မင်းသန့်မောင်မောင် ကို တရားဝင်အမွေတွေ လွှဲအပ်တော့မယ်ဆိုတဲ့ စင်ရော်မောင်မောင်

အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့တစ်ဦးတည်းသော သားဖြစ်တဲ့ မင်းသန့်မောင်မောင် ကို တရားဝင်အမွေတွေ လွှဲအပ်တော့မယ့် အကြောင်း သိရှိခဲ့ရတာနဲ့ပတ်သက်ပြီး ဘယ်အရာတွေကို ပေးသွားမလဲဆိုတာကို ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပြသွားခဲ့ပါတယ်။

အိမ်ထောင်ကွဲသွားတာကတော့ ဆယ့်ငါးနှစ်လောက်ရှိပြီပေါ့နော် အဲ့ထဲက‌ တစ်ယောက်ထဲနေလာခဲ့တာလည်း ကြာပြီ။ နောက်ထပ်အိမ်ထောင်ပြုဖို့ကို မိသားစုအသစ် တစ်ခုတည်ထောင်ဖို့ စဉ်းစားတိုင်း စဉ်းစားတိုင်းမှာ ဒီကလေးအတွက် အမြဲတမ်းတွေးတယ်လေ။မွေးထဲက ILBCမှာ ကျောင်းထားတယ် နိုင်ငံခြားကိုပို့တယ် ဒါရိုက်တာဖြစ်အောင်လုပ်တယ်။ ရှိသမျှမြေ‌ကွက်တွေကို ရောင်းတယ်။ အဲ့တုန်းကဆိုရင် အကြွေးတွေဘာတွေလည်း တင်တယ်။ ဝိုင်းပြီး ချေးပေးခဲ့ကြတဲ့ ရွှေသံလွင်တို့ ဒေါက်တာ ခင်ရွှေတို့ဆီက‌ရတယ်။ အခုတော့ အကြွေးတွေအကုန်လုံး ဆပ်ပြီးသလောက်ရှိပါပြီ။

အဲ့တော့ ဒီလောက်ရင်နှင့်အမျှ ချစ်ရတဲ့ ဒီကလေးအတွက် အချိန်တန်ပြီလို့ ထင်တယ်။ အခု မင်းသန့်မောင်မောင် ရိုက်ကူးထားတဲ့ စိုင်းစိုင်းခမ်းလှိုင် ‌‌‌ကြော်ငြာမှာ သူ့ရဲ့ ရိုက်ချက် editing ပြီးတော့ သူရဲ့ scriptကို မိုးနီလွင်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာတွေ အကုန်လုံး Sound Designက အစ ကိုယ့်ထက်လည်း အတွေ့ကြုံကလွဲလို့ အဖက်ဖက်က ခေတ်မှီတယ် သာလွန်တယ်လို့ ယူဆတယ်။ ဒါကြောင့် အလွန်ဆုံး ၂နှစ် အမြန်ဆုံး ၁နှစ် အဲ့အချိန်အတွင်းမှာ လွှဲမယ်လို့ စဉ်းစားပြီး စီစဉ်နေတယ်။

သူကတော့ အဖေစောသေးတယ် သားနာမည်နဲ့ မလုပ်ပါနဲ့လို့ ပြောတယ်။‌လောကကြီးက ပြောလို့မရဘူး အဲ့တော့ မင်းလက်ထဲကို အကုန်လုံး စိတ်ချလက်ချ အပ်ခဲ့ဖို့လိုတယ်။ ပြီးတော့ ဒီဟာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ရှေ့နေနဲ့လုပ်ထားတာတော့ ရှိတာပေါ့။ ချက်ချင်းရောင်းလို့တော့ မရသေးဘူး တိုးပွားအောင်လုပ်ရအုံးမယ်။ ဒါပေမယ့် အိမ်တစ်လုံး တိုက်ခန်းတစ်ခု ကားနှစ်စီး နယ်မှာနေဖို့ မြေကွက်အနည်းငယ် ပြီးတော့ Directingနဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေ ကင်မရာတွေ ဒါတွေဟာ မင်းသန့်မောင်မောင် ပိုင်ဆိုင်သွားပြီပေါ့နော်။ အဖေတစ်ယောက်အနေနဲ့ ဝမ်းသာတယ် ကျေနပ်တယ်။

သူမွေးပြီးတော့ ၂၄နာရီ မပြည့်ခင်မှာထဲက တွေးခဲ့တာ တစ်နေ့ကို ဒါရိုက်တာ ဖြစ်အောင် ပြုစု‌ပျိုးထောင်မယ် ပညာလည်း ထူးချွန်ရမယ် ကျွန်တော့်အမွေလည်း ဆက်ခံနိုင်ရမယ်။ နောက် ၁နှစ်ကျော် ၂နှစ် အတွင်းမှာ ဒါရိုက်တာဘဝကနေ အနားယူမယ် ဒီအချိန်က အနားယူဖို့ အကောင်းဆုံးပဲလေ။ နောက်တစ်ခု Productionပိုင်း ရှူတင်မန်နေဂျာလုပ်မယ်။

မင်းသန့်လမ်းမမှားဖို့ အတွက် ဆုတောင်းတယ်။ သူအောင်အောင် မြင်မြင်နဲ့ ပြည့်စုံတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ လမ်းမမှားဖို့ အတွက် မူးယစ်ဆေးဝါး အရက်သေစာ နောက်ပြီး ထောင်ချောက်တွေထဲ မဝင်ဖို့ အရမ်းစိတ်ပူတယ်။ အခုလည်း တောက်လျောက် တစ်ချိန်လုံး တရစပ် သတိပေးနေရတယ်။ ကြည့်နေတဲ့ ပရိတ်သက်တွေလည်း ကြည့်ရှုစောင့်ရှောက် ပေးပါ အမြင်‌မတော်တာတွေရှိရင်လည်း ဆုံးမပါလို့ အပ်ပါတယ် ဆိုတဲ့အကြောင်း ‌ဖြေကြားသွားခဲ့ပါတယ်။