ပြဲ ၂၀၀ ျပည့္တဲ့ စတုတၳေျမာက္အသက္အငယ္ဆုံးမန္ယူကစားသမား ရပ္ရွ္ဖို႔ဒ္ျဖစ္လာ

မန္ယူလူငယ္တိုက္စစ္မႉး ရပ္ရွ္ဖို႔ဒ္ဟာ ေနာဝွစ္ခ်္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ပါဝင္ကစားခဲ့ၿပီးေနာက္ ပြဲ ၂၀၀ ျပည့္ေျမာက္တဲ့ စတုတၳေျမာက္အသက္အငယ္ဆုံး မန္ယူကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့တယ္လို႔ သိရပါတယ္။ ရပ္ရွ္ဖို႔ဒ္ေရွ႕မွာ အဲဒီမိုင္တိုင္ကို ေရာက္ခဲ့ဖူးတဲ့ ကစားသမားေတြကေတာ့ ေနာ္မန္ဝႈိက္ဆိုက္၊ ေဂ်ာ့ဘက္နဲ႔ ႐ိုင္ယန္ဂစ္တို႔ျဖစ္ၿပီး ရပ္ရွ္ဖို႔ဒ္ကေတာ့ ဒီစံခ်ိန္ကို အသက္ ၂၂ ႏွစ္နဲ႔ ၂ လအ႐ြယ္မွာ ရယူႏိုင္ခဲ့ တာျဖစ္ပါတယ္။

ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ဟာ ေနာဝွစ္ခ်္နဲ႔ပြဲမွာ ၂ ဂိုး သြင္းယူႏိုင္ၿပီးတဲ့ေနာက္ မန္ယူကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုးေပါင္း ၆၄ ဂိုးအထိ ရွိလာခဲ့ၿပီး ဒီရာသီၿပိဳင္ပြဲစုံမွာေတာ့ ၁၉ ဂိုး သြင္းထားပါတယ္။ သူ႔ထက္သြင္းဂိုးမ်ားတဲ့ သူဆိုလို႔ မန္စီးတီးေတာင္ပံတိုက္စစ္မႉး စတာလင္းပဲ ရွိတာပါ။ ရပ္ရွ္ဖို႔ဒ္ဟာ ေနာဝွစ္ခ်္ကို အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ေျခစြမ္းျပထားႏိုင္ခဲ့ၿပီး အလိမ္အေခါက္၊ အေက်ာ္အျဖတ္ေတြနဲ႔ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အဲဒီပြဲမွာ အခ်ိန္တစ္နာရီနီးပါးသာ ကစားခြင့္ရခဲ့ၿပီး ဒုတိယပိုင္း ၅၉ မိနစ္မွာ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ လူစားလဲခံခဲ့ရပါတယ္။ မန္ယူအသင္းအတြက္ တတိယဂိုးကိုေတာ့ မာတာ ဖန္တီးေပးတာက ေန မာရွယ္က သြင္းယူေပးခဲ့သလို ၇၆ မိနစ္မွာလည္း လူငယ္တိုက္စစ္မႉးပဲျဖစ္တဲ့ ဂရင္းဝုဒ္ကလည္း ေနာက္တစ္ဂိုးသြင္းေပးခဲ့လို႔ အႏိုင္ျပတ္သားခဲ့ရတာပါ။

ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ဟာ ေဒးဗစ္ဒီဂီယာ၊ မက္ဂြိဳင္းရားတို႔နဲ႔ အတူ ဒီရာသီ လိဂ္ ၂၂ ပြဲလုံးမွာ ပါဝင္ကစားခြင့္ရထားသူလည္းျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူနည္းျပ ဆိုးလ္ရွားက ဗုဒၵဟူးေန႔ကစားရမယ့္ ဝုဗ္နဲ႔ အက္ဖ္ေအဖလားျပန္ကန္ပြဲမွာေတာ့ ရပ္ရွ္ဖို႔ဒ္ကို အနားေပးဖြယ္ရွိတယ္လို႔ ေျပာ ၾကားထားပါတယ္။

Unicode

မန်ယူလူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ နောဝှစ်ချ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ပွဲ ၂၀၀ ပြည့်မြောက်တဲ့ စတုတ္ထမြောက်အသက်အငယ်ဆုံး မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ရပ်ရှ်ဖို့ဒ်ရှေ့မှာ အဲဒီမိုင်တိုင်ကို ရောက်ခဲ့ဖူးတဲ့ ကစားသမားတွေကတော့ နော်မန်ဝှိုက်ဆိုက်၊ ဂျော့ဘက်နဲ့ ရိုင်ယန်ဂစ်တို့ဖြစ်ပြီး ရပ်ရှ်ဖို့ဒ်ကတော့ ဒီစံချိန်ကို အသက် ၂၂ နှစ်နဲ့ ၂ လအရွယ်မှာ ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ဟာ နောဝှစ်ချ်နဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ပြီးတဲ့နောက် မန်ယူကစားသမားဘဝတစ်လျှောက် သွင်းဂိုးပေါင်း ၆၄ ဂိုးအထိ ရှိလာခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံမှာတော့ ၁၉ ဂိုး သွင်းထားပါတယ်။ သူ့ထက်သွင်းဂိုးများတဲ့ သူဆိုလို့ မန်စီးတီးတောင်ပံတိုက်စစ်မှူး စတာလင်းပဲ ရှိတာပါ။ ရပ်ရှ်ဖို့ဒ်ဟာ နောဝှစ်ချ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြထားနိုင်ခဲ့ပြီး အလိမ်အခေါက်၊ အကျော်အဖြတ်တွေနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ဟာ အဲဒီပွဲမှာ အချိန်တစ်နာရီနီးပါးသာ ကစားခွင့်ရခဲ့ပြီး ဒုတိယပိုင်း ၅၉ မိနစ်မှာ ဒန်နီရယ်ဂျိမ်းစ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ မန်ယူအသင်းအတွက် တတိယဂိုးကိုတော့ မာတာ ဖန်တီးပေးတာက နေ မာရှယ်က သွင်းယူပေးခဲ့သလို ၇၆ မိနစ်မှာလည်း လူငယ်တိုက်စစ်မှူးပဲဖြစ်တဲ့ ဂရင်းဝုဒ်ကလည်း နောက်တစ်ဂိုးသွင်းပေးခဲ့လို့ အနိုင်ပြတ်သားခဲ့ရတာပါ။

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ဟာ ဒေးဗစ်ဒီဂီယာ၊ မက်ဂွိုင်းရားတို့နဲ့ အတူ ဒီရာသီ လိဂ် ၂၂ ပွဲလုံးမှာ ပါဝင်ကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနည်းပြ ဆိုးလ်ရှားက ဗုဒ္ဒဟူးနေ့ကစားရမယ့် ဝုဗ်နဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲမှာတော့ ရပ်ရှ်ဖို့ဒ်ကို အနားပေးဖွယ်ရှိတယ်လို့ ပြော ကြားထားပါတယ်။