၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဇယားအောက်ဆုံးရောက်ခဲ့တဲ့ အက်စ်ပန်ညို

စပိန် ကက်တာလန်ကလပ် အက်စ်ပန်ညိုအသင်းဟာ ပြီးခဲ့တဲ့ စနေညမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးထားခဲ့ပြီး တန်းဆင်းဇုန်ပြိုင်ဘက် လီဂါနက်စ်က ဆဲလ်တာဗီဂိုကို ၃-၂ ဂိုးနဲ့ အနိုင်ရသွားတဲ့နောက်မှာတော့ အမှတ်ပေးဇယားအောက်ဆုံးကို ကျဆင်းသွားခဲ့ရပါတယ်။ ဒါဟာ အက်စ်ပန်ညိုအသင်းအတွက် ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဇယားအောက်ဆုံးမှာ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။

အက်စ်ပန်ညိုအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရပြီး ပွဲစဉ် ၁၆ ပွဲကစားပြီးချိန်မှာ ၈ မှတ်သာ ရယူထားနိုင်ခဲ့ပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေကျထားကာ ၈ ပွဲ ရှုံးနိမ့်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၃-၀၄ ရာသီ ပွဲစဉ် ၁၆အဖြစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အက်စ်ပန်ညိုဟာ ဘာစီလိုနာကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို နောက်ပွဲမှာလည်း ထပ်မံ ရှုံးပွဲတွေ့ခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲပြန်ရခဲ့ပြီး အောက်ဆုံး ၃ သင်းနေရာကနေ ရုန်းထွက်သွားနိုင် ခဲ့ပါတယ်။

ဒါပေမဲ့ တန်းဆင်းဇုန်ထိပ်ပိုင်းက မာယော့ကာအသင်းက ဘာစီလိုနာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အက်စ်ပန်ညိုအသင်းအတွက် တန်းဆင်းဇုန်က ရုန်းထွက်နိုင်ဖို့ မျှော်လင့်ချက်ရှင်သန်နေခဲ့ရပြီး မာယော့ကာ အထက်က အီဘာကလည်း ဂီတာဖေးကို ရှုံးထားခဲ့ပါတယ်။ လက်ရှိမှာတော့ အက်စ်ပန်ညိုအသင်းဟာ ဇယားအောက်ဆုံးကနေ ရုန်းထွက်နိုင်ဖို့အတွက် ဘက်တစ်၊ လီဂါနက်စ်တို့နဲ့ပွဲစဉ်မှာ အနိုင်ရထားဖို့ လိုအပ် နေပြီး အဲဒီနောက်ပိုင်းမှာ ဘာစီလိုနာနဲ့ ကစားရမှာဖြစ်လို့ အနိုင်ရဖို့ မလွယ်ကူနိုင်ပါဘူး။

(ZawGyi)

စပိန္ ကက္တာလန္ကလပ္ အက္စ္ပန္ညိဳအသင္းဟာ ၿပီးခဲ့တဲ့ စေနညမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးထားခဲ့ၿပီး တန္းဆင္းဇုန္ၿပိဳင္ဘက္ လီဂါနက္စ္က ဆဲလ္တာဗီဂိုကို ၃-၂ ဂိုးနဲ႔ အႏိုင္ရသြားတဲ့ေနာက္မွာေတာ့ အမွတ္ေပးဇယားေအာက္ဆုံးကို က်ဆင္းသြားခဲ့ရပါတယ္။ ဒါဟာ အက္စ္ပန္ညိဳအသင္းအတြက္ ၂၀၀၃-၀၄ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဇယားေအာက္ဆုံးမွာ ရပ္တည္ခဲ့ရတာျဖစ္ပါတယ္။

အက္စ္ပန္ညိဳအသင္းဟာ ဒီရာသီမွာ ရလဒ္ဆိုးေတြ ႀကဳံေတြ႕ခဲ့ရၿပီး ပြဲစဥ္ ၁၆ ပြဲကစားၿပီးခ်ိန္မွာ ၈ မွတ္သာ ရယူထားႏိုင္ခဲ့ၿပီး ၂ ပြဲႏိုင္၊ ၂ ပြဲသေရက်ထားကာ ၈ ပြဲ ရႈံးနိမ့္ထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၀၃-၀၄ ရာသီ ပြဲစဥ္ ၁၆အျဖစ္ ဒီဇင္ဘာ ၁၃ ရက္ေန႔မွာ အက္စ္ပန္ညိဳဟာ ဘာစီလိုနာကို ၃-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့သလို ေနာက္ပြဲမွာလည္း ထပ္မံ ရႈံးပြဲေတြ႕ခဲ့ေပမဲ့ ေနာက္ပိုင္းပြဲေတြမွာ ႏိုင္ပြဲျပန္ရခဲ့ၿပီး ေအာက္ဆုံး ၃ သင္းေနရာကေန ႐ုန္းထြက္သြားႏိုင္ ခဲ့ပါတယ္။

ဒါေပမဲ့ တန္းဆင္းဇုန္ထိပ္ပိုင္းက မာေယာ့ကာအသင္းက ဘာစီလိုနာအသင္းကို ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္ အက္စ္ပန္ညိဳအသင္းအတြက္ တန္းဆင္းဇုန္က ႐ုန္းထြက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွင္သန္ေနခဲ့ရၿပီး မာေယာ့ကာ အထက္က အီဘာကလည္း ဂီတာေဖးကို ရႈံးထားခဲ့ပါတယ္။ လက္ရွိမွာေတာ့ အက္စ္ပန္ညိဳအသင္းဟာ ဇယားေအာက္ဆုံးကေန ႐ုန္းထြက္ႏိုင္ဖို႔အတြက္ ဘက္တစ္၊ လီဂါနက္စ္တို႔နဲ႔ပြဲစဥ္မွာ အႏိုင္ရထားဖို႔ လိုအပ္ ေနၿပီး အဲဒီေနာက္ပိုင္းမွာ ဘာစီလိုနာနဲ႔ ကစားရမွာျဖစ္လို႔ အႏိုင္ရဖို႔ မလြယ္ကူႏိုင္ပါဘူး။