အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ အာဖရိကသူေဌး စီမံကိန္းဆြဲ

အာဖရိက သန္းႂကြယ္သူေဌးတစ္ဦးျဖစ္တဲ့ အလီကိုဒန္ဂိုတီက သူ႔အေနနဲ႔ ၂၀၂၁ ခုႏွစ္အတြင္းမွာ အာဆင္နယ္ အသင္းကို ဝယ္ယူဖို႔ အစီအစဥ္ရွိတယ္လို႔ ထုတ္ေျပာလိုက္ၿပီး လက္ရွိအသင္းပိုင္ရွင္ ခ႐ိုယန္ကီကို အသင္းကေန ဖယ္ရွားပစ္ဖို႔လည္း ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။ ဒီႏိုင္ဂ်ီးရီးယားသား သူေဌးဟာ ေပါင္ ၈ ဒသမ ၅ ဘီလ်ံအထိ ႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီး အာဖရိကရဲ႕ အႀကီးမားဆုံး ဘိလပ္ေျမစက္႐ုံလုပ္ငန္းကို ပိုင္ဆိုင္ထားသူပါ။

ဒါ့အျပင္ အသက္ ၆၂ ႏွစ္အ႐ြယ္ ဒန္ဂိုတီဟာ ဆား၊ သၾကားနဲ႔ ဂ်ဳံမႈန႔္ ကုမၸဏီေတြမွာ ရွယ္ယာဝင္ထားသူတစ္ဦး လည္းျဖစ္ပါတယ္။ ဒီအာဖရိကသူေဌးဟာ အာဆင္နယ္အသင္းပရိသတ္တစ္ဦးျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ ဝယ္ယူဖို႔ စီစဥ္ထားေပမဲ့ လက္ရွိမွာ ေရနံခ်က္စက္႐ုံတည္ေဆာက္မႈလုပ္ငန္းေတြ မၿပီးစီးေသးတာေၾကာင့္ ၂၀၂၁ ခုႏွစ္မွ ဝယ္ယူဖို႔ ေျပာင္းလဲသတ္မွတ္ခဲ့တာပါ။ အာဆင္နယ္ဟာ လက္ရွိပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေတာင္ မလြယ္တဲ့အေနအထားျဖစ္ေနၿပီး အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ လက္ရွိအသင္းပိုင္ရွင္ ခ႐ိုယန္ကီအေပၚ ကန႔္ကြက္ဆႏၵျပမႈေတြ ရွိခဲ့ၿပီး အသင္းပိုင္ရွင္ အေျပာင္းအလဲျဖစ္ဖို႔ကိုလည္း ေမွ်ာ္လင့္ေနၾကလို႔ ဒန္ဂိုတီဟာ သူတို႔အတြက္ ေမွ်ာ္လင့္ ခ်က္အလင္းေရာင္ျဖစ္ေနတယ္လို႔ ဆိုရမွာပါ။ ဒန္ဂိုတီက “အဲဒီအသင္းကို ကြၽန္ေတာ္ တစ္ေန႔ေန႔မွာ ဝယ္ယူခ်င္ တာ အမွန္ပါပဲ။

ဒါေပမဲ့ အခု ကြၽန္ေတာ္က ေဒၚလာ ၂၀ ဘီလ်ံတန္ စီမံကိန္းတစ္ခုလုပ္ေနၿပီး အဲဒီအေပၚမွာပဲ အာ႐ုံအျပည့္အဝစိုက္ထားခ်င္ပါတယ္။ အေဆာက္အဦေတြ အၿပီးသတ္ဖို႔ ကြၽန္ေတာ္ ႀကိဳးစားေနၿပီး အားလုံး ၿပီးျပတ္သြားရင္ေတာ့ ၂၀၂၁ ခုႏွစ္ေလာက္မွာ ကြၽန္ေတာ္ ဝယ္ျဖစ္ခ်င္ဝယ္ျဖစ္မွာပါ။ အခုေတာ့ ဝယ္ျဖစ္မွာ မဟုတ္ေသးပါဘူး”လို႔ အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟသြားခဲ့ပါတယ္။

Unicode

အာဖရိက သန်းကြွယ်သူဌေးတစ်ဦးဖြစ်တဲ့ အလီကိုဒန်ဂိုတီက သူ့အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ အာဆင်နယ် အသင်းကို ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ပြောလိုက်ပြီး လက်ရှိအသင်းပိုင်ရှင် ခရိုယန်ကီကို အသင်းကနေ ဖယ်ရှားပစ်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒီနိုင်ဂျီးရီးယားသား သူဌေးဟာ ပေါင် ၈ ဒသမ ၅ ဘီလျံအထိ ကြွယ်ဝချမ်းသာသူဖြစ်ပြီး အာဖရိကရဲ့ အကြီးမားဆုံး ဘိလပ်မြေစက်ရုံလုပ်ငန်းကို ပိုင်ဆိုင်ထားသူပါ။

ဒါ့အပြင် အသက် ၆၂ နှစ်အရွယ် ဒန်ဂိုတီဟာ ဆား၊ သကြားနဲ့ ဂျုံမှုန့် ကုမ္ပဏီတွေမှာ ရှယ်ယာဝင်ထားသူတစ်ဦး လည်းဖြစ်ပါတယ်။ ဒီအာဖရိကသူဌေးဟာ အာဆင်နယ်အသင်းပရိသတ်တစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဝယ်ယူဖို့ စီစဉ်ထားပေမဲ့ လက်ရှိမှာ ရေနံချက်စက်ရုံတည်ဆောက်မှုလုပ်ငန်းတွေ မပြီးစီးသေးတာကြောင့် ၂၀၂၁ ခုနှစ်မှ ဝယ်ယူဖို့ ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တောင် မလွယ်တဲ့အနေအထားဖြစ်နေပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ လက်ရှိအသင်းပိုင်ရှင် ခရိုယန်ကီအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပြီး အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ဖို့ကိုလည်း မျှော်လင့်နေကြလို့ ဒန်ဂိုတီဟာ သူတို့အတွက် မျှော်လင့် ချက်အလင်းရောင်ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ဒန်ဂိုတီက “အဲဒီအသင်းကို ကျွန်တော် တစ်နေ့နေ့မှာ ဝယ်ယူချင် တာ အမှန်ပါပဲ။

ဒါပေမဲ့ အခု ကျွန်တော်က ဒေါ်လာ ၂၀ ဘီလျံတန် စီမံကိန်းတစ်ခုလုပ်နေပြီး အဲဒီအပေါ်မှာပဲ အာရုံအပြည့်အဝစိုက်ထားချင်ပါတယ်။ အဆောက်အဦတွေ အပြီးသတ်ဖို့ ကျွန်တော် ကြိုးစားနေပြီး အားလုံး ပြီးပြတ်သွားရင်တော့ ၂၀၂၁ ခုနှစ်လောက်မှာ ကျွန်တော် ဝယ်ဖြစ်ချင်ဝယ်ဖြစ်မှာပါ။ အခုတော့ ဝယ်ဖြစ်မှာ မဟုတ်သေးပါဘူး”လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟသွားခဲ့ပါတယ်။