ေဂါ့ဇီရဲ႕ အနာဂတ္နဲ႔ပတ္သတ္ၿပီးေဒါ့မြန္အသင္းဆုံးျဖတ္ခ်က္မခ်ရေသး

ကြင္းလယ္လူေဂါ့ဇီရဲ႕အနာဂတ္နဲ႔ပတ္သတ္ၿပီး ေဒါ့မြန္အသင္းဘက္ကဆုံးျဖတ္ခ်က္မခ်ရေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။ ေဂါ့ဇီဟာေဒါ့မြန္အသင္းနဲ႔မၾကာခင္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းဘက္ကကစာခ်ဳပ္သစ္ထပ္မံမကမ္းလွမ္းရေသးတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေဓါ့မြန္အသင္းအားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာဖ့္ကေတာ့ စာခ်ဳပ္သစ္လုံးဝမခ်ဳပ္ဆိုဘူးလို႔ မေျပာခဲ့ဘဲ ကမ္းလွမ္းမႈလုပ္၊မလုပ္မဆုံးျဖတ္ရေသးဘူးလို႔သာေျပာခဲ့တာပါ။

မိုက္ကယ္ေဇာဖ့္က “ ဒီအေၾကာင္းအရာကိုမဆုံးျဖတ္ရေသးပါဘူး။ သူ႔မွာအခ်ိန္ေတြအမ်ားႀကီးက်န္ေသးၿပီး ကြၽန္ေတာ္တို႔စကားေျပာလို႔ရပါေသးတယ္။ ခရစၥမတ္မတိုင္ခင္က သူ႔အေဖနဲ႔စကားေျပာခဲ့သလို မာဘယ္လာ(စပိန္ေတာင္ပိုင္းၿမိဳ႕)မွာလည္း ေဂါ့ဇီနဲ႔စကားေျပာခဲ့ပါတယ္။

ဒါေၾကာင့္ ေႏြရာသီအစေလာက္မွသာ ကြၽန္ေတာ္တို႔အတူတူေတြ႕ဆုံၿပီးေနာက္ဆုံးဆုံးျဖတ္ခ်က္ကိုခ်ပါမယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။ ေဂါ့ဇီဟာ ဒီရာသီဘြန္ဒစ္လီဂါပြဲစဥ္(၁၁)ပြဲကစားခြင့္ရခဲ့ၿပီး (၃)ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈတစ္ႀကိမ္မွျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

လာမယ့္ေႏြရာသီမွာစာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ေဂါ့ဇီကိုနည္းျပေဟာင္းကေလာပ့္ရဲ႕ လီဗာပူးလ္အသင္းကလည္းစိတ္ဝင္စားေနၿပီး ေဒါ့မြန္အသင္းအေနနဲ႔ ေဂါ့ဇီကိုအလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔မဆုံးရႈံးရဖို႔ဆိုရင္ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုရမွာလည္းျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ လက္ရွိအမွတ္ေပးဇယား အဆင့္ေလးမွာရပ္တည္ေနၿပီး လာမယ့္အပတ္မွာေတာ့ ေအာ့စ္ဘတ္အသင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။

Unicode

ကွင်းလယ်လူဂေါ့ဇီရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး ဒေါ့မွန်အသင်းဘက်ကဆုံးဖြတ်ချက်မချရသေးကြောင်းပြောကြားလိုက်ပါတယ်။ ဂေါ့ဇီဟာဒေါ့မွန်အသင်းနဲ့မကြာခင်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကကစာချုပ်သစ်ထပ်မံမကမ်းလှမ်းရသေးတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဓေါ့မွန်အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇောဖ့်ကတော့ စာချုပ်သစ်လုံးဝမချုပ်ဆိုဘူးလို့ မပြောခဲ့ဘဲ ကမ်းလှမ်းမှုလုပ်၊မလုပ်မဆုံးဖြတ်ရသေးဘူးလို့သာပြောခဲ့တာပါ။

မိုက်ကယ်ဇောဖ့်က “ ဒီအကြောင်းအရာကိုမဆုံးဖြတ်ရသေးပါဘူး။ သူ့မှာအချိန်တွေအများကြီးကျန်သေးပြီး ကျွန်တော်တို့စကားပြောလို့ရပါသေးတယ်။ ခရစ္စမတ်မတိုင်ခင်က သူ့အဖေနဲ့စကားပြောခဲ့သလို မာဘယ်လာ(စပိန်တောင်ပိုင်းမြို့)မှာလည်း ဂေါ့ဇီနဲ့စကားပြောခဲ့ပါတယ်။

ဒါကြောင့် နွေရာသီအစလောက်မှသာ ကျွန်တော်တို့အတူတူတွေ့ဆုံပြီးနောက်ဆုံးဆုံးဖြတ်ချက်ကိုချပါမယ်”လို့ပြောကြားသွားခဲ့ပါတယ်။ ဂေါ့ဇီဟာ ဒီရာသီဘွန်ဒစ်လီဂါပွဲစဉ်(၁၁)ပွဲကစားခွင့်ရခဲ့ပြီး (၃)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်မှပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာစာချုပ်ကုန်ဆုံးတော့မယ့် ဂေါ့ဇီကိုနည်းပြဟောင်းကလောပ့်ရဲ့ လီဗာပူးလ်အသင်းကလည်းစိတ်ဝင်စားနေပြီး ဒေါ့မွန်အသင်းအနေနဲ့ ဂေါ့ဇီကိုအလွတ်ပြောင်းရွေ့ကြေးနဲ့မဆုံးရှုံးရဖို့ဆိုရင် စာချုပ်သစ်ထပ်မံချုပ်ဆိုရမှာလည်းဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ လက်ရှိအမှတ်ပေးဇယား အဆင့်လေးမှာရပ်တည်နေပြီး လာမယ့်အပတ်မှာတော့ အော့စ်ဘတ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။