားလုံးကတော့ ရဲတပ်ဖွဲ့လို့ပဲ ခေါင်းစဉ်တပ်ခံရတယ်။ ဖမ်းဆီးထိမ်းသိမ်းမှုမှာ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းတယ် အရေးယူဖြေရှင်းမှုမှာက ဗဟန်းရဲစခန်းကဖြေရှင်းတယ် ဒီနှစ်ခုကို ကျွန်တော် ကွဲကွဲ သိစေချင်တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထိမ်းသိမ်းမှုမှာ ဥပဒေပ လုပ်ရက်လေးတွေ လုပ်သွားတာရှိပါတယ်။ ဥပဒေပဆိုတာ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းမဖမ်းဘဲ ဘောင်တွေစည်းတွေကိုကျော်ပြီး ဖမ်းဆီးထိမ်းသိမ်းခြင်းကို ခံခဲ့ရတာပေါ့နော်။ ကျွန်တော်ဆိုရင် မြန်မာပလာဇာမှာ လက်ထိပ်ခတ်ခံခဲ့ရတယ်။ လက်ထိပ်ခတ်ပေမယ့် ကျွန်တော့်ရဲ့ လက်ထိပ်ကို အရပ်ဝတ်ရဲနှစ်ယောက်က ဘေးကနေညှပ်ပြီးတော့ လက်ထိပ်ပေါ်ကနေ သူတို့ရဲ့ အိပ်ကို ဖုံးလိုက်တယ်။ ဖုံးလိုက်တော့ ကျွန်တော့်လက်ကြားညှပ်ပြီး စုသလိုမျိုးကြီးပါသွားတယ်။ အရှေ့မှာလည်း ကျွန်တော့်ဘော်ဒါနှစ်ယောက်က လက်ထိပ်ကြီးနဲ့ခေါ်သွားတာဆိုတော့ ကျွန်တော်က Automatically ဖမ်းခံရတယ်ဆိုတာကို အားလုံးသိတာပေါ့နော်။
ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်တော့်ကို ထိမ်းသိမ်းဖို့အတွက် ဘယ်ကိုခေါ်လို့ခေါ်ရမှန်းမသိဘူး။ ဘာကြောင့်လဲဆိုတော့ မူးယစ်တပ်ဖွဲ့က သတင်းရထားာတာလဲ ရောင်းဝယ်ဖောက်ကားမှုရှိတယ်နှစ်ဦးလိုပဲသိထားတာ။ တကယ့်တကယ်နောက်ဆက်တွဲမှာက ကားသော့က မမျှော်လင့်ဘဲ ပါလာတော့ မေးလိုက်တဲ့အခါမှာ ဖြိုးပြည့်စုံဖြစ်နေတယ်။ ပြီးတော့ တတိယတစ်ယောက်ထပ်တိုးလာတယ်ဆိုတော့ တကယ့်မူးယစ်ရဲတပ်ဖွဲ့ကိုယ်တိုင်ကလည်း ခေါင်းရှုပ်သွားမယ်လို့ထင်တယ်။ အဲ့အခါမှာ သူတို့ကြိုတင်မပြင်ဆင်လာတဲ့အတွက်ကြောင့် ကျွန်တော့်ကို ဘယ်ကိုခေါ်လာလို့ခေါ်လာရမှန်းမသိ ဖြစ်သွားတယ်။ ကျွန်တော် ကမ္ဘာအေးဘုရားလမ်း လူစည်းကားတဲ့ ကားဂိတ်ကို နှစ်ခေါက်လောက်လျှောက်ရပါတယ်။ စက်မှုတစ် တစ်ခါလျှောက်ရတယ်။ စက်မှုတစ်ကနေမှ ကမ္ဘာအေးဘုရားလမ်းဘက်ကို တစ်ခါလျှောက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲ့နားမှာရှိတဲ့ လူပေါင်းများစွာက ကျွန်တော့်ကို မှတ်တမ်းတင်ထားတာဓာတ်ပုံရိုက်ထားတာ ရှိမနေတဲ့အတွက်။ ဒါကံကောင်းတယ်လို့တော့ မဆိုလိုပါဘူး ဒီပုံတွေတက်လာမယ်လို့ မျှော်လင့်ထားပြီးသား ဒါပေမဲ့ တက်လာချင်းတော့ မရှိပါဘူး။ အခွင့်အရေးအရမ်းရတယ် ကျွန်တော်နှစ်ခါတောင်လျှောက်တာ။ ပြီးတော့ ကျွန်တော့်ကားဆီကို ပြန်ရောက်သွားတယ် ဒါကတော့ အကြမ်းဖျင်းပေါ့ ခြုံငြုံသုံးသပ်ပြတာပါ။