ေရာ္နယ္ဒိုထက္ ထရာအိုေရးကို ပိုေၾကာက္တဲ့ ဂ်က္ထ႐ိုဝီလ်ံ

နယူးကာဆယ္ေနာက္ခံလူ ဂ်က္ထ႐ိုဝီလ်ံက ဝုဗ္တိုက္စစ္မႉး အဒါမာထရာအိုေရးဟာ ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုထက္ တားဆီးရပိုခက္တဲ့ ကစားသမားျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဝီလ်ံဟာ ဝုဗ္အသင္းနဲ႔ သေရက်ခဲ့တဲ့ ၿပီးခဲ့တဲ့ စေနေန႔ပြဲစဥ္မွာ ထရာအိုေရးကို သူ႔လမ္းေၾကာင္းဘက္မွာ ခက္ခက္ခဲခဲ တားဆီးပိတ္ပင္ ကစားခဲ့ရတာပါ။

ဒါေၾကာင့္ ဝီလ်ံက ထရာအိုေရးဟာ တားဆီးရပိုခက္တဲ့ တိုက္စစ္မႉးျဖစ္တယ္လို႔ ပြဲအၿပီးမွာ ထုတ္ေျပာလိုက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဝီလ်ံက ထရာအိုေရးကို သားရဲေကာင္တစ္ေကာင္အျဖစ္နဲ႔လည္း ခိုင္းႏႈိင္းေျပာၾကားခဲ့ေသး ၿပီး သူ႔ရဲ႕လ်င္ျမန္မႈကို လိုက္မမီျဖစ္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဝီလ်ံဟာ ယူ႐ို-၂၀၁၂ တုန္းက နယ္သာလန္နဲ႔ ေပၚတူဂီ ေတြ႕ဆုံစဥ္ ေရာ္နယ္ဒိုနဲ႔လည္း ရင္ဆိုင္ကစားခဲ့ဖူးပါတယ္။

ဝီလ်ံက “ကြၽန္ေတာ့္ ကစားသမားဘဝမွာ ေတာ္ေတာ္ေကာင္းတဲ့ သူေတြနဲ႔ ရင္ဆိုင္ကစားခဲ့ရဖူးပါတယ္။ ဒါေပမဲ့ ဘယ္သူမွ ထရာအိုေရးေလာက္ ျမန္တာမေတြ႕ဖူးဘူး။ သူက မယုံႏိုင္စရာေကာင္းၿပီး သားရဲတိရိစာၦန္တစ္ ေကာင္လိုပါပဲ။ သူက လ်င္ျမန္တာ တစ္ခုတည္းမဟုတ္ဘဲ ေတာင့္တင္းသန္မာမႈလည္း အရမ္းရွိတယ္။

သူက ေဘာလုံးေလာကမွာ အလ်င္ျမန္ဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး အခု အဲဒီအမွန္တရားကို ကြၽန္ေတာ္ သိသြားၿပီ။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္လည္း အျမန္ဆုံးလို႔ထင္ခဲ့တယ္။ သူနဲ႔မေတြ႕ခင္ကေပါ့ဗ်ာ။ ကြၽန္ေတာ္ ေရာ္နယ္ဒိုနဲ႔လည္း ရင္ဆိုင္ခဲ့ဖူးတယ္။ သူလည္း ျမန္ပါတယ္။ ဒါေပမဲ့ အျမန္ဆုံးေတာ့ မဟုတ္ဘူး။ သူက ေဘာလုံးစေကးေကာင္းေပမဲ့ တစ္ခါတေလမွာ သူမ်ားထက္ တားဆီးရတာ ပိုလြယ္ကူပါတယ္”လို႔ ထုတ္ေျပာ သြားခဲ့တာပါ။

Unicode

နယူးကာဆယ်နောက်ခံလူ ဂျက်ထရိုဝီလျံက ဝုဗ်တိုက်စစ်မှူး အဒါမာထရာအိုရေးဟာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုထက် တားဆီးရပိုခက်တဲ့ ကစားသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဝီလျံဟာ ဝုဗ်အသင်းနဲ့ သရေကျခဲ့တဲ့ ပြီးခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ထရာအိုရေးကို သူ့လမ်းကြောင်းဘက်မှာ ခက်ခက်ခဲခဲ တားဆီးပိတ်ပင် ကစားခဲ့ရတာပါ။

ဒါကြောင့် ဝီလျံက ထရာအိုရေးဟာ တားဆီးရပိုခက်တဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ ပွဲအပြီးမှာ ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝီလျံက ထရာအိုရေးကို သားရဲကောင်တစ်ကောင်အဖြစ်နဲ့လည်း ခိုင်းနှိုင်းပြောကြားခဲ့သေး ပြီး သူ့ရဲ့လျင်မြန်မှုကို လိုက်မမီဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဝီလျံဟာ ယူရို-၂၀၁၂ တုန်းက နယ်သာလန်နဲ့ ပေါ်တူဂီ တွေ့ဆုံစဉ် ရော်နယ်ဒိုနဲ့လည်း ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။

ဝီလျံက “ကျွန်တော့် ကစားသမားဘဝမှာ တော်တော်ကောင်းတဲ့ သူတွေနဲ့ ရင်ဆိုင်ကစားခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ထရာအိုရေးလောက် မြန်တာမတွေ့ဖူးဘူး။ သူက မယုံနိုင်စရာကောင်းပြီး သားရဲတိရိစ္ဆာန်တစ် ကောင်လိုပါပဲ။ သူက လျင်မြန်တာ တစ်ခုတည်းမဟုတ်ဘဲ တောင့်တင်းသန်မာမှုလည်း အရမ်းရှိတယ်။

သူက ဘောလုံးလောကမှာ အလျင်မြန်ဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး အခု အဲဒီအမှန်တရားကို ကျွန်တော် သိသွားပြီ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အမြန်ဆုံးလို့ထင်ခဲ့တယ်။ သူနဲ့မတွေ့ခင်ကပေါ့ဗျာ။ ကျွန်တော် ရော်နယ်ဒိုနဲ့လည်း ရင်ဆိုင်ခဲ့ဖူးတယ်။ သူလည်း မြန်ပါတယ်။ ဒါပေမဲ့ အမြန်ဆုံးတော့ မဟုတ်ဘူး။ သူက ဘောလုံးစကေးကောင်းပေမဲ့ တစ်ခါတလေမှာ သူများထက် တားဆီးရတာ ပိုလွယ်ကူပါတယ်”လို့ ထုတ်ပြော သွားခဲ့တာပါ။