အနုပညာမလုပ်တော့ဘဲ အပြင်စီးပွားရေးလုပ်ဖြစ်နေတဲ့မကြောင်း ပြောလာတဲ့ Kငြိမ်း

ဆေးစက်ကျရာ အရုပ်ထင်သလို ကျရာဇာတ်ရုပ်အပေါ်မှာ အကောင်းဆုံးသရုပ်ဆောင်ပြပြီး ဟာသ ဒရမ်မာ စတာတွေကို အကောင်းဆုံးလုပ်ဆောင်ပြီး သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် Kငြိမ်းက အနုပညာအလုပ်တွေကို နားထားပြီး အပြင်စီးပွားရေးတွေကို လုပ်ဖြစ်နေရတာနဲ့ပတ်သက်ပြီး ပေါ်ပြူလာရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

Kငြိမ်းက “ပထမဆုံးအနေနဲ့အကြောင်းတရားကတော့ ကျွန်တော်တို့ ရုပ်ရှင်လောကကနေပြီးတော့ ခဏနားရင်းကနေပြီးတော့ ကားရိုက်နည်းနည်းကျဲသွားတယ်။ ကျဲသွားတဲ့အချိန်မှာ ဒီက သူဌေးနဲ့ နဂိုကတည်းက ရင်းနှီးရှိတဲ့အခါကြတော့ အလုပ်လုပ်ဖို့ပြောရင်းကနေ သူကလည်း ညီလာခဲ့ဆိုတာနဲ့ အဲ့ကနေစပြီးတော့ လုပ်ဖြစ်သွားတာပါ။

ဘာပဲပြောပြော ကျွန်တော့်ကို ဒီလိုမျိုးလေးပေါ့နော် ခုဏလို အခက်အခဲဖြစ်နေတဲ့အချိန်လေးမှာ ဒီလမ်းကြောင်းလေးပေါ် တင်ပေးတာ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အစ်ကိုလို ဆရာလိုဖြစ်နေတဲ့အတွက် ကျွန်တော်ကတော့ ကျေးဇူးအမြဲတင်နေတာပေါ့နော်။ လက်ရှိလည်း ကျွန်တော့်အစ်ကိုဆရာရဲ့ လက်အောက်မှာ လျှောက်လှမ်းသွားမယ် အကောင်းဆုံးလည်း ကြိုးစားသွားမယ်။ ကျွန်တော့်ကို ဘာပဲ ပြောပြော လမ်းကြောင်းပေါ်ကို ပို့ပေးတဲ့ အစ်ကိုဆရာပါ။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး အပြင်စီးပွားရေးလုပ်တာနဲ့ အနုပညာလုပ်တာနဲ့ ဘာတွေ ကွာခြားသွားလဲလို့ မေးမြန်းရာ “ကွာခြားမှုတွေကတော့ အများကြီးပဲ အနုပညာလောကက ပုံစံတစ်မျိုးလေးပေါ့နော်။ ဒီစီးပွားရေးအပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ နည်းနည်းလေး လှုပ်ရှားတာတွေက တခြားစီဖြစ်သွားတယ်။ ဟိုမှာကြတော့ feeling တစ်ခု စိတ်ရဲ့ Emotion တစ်ခုနဲ့သွားရတာလေ။ ဒီမှာကြတော့ ဦးနောက်ပိုင်းဆိုင်ရာတွေးခေါ်တာတွေရှိမယ်။ ကိုယ့်ရဲ့ Management တွေဘာတွေနဲ့ကွဲသွားတာပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။