ဘာစီလိုနာတိုက္စစ္မႉး ဆြာရက္ဇ္ ၄ လၾကာအနားယူရေတာ့မယ္

ဘာစီလိုနာတိုက္စစ္မႉး ဆြာရက္ဇ္ဟာ ဒူးဒဏ္ရာ ခြဲစိတ္ကုသခဲ့ၿပီးေနာက္ ၄ လၾကာ အနားယူရေတာ့မယ္လို႔ သိရပါတယ္။ ဒါဟာ ဘာစီလိုနာအသင္းနဲ႔ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ နည္းျပ ဗယ္ဗာဒီအတြက္ ပိုဆိုးေစတဲ့ ထိုးႏွက္ခ်က္တစ္ရပ္လည္းျဖစ္ခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ဒီရာသီမွာ ဒူးဒဏ္ရာနာက်င္ေနတဲ့ၾကားက ေဘာလုံး ကစားေနခဲ့တာျဖစ္ၿပီး အစပိုင္းက ၆ ပတ္ေလာက္သာ အနားယူရႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ေပမဲ့ ခြဲစိတ္ကုသမႈ ခံယူ ၿပီးေနာက္မွာေတာ့ ရာသီကုန္အထိ အနားယူဖြယ္ရွိခဲ့တာပါ။

ဘာစီလိုနာအသင္းဟာ ဆြာရက္ဇ္အေနနဲ႔ ၄ လၾကာ အနားယူရႏိုင္တဲ့အေၾကာင္းကို အသင္းပိုင္ဝက္ဘ္ဆိုက္က ေနတစ္ဆင့္ အတည္ျပဳေၾကညာေပးခဲ့ၿပီး ဒီသတင္းဟာ လာလီဂါခ်န္ပီယံဆုနဲ႔ ခ်န္ပီယံလိဂ္ဖလား ျပန္ရယူႏိုင္ဖို႔ ရည္႐ြယ္ေနတဲ့ ဘာစီလိုနာအသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ပါပဲ။ ဒီဥ႐ုေဂြးသားဟာ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီကုန္မွာလည္း အဲဒီဒူးေနရာမွာပဲ ခြဲစိတ္မႈ ခံယူထားရၿပီး ပြဲေတြလြဲေခ်ာ္ခဲ့ရဖူးသူပါ။

ဒီရာသီမွာ သူ ျပန္ကစားလာႏိုင္ခဲ့ေပမဲ့ ဒူးဒဏ္ရာက အရွင္းမေပ်ာက္ကင္းဘဲ နာက်င္မႈကို ခံစားေနခဲ့ရတာျဖစ္ပါ တယ္။ ဆြာရက္ဇ္ဟာ ေဆာ္ဒီအာေရဗ်မွာ ကစားခဲ့တဲ့ အက္သလက္တီကိုနဲ႔ စပိန္စူပါဖလားပြဲမွာ အခ်ိန္ျပည့္ပါဝင္ ကစားခဲ့ၿပီး ၃-၂ ဂိုးနဲ႔ ရႈံးပြဲႀကဳံခဲ့ရပါတယ္။

အဲဒီပြဲၿပီးေနာက္မွာေတာ့ ကစားသမားေရာ အသင္း ကပါ ဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ဒဏ္ရာနာက်င္မႈနဲ႔ ကစားေန ခဲ့ရေပမဲ့ ဒီရာသီ ၿပိဳင္ပြဲစုံ ၂၃ ပြဲကစားၿပီး ၁၄ ဂိုးအထိ သြင္းေပးထားႏိုင္ပါတယ္။

Unicode

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ပြီးနောက် ၄ လကြာ အနားယူရတော့မယ်လို့ သိရပါတယ်။ ဒါဟာ ဘာစီလိုနာအသင်းနဲ့ အနာဂတ်မသေမချာဖြစ်နေတဲ့ နည်းပြ ဗယ်ဗာဒီအတွက် ပိုဆိုးစေတဲ့ ထိုးနှက်ချက်တစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီမှာ ဒူးဒဏ်ရာနာကျင်နေတဲ့ကြားက ဘောလုံး ကစားနေခဲ့တာဖြစ်ပြီး အစပိုင်းက ၆ ပတ်လောက်သာ အနားယူရနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ခွဲစိတ်ကုသမှု ခံယူ ပြီးနောက်မှာတော့ ရာသီကုန်အထိ အနားယူဖွယ်ရှိခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်အနေနဲ့ ၄ လကြာ အနားယူရနိုင်တဲ့အကြောင်းကို အသင်းပိုင်ဝက်ဘ်ဆိုက်က နေတစ်ဆင့် အတည်ပြုကြေညာပေးခဲ့ပြီး ဒီသတင်းဟာ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလား ပြန်ရယူနိုင်ဖို့ ရည်ရွယ်နေတဲ့ ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဒီဥရုဂွေးသားဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီကုန်မှာလည်း အဲဒီဒူးနေရာမှာပဲ ခွဲစိတ်မှု ခံယူထားရပြီး ပွဲတွေလွဲချော်ခဲ့ရဖူးသူပါ။

ဒီရာသီမှာ သူ ပြန်ကစားလာနိုင်ခဲ့ပေမဲ့ ဒူးဒဏ်ရာက အရှင်းမပျောက်ကင်းဘဲ နာကျင်မှုကို ခံစားနေခဲ့ရတာဖြစ်ပါ တယ်။ ဆွာရက်ဇ်ဟာ ဆော်ဒီအာရေဗျမှာ ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ စပိန်စူပါဖလားပွဲမှာ အချိန်ပြည့်ပါဝင် ကစားခဲ့ပြီး ၃-၂ ဂိုးနဲ့ ရှုံးပွဲကြုံခဲ့ရပါတယ်။

အဲဒီပွဲပြီးနောက်မှာတော့ ကစားသမားရော အသင်း ကပါ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဒဏ်ရာနာကျင်မှုနဲ့ ကစားနေ ခဲ့ရပေမဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲကစားပြီး ၁၄ ဂိုးအထိ သွင်းပေးထားနိုင်ပါတယ်။