ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့တဲ့ ေနာက္ခံလူမာကြင္ဟိုစ့္

ပီအက္စ္ဂ်ီအသင္းက ဘရာဖီးလ္ေနာက္ခံလူမာကြင္ဟို႔စ္ဟာ အသင္းနဲ႔(၂၀၂၄)ထိဆက္ရွိေနမယ့္ စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ မာကြင္ဟို႔စ္ဟာ စာခ်ဳပ္သက္တမ္းျပည့္ဖို႔ႏွစ္ႏွစ္ခြဲထိလိုေသးေပမယ့္ သက္တမ္းတိုးဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ေလးႏွစ္ခြဲထိ ပဲရစ္ကလပ္မွာပဲဆက္ရွိေနေတာ့မွာပဲျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ သီယာဂိုေဆးဗားလ္ၿပီးေနာက္ ဒုတိယအသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ မာကြင္ဟို႔စ္က “ စာခ်ဳပ္သက္တမ္းတိုးခဲ့တာေၾကာင့္ ပဲရစ္နဲ႔ ပီအက္စ္ဂ်ီကလပ္မွာ ကြၽန္ေတာ္ဆက္ေနရေတာ့မွာျဖစ္ပါတယ္။ ဒီအသင္းကရည္မွန္းခ်က္ႀကီးတဲ့အသင္းပါ။ ကလပ္သမိုင္းအတြက္ ႀကီးက်ယ္ခမ္းနားတဲ့အရာေတြျပဳလုပ္ေနတာပါ။ ၿပီးေတာ့မိသားစုဘက္ကပဲၾကည့္ၾကည့္ ၿမိဳ႕ကိုပဲၾကည့္ၾကည့္ ဒီေနရာဟာ ကြၽန္ေတာ္တို႔မိသားစုအတြက္ အရမ္းအရမ္းေကာင္းပါတယ္။ ဒီမွာလိုခ်င္တာမွန္သမွ်ရႏိုင္ၿပီး ကြၽန္ေတာ့္အိမ္လို႔ခံစားရပါတယ္။

ဒါေၾကာင့္ ဆုံးျဖတ္ခ်က္ျမန္ျမန္ခ်ဖို႔ ဘာေၾကာင့္မျဖစ္ႏိုင္ရမွာလဲ။ ဒီရာသီဟာ ကြၽန္ေတာ့္အတြက္ခုႏွစ္ရာသီေျမာက္ျဖစ္ၿပီး ေျခာက္ႏွစ္နဲ႔ရာသီဝက္မွာစာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ခဲ့ပါၿပီ။ လွပတဲ့ပုံျပင္တစ္ခုကိုအတူတကြရွင္သန္ေအာင္ ကြၽန္ေတာ္တို႔ဆက္ေန႐ုံပါပဲ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

မာကြင္ဟိုစ့္ဟာ ဘရာဇီးလ္အသင္းေဖာ္သီယာဂိုေဆးဗားလ္နဲ႔အတြဲညီညီေျခစြမ္းျပႏိုင္သူျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းကို (၂၀၁၃)ဇူလိုင္လတည္းက ႐ိုးမားအသင္းကေနေျပာင္းေ႐ြ႕လာသူျဖစ္ပါတယ္။ မာကြင္ဟိုစ့္ဟာ အသင္းအတြက္ (၂၇၀)ပြဲကစား(၂၀)ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ(၇)ႀကိမ္ျပဳလုပ္ထားသူျဖစ္ပါတယ္။

Unicode

ပီအက်စ်ဂျီအသင်းက ဘရာဖီးလ်နောက်ခံလူမာကွင်ဟို့စ်ဟာ အသင်းနဲ့(၂၀၂၄)ထိဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။ မာကွင်ဟို့စ်ဟာ စာချုပ်သက်တမ်းပြည့်ဖို့နှစ်နှစ်ခွဲထိလိုသေးပေမယ့် သက်တမ်းတိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နောက်ထပ်လေးနှစ်ခွဲထိ ပဲရစ်ကလပ်မှာပဲဆက်ရှိနေတော့မှာပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ သီယာဂိုဆေးဗားလ်ပြီးနောက် ဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မာကွင်ဟို့စ်က “ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ပဲရစ်နဲ့ ပီအက်စ်ဂျီကလပ်မှာ ကျွန်တော်ဆက်နေရတော့မှာဖြစ်ပါတယ်။ ဒီအသင်းကရည်မှန်းချက်ကြီးတဲ့အသင်းပါ။ ကလပ်သမိုင်းအတွက် ကြီးကျယ်ခမ်းနားတဲ့အရာတွေပြုလုပ်နေတာပါ။ ပြီးတော့မိသားစုဘက်ကပဲကြည့်ကြည့် မြို့ကိုပဲကြည့်ကြည့် ဒီနေရာဟာ ကျွန်တော်တို့မိသားစုအတွက် အရမ်းအရမ်းကောင်းပါတယ်။ ဒီမှာလိုချင်တာမှန်သမျှရနိုင်ပြီး ကျွန်တော့်အိမ်လို့ခံစားရပါတယ်။

ဒါကြောင့် ဆုံးဖြတ်ချက်မြန်မြန်ချဖို့ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ဒီရာသီဟာ ကျွန်တော့်အတွက်ခုနှစ်ရာသီမြောက်ဖြစ်ပြီး ခြောက်နှစ်နဲ့ရာသီဝက်မှာစာချုပ်သစ်ချုပ်နိုင်ခဲ့ပါပြီ။ လှပတဲ့ပုံပြင်တစ်ခုကိုအတူတကွရှင်သန်အောင် ကျွန်တော်တို့ဆက်နေရုံပါပဲ”လို့ပြောကြားသွားခဲ့ပါတယ်။

မာကွင်ဟိုစ့်ဟာ ဘရာဇီးလ်အသင်းဖော်သီယာဂိုဆေးဗားလ်နဲ့အတွဲညီညီခြေစွမ်းပြနိုင်သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို (၂၀၁၃)ဇူလိုင်လတည်းက ရိုးမားအသင်းကနေပြောင်းရွေ့လာသူဖြစ်ပါတယ်။ မာကွင်ဟိုစ့်ဟာ အသင်းအတွက် (၂၇၀)ပွဲကစား(၂၀)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၇)ကြိမ်ပြုလုပ်ထားသူဖြစ်ပါတယ်။