ရာစုႏွစ္အတြင္းတစ္ႀကိမ္သာ ျမင္ေတြ႕ရမယ့္သြင္းဂိုးမ်ိဳးသြင္းျပခဲ့တဲ့ လူးဝစ္ဇ္ဆြာရက္ဇ္

ဒီအပတ္ကေတာ့ လွလွပပသြင္းဂိုးေတြနဲ႔ျပည့္ႏွက္ေနတဲ့ ရက္သတၱပတ္လို႔ဆိုရပါမယ္။ ဒီအပတ္မွာ စပါးအသင္းတိုက္စစ္မႈးဆြန္ေယာင္မင္ရဲ႕ တစ္ကိုယ္ေတာ္သြင္းဂိုးကိုျမင္ေတြ႕ရသလို အခုလည္းဘာစီလိုနာတိုက္စစ္မႈးဆြာရက္ဇ္က ဖေနာင့္နဲ႔လွလွပပ ဂိုးသြင္းယူခဲ့ၿပီး ဒီဂိုးကိုရာစုႏွစ္အတြင္းတစ္ႀကိမ္သာ ျမင္ေတြ႕ရႏိုင္တဲ့ဂိုးလို႔ အားလုံးကကင္ပြန္းတပ္ေနၾကတာပါ။

ဆြာရက္ဇ္ဟာ မာေယာ့ကာအသင္းကို(၅-၂)နဲ႔အႏိုင္ရတဲ့ပြဲစဥ္မွာ ေနာက္ျပန္ဖေနာင့္နဲ႔လွလွပပသြင္းယူေပးခဲ့ၿပီး မာေယာ့ကာကစားသမားေတြအပါအဝင္အားလုံးကိုမွင္တက္သြားေအာင္ လုပ္ျပသြားခဲ့တာပါ။ ဒီသြင္းဂိုးနဲ႔ပတ္သတ္ၿပီး ကာယကံရွင္ဆြာရက္ဇ္က “ အဲ့ဒီအခ်ိန္ ေထာင့္က်ဥ္းေလးပဲရွိေတာ့ၿပီး ကြၽန္ေတာ့္မွာ လုပ္စရာတစ္ခုပဲရွိေတာ့တယ္ဆိုတာ သေဘာေပါက္ခဲ့ပါတယ္။ အဲဒါကေတာ့ ဖေနာင့္နဲ႔ ေပါက္သြင္းဖို႔ပါပဲ။ ကြၽန္ေတာ္ခုန္လိုက္ၿပီး ဂိုးသမားကို ေက်ာ္ျဖတ္ဖို႔ အခြင့္အေရးနည္းနည္းပဲရွိခဲ့တာပါ။ ဗယ္ဗာဒီ(ဘာစီလိုနာနည္းျပ)ဆို ကြၽန္ေတာ့္ကိုအၿမဲေျပာပါတယ္။ မင္းက တစ္ခါတစ္ေလ လြယ္လြယ္ေလးကန္ရတဲ့အလုံးေတြေခ်ာ္ၿပီး တစ္ခါတစ္ေလၾကေတာ့လည္း ခက္ခက္ခဲခဲနဲ႔မျဖစ္ႏိုင္တဲ့ဂိုးေတြကို သြင္းတယ္ဆိုၿပီးေတာ့ပါ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ပရိတ္သတ္ေတြကလည္း ဆြာရက္ဇ္ရဲ႕သြင္းဂိုးကို ခ်ီးက်ဳးဂုဏ္ျပဳေနၾကၿပီးတြစ္တာမွာေတာ့ ဆြာရက္ဇ္ရဲ႕ဂိုးမွာ ရာစုႏွစ္တစ္ခုမွာ တစ္ႀကိမ္သာျမင္ေတြ႕ရႏိုင္တဲ့ဂိုးမ်ိဳးလို႔ ပရိတ္သတ္ေတြကေရးတင္ထားၾကပါတယ္။

Unicode

ဒီအပတ်ကတော့ လှလှပပသွင်းဂိုးတွေနဲ့ပြည့်နှက်နေတဲ့ ရက်သတ္တပတ်လို့ဆိုရပါမယ်။ ဒီအပတ်မှာ စပါးအသင်းတိုက်စစ်မှုးဆွန်ယောင်မင်ရဲ့ တစ်ကိုယ်တော်သွင်းဂိုးကိုမြင်တွေ့ရသလို အခုလည်းဘာစီလိုနာတိုက်စစ်မှုးဆွာရက်ဇ်က ဖနောင့်နဲ့လှလှပပ ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးကိုရာစုနှစ်အတွင်းတစ်ကြိမ်သာ မြင်တွေ့ရနိုင်တဲ့ဂိုးလို့ အားလုံးကကင်ပွန်းတပ်နေကြတာပါ။

ဆွာရက်ဇ်ဟာ မာယော့ကာအသင်းကို(၅-၂)နဲ့အနိုင်ရတဲ့ပွဲစဉ်မှာ နောက်ပြန်ဖနောင့်နဲ့လှလှပပသွင်းယူပေးခဲ့ပြီး မာယော့ကာကစားသမားတွေအပါအဝင်အားလုံးကိုမှင်တက်သွားအောင် လုပ်ပြသွားခဲ့တာပါ။ ဒီသွင်းဂိုးနဲ့ပတ်သတ်ပြီး ကာယကံရှင်ဆွာရက်ဇ်က “ အဲ့ဒီအချိန် ထောင့်ကျဉ်းလေးပဲရှိတော့ပြီး ကျွန်တော့်မှာ လုပ်စရာတစ်ခုပဲရှိတော့တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ဖနောင့်နဲ့ ပေါက်သွင်းဖို့ပါပဲ။ ကျွန်တော်ခုန်လိုက်ပြီး ဂိုးသမားကို ကျော်ဖြတ်ဖို့ အခွင့်အရေးနည်းနည်းပဲရှိခဲ့တာပါ။ ဗယ်ဗာဒီ(ဘာစီလိုနာနည်းပြ)ဆို ကျွန်တော့်ကိုအမြဲပြောပါတယ်။ မင်းက တစ်ခါတစ်လေ လွယ်လွယ်လေးကန်ရတဲ့အလုံးတွေချော်ပြီး တစ်ခါတစ်လေကြတော့လည်း ခက်ခက်ခဲခဲနဲ့မဖြစ်နိုင်တဲ့ဂိုးတွေကို သွင်းတယ်ဆိုပြီးတော့ပါ”လို့ပြောကြားသွားခဲ့ပါတယ်။

ပရိတ်သတ်တွေကလည်း ဆွာရက်ဇ်ရဲ့သွင်းဂိုးကို ချီးကျုးဂုဏ်ပြုနေကြပြီးတွစ်တာမှာတော့ ဆွာရက်ဇ်ရဲ့ဂိုးမှာ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာမြင်တွေ့ရနိုင်တဲ့ဂိုးမျိုးလို့ ပရိတ်သတ်တွေကရေးတင်ထားကြပါတယ်။