ဘာစီလိုနာမှ ဗယ်ဗာဒီ ထုတ်ပယ်ခံရ ဘက်တစ်နည်းပြဟောင်း ကီကေဆက်တီယန်ကို အစားထိုးခန့်အပ်

ဘာစီလိုနာအသင်းဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမဲ့ သူတို့ရဲ့နည်းပြ ဗယ်ဗာဒီကို ရာထူးက ထုတ်ပယ်လိုက်ပြီး ဘက်တစ်နည်းပြဟောင်း ကီကေဆက်တီယန်နဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒါဟာ ဘာစီလိုနာအနေနဲ့ ရာသီဝက်ကာလမှာ နည်းပြတစ်ဦးကို ထုတ်ပယ်တာ ၁၇ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

အခု ဘာစီလိုနာအသင်းက အစားထိုးခန့်အပ်လိုက်တဲ့ အသက် ၆၁ နှစ်အရွယ် ဆက်တီယန်ဟာ ဒီဇင်ဘာလ အစပိုင်းတုန်းက ဝက်ဖို့ဒ်အသင်းရဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရသူပါ။ ဘာစီလိုနာအသင်းက အသင်းအပေါ် ကူညီပေးခဲ့တဲ့ ဗယ်ဗာဒီရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ လာလီဂါ ဖလား ၂ ကြိမ်ရယူပေးနိုင်ခဲ့တဲ့ ဗယ်ဗာဒီအတွက်တော့ နှိမ်ချဆက်ဆံခံရတယ်လို့ ခံစားရစေတယ်လို့ မီဒီယာ တွေက ဖော်ပြပါတယ်။

ဘာစီလိုနာအသင်းဟာ တွစ်တာဝက်ဘ်ဆိုက်ကနေ “ဘာစီလိုနာအသင်းနဲ့ နည်းပြဗယ်ဗာဒီအကြား စာချုပ်သက်တမ်းကို အဆုံးသတ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ဗယ်ဗာဒီလုပ်ပေးခဲ့တာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကံကောင်းပါစေ”လို့ ရေးသားထုတ်ပြန်ခဲ့ပါတယ်။ ဗယ်ဗာဒီဟာ အက်သ လက်တီကိုအသင်းကို ရှုံးခဲ့တဲ့ စပိန်စူပါဖလား ဆီမီးပွဲမှာလည်း ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုကို ခံခဲ့ရသူပါ။

ဘာစီလိုနာဟာ ဗယ်ဗာဒီ ထုတ်ပယ်ခံရမယ်လို့ သတင်းပြေးနေတုန်းက ဂန္ထဝင်ကစားသမားဟောင်း ဇာဗီးကို နည်းပြအဖြစ်ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့သေးပေမဲ့ ကာယကံရှင်က ငြင်းဆန်ခဲ့လို့ ဆက်တီယန်ကို ငှားရမ်း လိုက်တာလည်းဖြစ်ပါတယ်။ နည်းပြဟောင်း ဗယ်ဗာဒီဟာ ဘာစီလိုနာကို ကိုင်တွယ်ခဲ့တဲ့ ၂ နှစ်အတွင်း လာလီဂါဆုဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ ကြိမ်နဲ့ စူပါဖလား ၁ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

(ZawGyi)

ဘာစီလိုနာအသင္းဟာ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနေပမဲ့ သူတို႔ရဲ႕နည္းျပ ဗယ္ဗာဒီကို ရာထူးက ထုတ္ပယ္လိုက္ၿပီး ဘက္တစ္နည္းျပေဟာင္း ကီေကဆက္တီယန္နဲ႔ အစားထိုးခန႔္အပ္လိုက္ပါတယ္။ ဒါဟာ ဘာစီလိုနာအေနနဲ႔ ရာသီဝက္ကာလမွာ နည္းျပတစ္ဦးကို ထုတ္ပယ္တာ ၁၇ ႏွစ္အတြင္း ပထမဆုံး အႀကိမ္ျဖစ္တယ္လို႔လည္း သိရပါတယ္။

အခု ဘာစီလိုနာအသင္းက အစားထိုးခန႔္အပ္လိုက္တဲ့ အသက္ ၆၁ ႏွစ္အ႐ြယ္ ဆက္တီယန္ဟာ ဒီဇင္ဘာလ အစပိုင္းတုန္းက ဝက္ဖို႔ဒ္အသင္းရဲ႕ ပစ္မွတ္ထားမႈကို ခံခဲ့ရသူပါ။ ဘာစီလိုနာအသင္းက အသင္းအေပၚ ကူညီေပးခဲ့တဲ့ ဗယ္ဗာဒီရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈအတြက္ ေက်းဇူးတင္ေၾကာင္း ထုတ္ျပန္ခဲ့ေပမဲ့ လာလီဂါ ဖလား ၂ ႀကိမ္ရယူေပးႏိုင္ခဲ့တဲ့ ဗယ္ဗာဒီအတြက္ေတာ့ ႏွိမ္ခ်ဆက္ဆံခံရတယ္လို႔ ခံစားရေစတယ္လို႔ မီဒီယာ ေတြက ေဖာ္ျပပါတယ္။

ဘာစီလိုနာအသင္းဟာ တြစ္တာဝက္ဘ္ဆိုက္ကေန “ဘာစီလိုနာအသင္းနဲ႔ နည္းျပဗယ္ဗာဒီအၾကား စာခ်ဳပ္သက္တမ္းကို အဆုံးသတ္ဖို႔ သေဘာတူညီမႈရခဲ့ပါတယ္။ ဗယ္ဗာဒီလုပ္ေပးခဲ့တာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္။ အနာဂတ္မွာ ကံေကာင္းပါေစ”လို႔ ေရးသားထုတ္ျပန္ခဲ့ပါတယ္။ ဗယ္ဗာဒီဟာ အက္သ လက္တီကိုအသင္းကို ရႈံးခဲ့တဲ့ စပိန္စူပါဖလား ဆီမီးပြဲမွာလည္း ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္မႈကို ခံခဲ့ရသူပါ။

ဘာစီလိုနာဟာ ဗယ္ဗာဒီ ထုတ္ပယ္ခံရမယ္လို႔ သတင္းေျပးေနတုန္းက ဂႏၳဝင္ကစားသမားေဟာင္း ဇာဗီးကို နည္းျပအျဖစ္ခန႔္အပ္ဖို႔ ခ်ဥ္းကပ္ခဲ့ေသးေပမဲ့ ကာယကံရွင္က ျငင္းဆန္ခဲ့လို႔ ဆက္တီယန္ကို ငွားရမ္း လိုက္တာလည္းျဖစ္ပါတယ္။ နည္းျပေဟာင္း ဗယ္ဗာဒီဟာ ဘာစီလိုနာကို ကိုင္တြယ္ခဲ့တဲ့ ၂ ႏွစ္အတြင္း လာလီဂါဆုဖလား ၂ ႀကိမ္၊ စပိန္ဘုရင့္ဖလား ၁ ႀကိမ္နဲ႔ စူပါဖလား ၁ ႀကိမ္ ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။