ဘာစီလိုနာမှာပဲ တွယ်ကပ်နေချင်နေတဲ့ရာကီတစ်

ဘာစီလိုနာကွင်းလယ်လူရာကီတစ်က ဘာစီလိုနာဟာ သူ့အတွက်တော့ပြီးပြည့်စုံတဲ့နေရာဖြစ်ပြီး ဘယ်အသင်းကိုမှပြောင်းရွေ့ချင်စိတ်မရှိဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ရာကီတစ်ကို ဘာစီလိုနာကရောင်းထုတ်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်လာချိန်မှာ ရာကီတစ်က ယခုလိုပြောကြားလိုက်တာဖြစ်ပြီး ရာကီတစ်ကို အင်တာမီလန်၊ဂျူဗင်တပ်စ်အသင်းတို့ကခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရာကီတစ်ကတော့ “အကြောင်းအရာတော်တော်များများ လွန်ခဲ့တဲ့လအနည်းငယ်က ဖြစ်ပျက်ခဲ့ပါတယ်။တစ်ခါတစ်လေမှာ တချို့အရာတွေကနားလည်ရခက်ပေမယ့်လက်ခံရပါမယ်။ ဒီမှာကစားနေသရွေ့ ကျွန်တော်အရာအားလုံးပေးဆပ်သွားမှာပါ။ ကျွန်တော်အမြဲပြောသလိုပဲ ဘာစီလိုနာထက်ပိုကောင်းတဲ့နေရာမရှိပါဘူး။ ဘာစီလိုနာက ကျွန်တော့်အတွက်ပြီးအပြည့်စုံဆုံးနေရာပါပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ချမ်းချမ်းသာသာနေချင်ပြီး အသင်းတိုးတက်အောင်ကူညီပေးချင်ပါတယ်။မိနစ်တိုင်းအကျိုးရှိအောင်ကစားချင်ပြီးနည်းပြနဲ့ အသင်းဖော်တွေရဲ့ယုံကြည်မှုကိုအရယူမှာပါ”လို့ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အသက်(၃၁)နှစ်အရွယ်ရာကီတစ်ကို အသက်အရွယ်‌ကြောင့်ပြန်လည်ရောင်းထုတ်လိုနေပြီး ပွဲထွက်ကစားခွင့်အနည်းငယ်သာပေးနေပေမယ့် ရာကီတစ်ကတော့ ဘာစီလိုနာမှာပဲဆက်နေချင်တယ်လို့ ပြောနေတာဖြစ်ပါတယ်။

(ZawGyi)

ဘာစီလိုနာကြင္းလယ္လူရာကီတစ္က ဘာစီလိုနာဟာ သူ႔အတြက္ေတာ့ၿပီးျပည့္စုံတဲ့ေနရာျဖစ္ၿပီး ဘယ္အသင္းကိုမွေျပာင္းေ႐ြ႕ခ်င္စိတ္မရွိဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။ ရာကီတစ္ကို ဘာစီလိုနာကေရာင္းထုတ္ဖို႔စီစဥ္ေနတယ္ဆိုတဲ့သတင္းေတြက်ယ္ျပန႔္စြာထြက္ေပၚလာခ်ိန္မွာ ရာကီတစ္က ယခုလိုေျပာၾကားလိုက္တာျဖစ္ၿပီး ရာကီတစ္ကို အင္တာမီလန္၊ဂ်ဴဗင္တပ္စ္အသင္းတို႔ကေခၚယူလိုေနတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့လည္း ရာကီတစ္ကေတာ့ “အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ား လြန္ခဲ့တဲ့လအနည္းငယ္က ျဖစ္ပ်က္ခဲ့ပါတယ္။တစ္ခါတစ္ေလမွာ တခ်ိဳ႕အရာေတြကနားလည္ရခက္ေပမယ့္လက္ခံရပါမယ္။ ဒီမွာကစားေနသေ႐ြ႕ ကြၽန္ေတာ္အရာအားလုံးေပးဆပ္သြားမွာပါ။ ကြၽန္ေတာ္အၿမဲေျပာသလိုပဲ ဘာစီလိုနာထက္ပိုေကာင္းတဲ့ေနရာမရွိပါဘူး။ ဘာစီလိုနာက ကြၽန္ေတာ့္အတြက္ၿပီးအျပည့္စုံဆုံးေနရာပါပဲ။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ စိတ္ခ်မ္းခ်မ္းသာသာေနခ်င္ၿပီး အသင္းတိုးတက္ေအာင္ကူညီေပးခ်င္ပါတယ္။မိနစ္တိုင္းအက်ိဳးရွိေအာင္ကစားခ်င္ၿပီးနည္းျပနဲ႔ အသင္းေဖာ္ေတြရဲ႕ယုံၾကည္မႈကိုအရယူမွာပါ”လို႔ သူ႔ရဲ႕ဆႏၵကိုထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ အသက္(၃၁)ႏွစ္အ႐ြယ္ရာကီတစ္ကို အသက္အ႐ြယ္‌ေၾကာင့္ျပန္လည္ေရာင္းထုတ္လိုေနၿပီး ပြဲထြက္ကစားခြင့္အနည္းငယ္သာေပးေနေပမယ့္ ရာကီတစ္ကေတာ့ ဘာစီလိုနာမွာပဲဆက္ေနခ်င္တယ္လို႔ ေျပာေနတာျဖစ္ပါတယ္။