ကီတာအေပၚဘယ္တုန္းကမွ သံသယမထားခဲ့ဘူးလို႔ေျပာၾကားလိုက္တဲ့ ကေလာပ့္

လီဗာပူးလ္နည္းျပဂ်ာဂ်င္ကေလာပ့္က ဒီရာသီမွာ ပြဲထြက္ခြင့္သိပ္မရတဲ့ ကြင္းလယ္လူနဘီကီတာအေပၚ သံသယမရွိပါဘူးလို႔ ရွင္းလင္းေျပာၾကားသြားပါတယ္။ ကီတာဟာ လိုက္ပစ္ဇ္အသင္းကေနေျပာင္းေ႐ြ႕လာခဲ့ၿပီး ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔ေၾကာင့္ ပုံမွန္ေနရာရဖို႔႐ုန္းကန္ေနရသူျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ဘုန္းေမာက္အသင္းနဲ႔ပြဲမွာေတာ့ ပါဝင္ကစားခြင့္ရခဲ့ၿပီး တစ္ဂိုးသြင္း၊တစ္ဂိုးဖန္တီးမႈျပဳလုပ္ကာ‌‌ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္နည္းျပကေလာပ့္က “ ဒီလိုကစားသမားမ်ိဳးကိုျမင္ရင္ ဘာေၾကာင့္ သူအပတ္တိုင္းကစားခြင့္မရတာလဲလို႔ ခင္ဗ်ားကြၽန္ေတာ့္ကိုေမးႏိုင္တယ္။ နဘီကီတာက ဒဏ္ရာရခဲ့ဖူးတယ္။ ၿပီးေတာ့ အသင္းကလည္းအေကာင္းဆုံးပုံစံရေနတယ္။ ဒါဆိုဘာေၾကာင့္အေျပာင္းအလဲလုပ္ရမွာလဲ။ ကြၽန္ေတာ္တို႔က ေလး၊ငါးပြဲေလာက္အႏိုင္ကစားရ႐ုံပဲမဟုတ္ဘူး။ ဘယ္လိုကစားသမားေတြက ဘယ္ပြဲမွာ တည္ကန္ေဘာေတြကို ကာကြယ္ႏိုင္မလဲဆိုတာမ်ိဳးအထိေတြးေနရတယ္။ နဘီ မကစားရေသးဘူးဆိုတာသိတယ္။ သူနဲ႔ကြၽန္ေတာ္အဆက္အသြယ္ရွိၿပီးစကားေတြလည္းအမ်ားႀကီးေျပာထားတယ္။အဆုံးသတ္မွာေတာ့ ကစားသမားတစ္ေယာက္က နည္းျပဆီကယုံၾကည္မႈရခ်င္တာပဲ။ ကြၽန္ေတာ္ကလည္း သူ႔ကိုဘယ္တုန္းကမွသံသယမရွိပါဘူး။ တကယ္ေတာ့ နဘီက လီဗာပူးလ္နဲ႔အစေကာင္းခဲ့တဲ့သူျဖစ္ၿပီး ဒဏ္ရာေတြေၾကာင့္သာ ကံမေကာင္းခဲ့တာပါ”လို႔ရွင္းလင္းသြားခဲံပါတယ္။

ကီတာဟာ (၂၀၁၈)က လိုက္ပစ္ဇ္အသင္းကေနေပါင္(၅၃)သန္းနဲ႔ေျပာင္းေ႐ြ႕လာခဲ့သူျဖစ္ၿပီး မာေဆးဆိုဒ္ကစားသမားဘဝအစမွာ ပုံမွန္ေနရာရခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြေၾကာင့္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးသြားခဲ့ရသူလည္းျဖစ္ပါတယ္။ ကီတာဟာ လီဗာပူးလ္အသင္းအတြက္ (၃၃)ပြဲသာ ပြဲထြက္ကစားခြင့္ရေသးၿပီး ယခုဘုန္းေမာက္အသင္းနဲ႔ပြဲစဥ္ဟာလည္း ကီတာအတြက္ဧၿပီလေနာက္ပိုင္း ပထမဦးဆုံးျပန္ကစားခြင့္ရတဲ့ပြဲစဥ္ျဖစ္ခဲ့ပါတယ္။

Unicode

လီဗာပူးလ်နည်းပြဂျာဂျင်ကလောပ့်က ဒီရာသီမှာ ပွဲထွက်ခွင့်သိပ်မရတဲ့ ကွင်းလယ်လူနဘီကီတာအပေါ် သံသယမရှိပါဘူးလို့ ရှင်းလင်းပြောကြားသွားပါတယ်။ ကီတာဟာ လိုက်ပစ်ဇ်အသင်းကနေပြောင်းရွေ့လာခဲ့ပြီး ဖာဘင်ညို၊ ဟန်ဒါဆန်တို့ကြောင့် ပုံမှန်နေရာရဖို့ရုန်းကန်နေရသူဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲမှာတော့ ပါဝင်ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်း၊တစ်ဂိုးဖန်တီးမှုပြုလုပ်ကာ‌‌ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးလ်နည်းပြကလောပ့်က “ ဒီလိုကစားသမားမျိုးကိုမြင်ရင် ဘာကြောင့် သူအပတ်တိုင်းကစားခွင့်မရတာလဲလို့ ခင်ဗျားကျွန်တော့်ကိုမေးနိုင်တယ်။ နဘီကီတာက ဒဏ်ရာရခဲ့ဖူးတယ်။ ပြီးတော့ အသင်းကလည်းအကောင်းဆုံးပုံစံရနေတယ်။ ဒါဆိုဘာကြောင့်အပြောင်းအလဲလုပ်ရမှာလဲ။ ကျွန်တော်တို့က လေး၊ငါးပွဲလောက်အနိုင်ကစားရရုံပဲမဟုတ်ဘူး။ ဘယ်လိုကစားသမားတွေက ဘယ်ပွဲမှာ တည်ကန်ဘောတွေကို ကာကွယ်နိုင်မလဲဆိုတာမျိုးအထိတွေးနေရတယ်။ နဘီ မကစားရသေးဘူးဆိုတာသိတယ်။ သူနဲ့ကျွန်တော်အဆက်အသွယ်ရှိပြီးစကားတွေလည်းအများကြီးပြောထားတယ်။အဆုံးသတ်မှာတော့ ကစားသမားတစ်ယောက်က နည်းပြဆီကယုံကြည်မှုရချင်တာပဲ။ ကျွန်တော်ကလည်း သူ့ကိုဘယ်တုန်းကမှသံသယမရှိပါဘူး။ တကယ်တော့ နဘီက လီဗာပူးလ်နဲ့အစကောင်းခဲ့တဲ့သူဖြစ်ပြီး ဒဏ်ရာတွေကြောင့်သာ ကံမကောင်းခဲ့တာပါ”လို့ရှင်းလင်းသွားခဲံပါတယ်။

ကီတာဟာ (၂၀၁၈)က လိုက်ပစ်ဇ်အသင်းကနေပေါင်(၅၃)သန်းနဲ့ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး မာဆေးဆိုဒ်ကစားသမားဘဝအစမှာ ပုံမှန်နေရာရခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့ရသူလည်းဖြစ်ပါတယ်။ ကီတာဟာ လီဗာပူးလ်အသင်းအတွက် (၃၃)ပွဲသာ ပွဲထွက်ကစားခွင့်ရသေးပြီး ယခုဘုန်းမောက်အသင်းနဲ့ပွဲစဉ်ဟာလည်း ကီတာအတွက်ဧပြီလနောက်ပိုင်း ပထမဦးဆုံးပြန်ကစားခွင့်ရတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။